" 🎼 well me , I fall in love with you every single day 🎼 "
Copier စက်နားမှာရပ်ရင်း စာရွက်တွေကူးပြီးသည်အထိစောင့်နေတဲ့ Arthit တယောက် စက်ပော်သို့
လက်ချောင်းလေးတွေ တတောက်တောက်ခေါက်ရင်း သီချင်းလေးညည်းနေမိတယ်။ ထွက်လာတဲ့စာရွက်လေးတွေကိုစီရင်း စိတ်လွတ်ကိုယ်လွတ်သီချင်းညည်းနေပုံက အခန်းနားကဖြတ်လျှောက်သွားတဲ့သူတိုင်း သေချာကြားရလောက်သည့် အသံအတိုင်းအတာဖြင့်.. ။" 🎼 I just wanna tell you I am 🎼 "
ခြေထောက်လေးတွေရှေ့တိုးနောက်ဆုတ်ဖြင့် ဖြည်းဖြည်းချင်းရွေ့လျားပြီး သီချင်းညည်းနေပုံက ကပွဲတခုထဲကို ရောက်နေသည့်အလား။" Todd ?? မြင်ပြီလား ? Arthit ကြည့်ရတာပျော်နေတဲ့ပုံပဲ... အချစ်သီချင်းလေးတညည်းညည်းနဲ့ ရည်းစားအသစ်ရနေတာများလား ? "
" အာ မဟုတ်တာ ! Mr.Sun လား ရည်းစားအသစ်ရနေမှာ "
အခန်းအပြင်ကနေ ချောင်းကြည့်ကာ အတင်းအုပ်နေကြတဲ့ Todd နဲ့ Som-Oh က တယောက်ကတောင်ဆို တယောက်က မြောက်အတွေးဖြင့်သာ။ အပြိုင်အဆိုင်ငြင်းဖို့သာ ဆုံးဖြတ်ထားပုံရတဲ့ Som-Oh က Todd နံရိုးကို တံတောင်ဖြင့်တွတ်လိုက်ရင်း
" ငါပြောတာယုံစမ်းပါ။ Arthit တယောက် N'Kongpop ပညာတော်သင်သွားတည်းက သွက်သွက်လက်လက်ရှိပုံမရတော့တာ နင်လည်းသိတာပဲဟာ "
" အဲ့ဒါနဲ့ ဘာဆိုင်လို့လဲ "
" ဟဲ့ .. ခု ဒီလိုမူမမှန်ဖြစ်နေတယ်လေဟယ် နင် ခုလိုဖြစ်နေတဲ့သူ့ပုံစံမြင်ဖူးလား ပြော ? "
Todd က မေးခွန်းကိုပြန်ဖြေဖို့အရေး သီချင်းဆိုရင်းပြုံးစိစိဖြစ်လာတဲ့ Arthit မျက်နှာနဲ့ တချက်တချက်ပေါ်လာတဲ့ပါးချိုင့်ကို ကြည့်လိုက်ပြီးမှ ခေါင်းခါပြတယ်။ အဲ့ဒါလည်း ဟုတ်သား ... သူ ဒီမှာအလုပ်လုပ်တည်းက Mr.Sun ရဲ့ ခုလိုပုံစံကို တခါမှမမြင်ဖူးခဲ့။
" အေး .. ဘာနဲ့တူနေလဲ ? "
" အထက်တန်းကျောင်းသားလေးက ရည်းစားပထမဆုံးစထားဖူးတဲ့ပုံစံနဲ့ "
" အဲ့ဒါပဲ အဲ့ဒါပဲ နင်ငါ့ကိုငြင်းနေပေမယ့်လည်း တခြမ်းကောင်းသေးပုံရတဲ့အသိစိတ်က ချက်ချင်းပါးစပ်ကို သတင်းလှမ်းပို့တာတွေ့လား ? "
![](https://img.wattpad.com/cover/170172168-288-k553664.jpg)
YOU ARE READING
You are the Only One 3 (SOTUS S Fanfiction)
FanfictionCompleted / Start Date : December 8 , 2019 Book 1 - SOTUS နောက်ပိုင်း (fanfiction) Book 2 - SOTUS + SOTUS (fanfiction + Series Scene) Book 3 - SOTUS S နောက်ပိုင်း စိတ်ကူးယဥ်ရေးသားထားတဲ့ Fanfiction ဖြစ်တာကြောင့် Book 1 နဲ့ ဇာတ်လမ်းမတူဘဲ ဒီ Book 3 ရဲ...