10 - Worries (2) ( Unicode )

1.1K 74 6
                                    


Khun Krekkalai ရှိရာနေရာကို သူ နောက်တကြိမ်ရောက်လာမိပြန်ပီ။ ဒီတခါတော့ အရင်လို Supplies တွေအတွက် အကူအညီတောင်းဖို့မဟုတ်... စက်ရုံအတွင်းထဲမှာရှိနေတဲ့ အိမ်ကြီးထဲက သူတို့ရဲ့အငယ်ဆုံးသားကို မျက်နှာချင်းဆိုင်တွေ့ပြီးရှင်းဖို့အတွက်ရာ ရောက်လာခဲ့ရခြင်းသာ။

အတော်အတန်ကိုမှကြီးမားသောစက်ရုံကြီးရဲ့ နောက်မှာရှိတဲ့အိမ်ကိုတော့ သူမမြင်ရ.. ဒါပေမယ့် မသိစိတ်ကလှုံ့ဆော်မှုကြောင့် ခြေဖျားထောက်ပြီး သူဘာကိုကျော်ကြည့်နေမိမှန်းမသိ။အထဲဝင်သွားသည်ပဲထား... ဘယ်သူနဲ့တွေ့ဖို့လဲလို့ security ကမေးရင် သူ ဘာပြန်ပြောရမလဲ ??? Khun Krekkalai ပါ အိမ်ထဲမှာရှိနေလောက်မလား ?? Khun Krekkalai က သူ့ကို ဘာအတွက်ကြောင့် လာခဲ့သလဲလို့မေးရင် သူ ဘယ်လိုကွေ့ပတ်ဖြေရမလဲ ???

ဒါမျိုးကျရင်အကြံမထွက်တော့တဲ့ ကိုယ့်ခေါင်းကိုသာ ထုရိုက်ပလိုက်ချင်တော့တယ်။ခေါက်တုံ့ခေါက်ပြန်လျှောက်ရင်း စဉ်းစားနေမိတဲ့သူ့ကို အထဲက security ဦးလေးကြီးကမြင်ရတာမူးနောက်လာလို့ထင့် ထွက်လာပြီး

" Khun ? Khun ?? ပစ္စည်းနဲ့ပတ်သက်ပြီး လာတဲ့ဧည့်သည်လားလို့လေ.. Khun Krekkalai မှာထားပါတယ် ကျွန်တော့်ကို... အထဲမှာစောင့်နေပါ့မယ်တဲ့ ကြွပါ.. "

" မဟုတ်... "

နေပါဦး... ရောပီးလိုက်ဝင်သွားရင် သူ ဂိတ်နဲ့ စက်ရုံကို ဖြတ်ဖို့ ပိုဝန်ပို့တာပေါ့ ပြီးတော့ ဘာမှရှည်ရှည်ဝေးဝေးရှင်းပြစရာမလို။သူလာတာလည်း ဘယ်သူမှသတိထားမိစရာမလို။ ကွက်တိပဲ...

" ဟုတ် ဦးလေး.. ကျွန်တော့်ကိုလမ်းပြပါဦး "

ရှောရှောရှုရှုနဲ့ပဲ သူ ဂိတ်ကနေတဆင့် စက်ရုံဘက်အခြမ်းကိုပါကျော်ပြီး အိမ်ရှိရာလမ်းအတိုင်းဝင်လာခဲ့လိုက်တယ်။ဦးလေးကြီးကတော့ အိမ်ကိုလမ်းညွှန်ပြပြီး ဝင်သွားဖို့ပြောပေမယ့် သူ ကြောင်တောင်တောင်နဲ့ Kong ကိုများ ဘယ်နေရာကတွေ့ရမလဲလို့ အိမ်ကို ဝေ့ကြည့်နေမိသေး။Kong ကို အိမ်ရှေ့ရောက်နေပြီ ဆင်းလာခဲ့ဆိုပြီး ရုပ်ရှင်တွေထဲကလို မင်းသားကမင်းသမီးကို လာချိန်းတွေ့သလိုမျိုးခေါ်လိုက်ရင် ကောင်းမလား ??? အဲ ... အဲ့လိုကျပြန်တော့ မင်းသမီးလိုမျိုး ပျော်ရွှင်ပြီး ဆင်းလာမယ့်အစား ဘာလာလုပ်တာလဲဆိုတဲ့အူကြောင်ကြောင်မျက်နှာနဲ့ကြည့်နေမယ့် Kongpop တကောင်ကိုမြင်ယောင်မိလာပြန်တာမို့ သူ ဒီအတွေးကိုခေါင်းခါရမ်းရင်း ဖယ်ချလိုက်တယ်။

You are the Only One 3 (SOTUS S Fanfiction)Where stories live. Discover now