9 - Worries (1) ( Unicode )

857 51 2
                                    


" P' က အမြဲ အဲ့လိုပဲ ... သိပ် ပြောရခက်တယ် ! "

ဝုန်းခနဲပိတ်သွားတဲ့ တံခါးသံနဲ့အတူ စိတ်ဆိုးပီးထွက်သွားတဲ့ Kong ကို သူလည်း လှည့်မကြည့်ချင်။အမြဲတမ်း သာယာကြည်နူးနေတယ် ထင်ရင်တော့ အမှားကြီးမှားနေကြပီလို့ပဲ ပြောရမှာပဲ ...

ခုလိုပြသနာမျိုးကျရင် ဘယ်သူမှန်တယ် ဘယ်သူမှားတယ် ဝေခွဲမရတော့ဘဲ ရန်ဖြစ်ရတာမျိုးက ခက်တယ် ..

Kong က သူ အခုတလော ရထားတဲ့ Supplier အသစ်Pinky နဲ့ ညစာထွက်ထွက်စားနေတာကို မကြိုက်။သူ့အနေနဲ့ကလည်း Supplier နဲ့အဆက်အသွယ်ရနေဖို့အရေး Pinky ချိန်းရင်တော့ သွားနေပေးရမှာ သူ့တာဝန်။ ကုမ္ပဏီကိစ္စတွေနဲ့ပတ်သက်ရင် intern ဆင်းပီးလို့ အကုန်သိနေတဲ့သူက ဒီလိုကိစ္စတွေကို နားမလည်ပေးတာက တော်တော်ဆိုးနေပီ ..

" Ai'Knot !! မင်း စဉ်းစားကြည့် ငါပဲမှားတာလား ? သူ နားလည်ရမှာပေါ့ !! xxxx "

ထုံးစံအတိုင်း Knot ဆီကိုပဲ ဖုန်းဆက်ပီး ရင်ဖွင့်ဖြစ်တော့ သူ့စကားဆုံးတဲ့အဆုံး Knot က သက်ပြင်းချလာရင်း

" N'Kongpop ဘာလို့ အဲ့လိုမကြိုက်တာလဲတော့ ငါမသိဘူး .. ပြောရရင် ငါ ဒီကြားထဲဝင်ပါသင့်ရဲ့လားတောင် မသိဘူး Ai'Arthit .. သူ Pinky နဲ့ပတ်သက်ပီး မကြိုက်တာလား သဝန်တိုတာလားမေးကြည့်သင့်တယ် မထင်ဘူးလား ? "

" မထင်ဘူး !! "

ည ၁၀ နာရီရောက်တဲ့ထိ Kong ဘက်က ဖုန်းမဆက်လာ။မနက်ဖြန်ကျောင်းရှိလို့ အဆောင်ပြန်သွားတာသိတာမို့ သိပ်စိတ်မပူပေမယ့် အရင်လိုအဆောင်ပြန်ရောက်ကြောင်း မက်ဆေ့ချ်လေးတောင်မပို့တာမို့ စိတ်ပူနေရတာ ...

ခုထိ စိတ်ကောက်နေတုန်းပဲလား ?

ကိုယ့်ဘက်က ဖုန်းစခေါ်တာ မက်ဆေ့ချ်စပို့တာမျိုး
ရှားပေးမယ့် ဒီတခေါက်တော့ Kong စိတ်ကောက်နေတာအသိသာကြီးမို့လို့ သူ့ဘက်ကပဲစဆက်သွယ်ဖို့ဆုံးဖြတ်လိုက်ရင်း Kong ဆီကို မက်ဆေ့ချ်လှမ်းပို့လိုက်တော့

- အဆောင်ပြန်ရောက်ပီလား ? ( 10:04 PM )

( 10:10 PM ) ပြန်ရောက်ပီ -

စိတ်တိုလိုက်တာ !!

" Kongpop !!! ရောက်ရင် ရောက်ကြောင်းမပြောနိုင်ဘူးလား ? ခု ငါ ဆက်သွယ်မှမင်းပြောမှာလား ? "

You are the Only One 3 (SOTUS S Fanfiction)Where stories live. Discover now