14 - Meow 🐾 ( Unicode )

1.6K 81 8
                                    

ဒီရုပ်လေးကိုပြေးမြင်ရင်း အောက်ကအပိုင်းကို စိတ်ရှည်သီးခံဖတ်ပေးကြပါ 😅

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.


ဒီရုပ်လေးကိုပြေးမြင်ရင်း အောက်ကအပိုင်းကို စိတ်ရှည်သီးခံဖတ်ပေးကြပါ 😅

1.

စားပွဲခုံပေါ်မှာထိုင်ရင်း စာကြည့်မီးအိမ်ကိုဖွင့်ရာကနေ အိပ်ရာပေါ်က စောင်ခြုံထဲကွေးနေတဲ့ P' ကို နိုးသွားမလားလို့ သူ ကြည့်လိုက်တော့ လူးလိမ့်သံတောင်မကြားရ။ အခန်းထဲမှာ အဲယားကွန်းကလေသံကလွဲလို့
တိတ်ဆိတ်နေမြဲ။ ည ၁၀နာရီတည်းက အိပ်သွားတာ အခုထိ မထသေးတဲ့ P'Arthit ကြောင့် မနက်ငါးနာရီတည်းက နိုးနေတဲ့ကိုယ့်အဖို့က စမ်းတဝါးဝါးနဲ့ လေ့ကျင့်ခန်းလုပ်ပြီး ရေချိုးဈေးထွက်ဝယ်ပြီးတဲ့အပြင် Tew နဲ့တောင် ကော်ဖီဆိုင်သွားထိုင်ပြီးပြီ။

အသစ်စက်စက်ဝယ်လာတဲ့ စာအုပ်အဖုံးလေးကို သူ ပွတ်ကြည့်ရင်းပြုံးမိတယ်။ ကြောင်လေးများအကြောင်းတဲ့ ....

ကြောင်လေးမွေးချင်မိပေမယ့် ကိုယ်နဲ့ P'Arthit က တနေကုန်အပြင်မှာအလုပ်လုပ်နေရတဲ့သူတွေမို့တနေကုန်ပိတ်ပြီးပစ်ထားရသလိုကြီးဖြစ်နေမှာဆိုးတာကြောင့် နှစ်ယောက်လုံးမမွေးဖို့ပဲဆုံးဖြတ်ထားကြတာ ... ။

" ငါ အကောင်တွေဘာတွေချစ်တတ်တာမဟုတ်ဘူး .. မင်းပဲ သည်းသည်းလှုပ်ဖြစ်နေတာ "

လမ်းဘေးကြောင်လေးတွေကိုအစာသွားကျွေးတုန်းက ဘေးမှာလိုက်ထိုင်ရင်း ပွစိပွစိပြောနေတဲ့ P' က မချစ်တတ်လို့သာပဲ ... ဟိုအကောင်လေးက လှတယ်နော် ဒီအကောင်လေးကသေးလိုက်တာနဲ့ သူပဲ အသည်းတယားယားဖြစ်နေခဲ့တာ။

အတွေးတွေနဲ့ပြုံးနေရာကနေ ပထမစာမျက်နှာကိုလှန်ကြည့်တော့ ပေါ်လာတာက အိပ်နေတဲ့ကြောင်လေးပုံ။

- ကြောင်လေးတွေက အရမ်းအအိပ်မက်တတ်ကြပါတယ်။ အိပ်ချိန်အရမ်းများတဲ့ကြောင်လေးတွေက သခင်တွေအိပ်နေတဲ့အချိန်မှာသာ ဆော့ရတာမျိုးကိုသဘောကျတာဖြစ်ပြီး သခင်တွေနိုးနေတဲ့အချိန်ဆို နှစ်ပုံတပုံလောက်က အိပ်နေတတ်ပါတယ်။ အရမ်းအိပ်ချင်နေတဲ့အချိန်ဆို ဘယ်လောက်နိုးနိုး နေရာကမရွေ့ဘဲ အိပ်တတ်တာက ကြောင်လေးတွေရဲ့အကျင့်ပါ -

You are the Only One 3 (SOTUS S Fanfiction)Where stories live. Discover now