Tom loved Jerry 1

25.4K 861 9
                                    

UNICODE
"ကျွန်တော့်နာမည်က ရှောင်ရှောင်းကျန့်ပါ...............
ကျွန်တော်က WYX ကုမ္ပဏီရဲ့ Secretory ဟောင်းဖြစ်ခဲ့တယ် အခုတော့ ကျွန်တော်ဟာ လူသူမသိတဲ့ ဌာနတစ်ခုမှာပေါ့ဗျာ........
အဲ့တာသူကြောင့် သူကျွန်တော့်ကို အငြိုးထားခဲ့တာကြောင့် အရည်အချင်းရှိတဲ့သူတွေရဲ့ သင်္ချိုင်းလို့ခေါ်ခံရတဲ့ ဌာနကို ကျွန်တော်ရောက်ခဲ့ရတယ်😒"

ဖြစ်ပုံကဒီလိုပေါ့ဗျာ......................

XZ : ဝိန်နန် အားထန် မြန်မြန်လူစုပြီး အခန်းထဲ
လာကြ.............
အားထန် : လူစုပြီးပါပြီ အကိုကျန့်
XZ : ငါတို့အခု အရေးပေါ် ကိစ္စတစ်ခုကို လုပ်ရမယ်
အဲ့တာက ငါတို့ WYX ကုမ္ပဏီက CEO ပျောက်နေတယ် သေလားရှင်လားလည်းမသိဘူးတဲ့ ပြီးတော့ ဒီနေ့မှာ လက်မှတ်ထိုးမဲ့ ကုမ္ပဏီပူးပေါင်းရေးကိစ္စက ငါတို့ကုမ္ပဏီအတွက်အရမ်းအရေးကြီးတယ်
ပြီးတော့ ဒါက ငါတို့ကုမ္ပဏီရဲ့အနာဂတ်ဘဲ ဒါကြောင့် မင်းတို့ ပိပိရိရိလုပ်ကြ အရင်ဆုံး သတင်းထောက်တွေကို ငါတို့ လက်မှတ်ထိုးနေတဲ့အချိန် ရောက်မလာစေနဲ့ အားထန် သွားတားထား
အားထန် : ဟုတ်
XZ. : ဝိန်နန် မင်းက ငါတို့လက်မှတ်ထိုးမယ့်
အခန်းပြောင်းထား အိုခေလားးး
ဝိန်နန် : အိုခေ

အခုဘဲ သွားကြတော့ ..........

ရှောင်းကျန့် စီစဉ်ညွှန်ကြားနေသော်လည်း သူကိုယ်တိုင်လည်း တစ်ဖက်က YM CEO က CEO ပျောက်နေတာကိုတာ သိရင် ကုမ္ပဏီ နှစ်ခုပူးပေါင်းဖို့လက်မှတ်ထိုးပေးပါ့မလားမသိ............

စဉ်းစားနေတုန်းပင်

အားထန် : အားးး အကိုကျန့် သတင်းထောက်တွေက ဘယ်လိုမှ ထိန်းလို့မရဘူး သူတို့ဘယ်လိုသတင်းရလဲမသိဘူး အခုဒီဘက်ကိုလာနေပြီ ပြီးတော့ YM ကCEO လည်း ရောက်နေပြီ

XZ : ဘာ ဘယ်လို ငါတောင်အခုမှသိတာကို သူတို့က ဘယ်ဘိုသိတွားတာတုန်း 😳
မဖြစ်ဘူး လွယ်လွယ်နဲ့ အရှုံးမပေးဘူး အားထန်ဒီကိုလာ ငါပြောသလိုသွားလုပ်

ရှောင်းကျန့် အားထန်အား တိုးတိုးလေးကပ်ပြောလိုက်တော့ အားထန် ရုံးခန်းဘက်အပြေးသွားတော့
သည်........................................................
YM CEO ရောက်လာတော့
XZ : မင်္ဂလာပါ CEO
CEO: မင်္ဂလာပါ
ရှောင်းကျန့် CEO အား လမ်းပြကာ အရှေ့မှထွက်လာခဲ့သည်
XZ : CEO ခင်မျ ကျွန်တော့်တို့ CEO က မအားလပ်တဲ့အတွက် ဒီကို မလာနိုင်လို့ ကုမ္ပဏီရှေ့နေနဲ့ စာချုပ်ချုပ်ဖို့ပြောထားပါတယ်ခင်မျ
CEO : အော် ဟုတ်လား ဒါဆိုလည်း မင်းတို့ရှေ့နေခေါ်လေ
XZ : ဟုတ်ကဲ့ခင်မျ ခေါ်ထားပါတယ်
CEO : ငါကစောင့်ပေးရမှာလားအဲ့တော့
ပြောနေတုန်းပင် တီ .....တောင် ဓာတ်လှေကားထဲမှ ထွက်လာသော ရှေ့နေကြောင့် ရှောင်းကျန့် အပူလုံးကြီးတစ်လုံးကျရတော့သည်
ဟူးးးး တော်ပါသေးတယ်မြန်မြန်ရောက်လာလို့ 😌

Tom loved Jerry (complete)Where stories live. Discover now