3 - Nightmare ( Unicode )

872 57 0
                                    


" ... မင်း ငါ့အပေါ်ခံစားချက်ရှိနေလို့လား Kongpop ? "

P'Arthit ဆီက အဲ့မေးခွန်းကို ကြားရပီးတာနဲ့
အတူ အသက်ရှူရခက်လာတယ်။ P' ဘာကို
ဆိုလိုတာလဲ ? သူ ပြန်မပြောရဲတော့ ... ဖြေ
လိုက်ရင်လည်း P' များ သူ့ကို စိတ်ဆိုးသွားလေ
မလား ?

နဖူးက ချွေးစေးတွေနဲ့အတူ သူ အံကြိတ်ပီး
ဘာမှပြန်မဖြေဖြစ်ဘဲ ငြိမ်နေလိုက်တော့ P' က ဘာမှမဖြေဖို့ပြောရင်း ရေချိုးခန်းတံခါးကို ဆောင့်ပိတ်ပီးဝင်သွားတယ်။

ပဲနို့ခွက်လှမ်းပေးရင်းကနေ သူ့လက်ချောင်းထိပ်
လေးတွေကို P' လှမ်းထိမိတဲ့အချိန် ပျော်လွန်းလို့
ပြုံးမိလိုက်ပေမယ့် တုန်တက်သွားတဲ့ခန္ဓာကိုယ်နဲ့
အတူ P' တယောက် လက်ကိုလွှတ်ချလိုက်တယ်

ပဲနို့ခွက်လေး အစိတ်အစိတ်အမွှာမွှာဖြစ်အောင် ကျကွဲသွားတဲ့အထိ သူ ဘာမှမတွေးဖြစ်သေး ...
ဖုန်းပြောပီးတာတောင် မစောင့်တော့ဘဲ အခန်း
ထဲက မြန်မြန်ထွက်သွားတဲ့ P' ရဲ့ နောက်ကျောကိုကြည့်ပီးမှ တွေးမိလာတာက ငါနဲ့လက်ချင်းထိမိသွားလို့ P' ဒီလို ချက်ချင်းပြန်သွားတာလား ?

အတွေးနဲ့အတူ ရင်ဘတ်က အောင့် ခနဲ

ကန်တင်းမှာ သူ့ကိုမြင်တာနဲ့ ပျောက်ပျောက်သွားတဲ့ P' ကို စာအုပ်ပြန်ပေးဖြစ်တုန်းက

" .. မင်း မလွှတ်ရင် ငါ မယူတော့ဘူး "

လက်ကို ဆောင့်ချပီး စာအုပ်မယူဘဲ ထွက်သွားတဲ့ P' ကြောင့် သူ အရမ်းငိုချင်သွားမိတယ်။ သူနဲ့ P' ကိုချိတ်ဆက်ပေးထားတဲ့ ကြားခံနယ် စာအုပ်
တွေကိုတောင် P' က ကြာကြာ ကိုင်မထားချင်
တော့ဘူးကိုး ...

ကော်ဖီဆိုင်မှာ P'Namtarn နဲ့ ရယ်မောရင်း
ထိုင်နေတဲ့ P'Arthit ကို မြင်တာနဲ့ ငါနဲ့အတူကျ ဒီလိုရယ်မောနေတာမျိုးမရှိပါလားဆိုတဲ့ မနာလို
စိတ်နဲ့အတူ ရင်တွေပူလာတယ်။ P'Namtarn နဲ့
ကျတော့ Pinkmilk ကို ဟန်ဆောင်မှုမရှိဘဲ သောက်နိုင်တယ်တဲ့လား ?

" ကျနော်လည်း ယောက်ျား P' လည်း ယောက်ျားဆိုတာ သိပါတယ် .. ဒါပေမယ့် ကျနော့် ခံစားချက်တွေကို ရပ်တန့်လို့ မရဘူး P' .. ကျနော် P' ကို ... "

You are the Only One 3 (SOTUS S Fanfiction)Where stories live. Discover now