Tom loved Jerry 17

6.6K 586 13
                                    

Tom loved Jerry ( မတည့်အတူနေ)
Part 17
Unicode
ရှောင်ကျန့်ညစာစားဖို့ အိမ်အောက်ဆင်းလာခဲ့သည်၊
မား    : သားလေ လာ ထမင်းလာစား
XZ     : ဟုတ် မားး
ပါး     : သား ခုနကမှ အိမ်ရောက်တာလား
XZ.    : ဟုတ် ပါး ကုမ္ပဏီကိစ္စလေးတွေနဲ့ရှုပ်နေလို့
ပါး     : ဟုတ်ရဲ့လားသားလေး
ရှောင်ပါပါးက ပြုံးစိစိနဲ့မေးလိုက်ခြင်းပင်
XZ     : ဟုတ်တယ်လေ ပါးရဲ့ဘာဖြစ်လို့လဲ
ပါး     : ပါးကိုခုနက ဝမ်ရိပေါ်ဖုန်းဆက်တယ် မနက်ဖြန်မှာ သားကို လာတောင်းမလို့တဲ့
XZ.    : ဗျာ !!!
မားး   : သားရယ် မားတို့ကို ဖုံးထားစရာမလိုပါဘူး မားတို့က အယူသီးတဲ့သူတွေမှမဟုတ်တာ သားဘယ်သူ့ကိုယူယူ သားချစ်ဖို့က အဓိကဘဲလေ
ပါး     : ဟုတ်တယ် ပါးလည်း မင်းမားပြောတဲ့အတိုင်းဘဲ ၊ ပြီးတော့ ရိပေါ်လေးက အစစအရာရာပြည့်စုံပြီးသားကလေးဘဲ သဘောမတူစရာ အကြောင်းကိုမရှိတာ
XZ     : ဟီးဟီးး
ရှောင်းကျန့်တစ်ယောက် ရယ်ပြရုံမှလွှဲပြီး မတတ်နိုင်ပေ။

ရှောင်းကျန့် မနက်အိပ်ယာကနိုးတော့ အောက်ထပ်တွင် မားနဲ့ပါးတို့ အလုပ်တွေ ရှုပ်လို့နေပါပြီ....
XZ   : မား ဒါတွေက ဘာတွေလည်း
မား   :မားရဲ့သမက်လေးလာတော့မှာဆိုတော့ ဧည့်ခံရအောင် ချက်ပြုတ်နေတာလေ
ပါး    : လာ သား ပါးကို အရွက်တွေခြွေပေးအုန်း
XZ   : ပါးတို့ကလည်းလေ မတော်ရသေးတဲ့ သမက်ကို  အကဲတွေပိုနေပြန်ပြီ
မား   : ကဲ သွားကူလိုက်ပါ မင်းယောက်ျားဖြစ်မယ့်ဟာကို
XZ.   : ဟာ မား ဘာတွေပြောနေတာလဲ
ရှောင်းကျန့် ရှက်ရှက်နှင့်အော်လိုက်ခြင်းပင်.......

ဝမ်ရိပေါ်တို့ ရှောင်းကျန့်တို့အိမ်ရှေ့ရောက်တော့
Yibo  : ပါး ပီပြင်နေပါစေနော် အရမ်းပျော်ပြနေလို့မဖြစ်ဘူးသိလား
ပါး    : အင်းပါ ပါးသိပါတယ်
Yibo :  အော်ဒါနဲ့လေ မင်္ဂလာရက်ကို မြန်မြန်နီးနိုင်သမျှ နီးပေးနော်
ပါး   : ဟုတ်ပါပြီ ငါ့သားရယ်

ဝမ်ရိပေါ်တို့ သားအဖနှစ်ယောက် လက်ဆောင်ပစ္စည်းတွေ အများကြီးသယ်လာပြီး အိမ်ထဲဝင်လာခဲ့တော့သည်။
ရှောင်ပါပါး : လက်ဆောင်တွေအများကြီးယူလာစရာမလိုပါဘူးဗျာ
ဝမ်ပါပါး    : မဟုတ်တာ ဒီလောက်ကတော့ ယူပေးသင့်ပါတယ် မဟုတ်တောင်ကျွန်တော်က ဒီကို တစ်ခေါက်လောက်လာလည်သင့်တာ အလုပ်ကိစ္စတွေကြောင့်တောင်းပန်ပါတယ်နော် ၊ပြီးတော့လေ ကျွန်တော့်သား ရိပေါ်လေးကို စောင့်ရှောက်ပေးလို့လည်း ကျေးဇူးပါဗျာ
ရှောင်မာမား : မလိုပါဘူးရှင် ကျွန်မက ရိပေါ်လေးကို
သားအရင်းလေးလိုချစ်တာ အခုတော့ ကိုယ့်အိတ်ထဲကိုယ်ဖိတ်တယ်လို့ သတ်မှတ်ရတော့မှာပေါ့ရှင် ဟီးးဟီးးး
တစ်အိမ်လုံးတွင် ရှောင်းကျန့်တစ်ယောက်သာ မျက်နှာတည်ကြီးနဲ့ နေလေရဲ့
Yibo : ရှောင်းကျန့်  မင်းပိပိရိရိနေစမ်း
ရှောင့်ကျန့် သူ့အားတိုးတိုးလေးပြောလာသော ဝမ်ရိပေါ်အား မျက်စောင်းလေးထိုးကာ
XZ   : ငါက ဘယ်လိုနေနေလို့တုန်း ဒီတိုင်းနေနေတာကို
Yibo : မင်းကိုလာတောင်းတာလေ အနည်းဆုံးတော့ ပျော်နေတဲ့ပုံပေါက်အောင်နေလေ
XZ   : သိတယ် မရှည်နဲ့
ရှောင်းကျန့် ဝမ်ပါပါး ပြောသမျှကို တစ်ဟီးဟီးနဲ့ရယ်နေလေသည်။
Yibo : ရှောင်ရှောင်းကျန့် မင်းငါ့ကိုရွဲ့နေတာလား
XZ    : ဘယ်မှာရွဲ့နေလို့လဲ ငါပျော်နေတဲ့ပုံ ဟန်ဆောင်နေတာလေ
Yibo. : သေလိုက်ပါတော့ ရှောင်ရှောင်းကျန့်ရယ် မင်းဟာက ငါ့ပါးကို လိုက်ပြောင်နေသလိုဘဲ
XZ     : မင်းငါ့ကို သေလိုက်ပါတော့လို့ပြောနေတာလား ငါကတော့ မသေနိုင်ပါဘူးမင်းသေ
Yibo   : အရေးထဲ ဒီငတုံးက စကားအထအန လာကောက်နေတယ်
XZ     : ဘာ ငါ့ကိုငတုံးလို့ ခေါ်ပြန်ပြီလားး
ရှောင့်ကျန့်အော်လိုက်တာကြောင့်  ဘေးနားရှိ စကားပြောနေတဲ့ ရှောင်းပါးပါး၊မာမားနဲ့ ဝမ်ပါပါးတို့ပင် လန့်သွားရသည် ။
ဝမ်ပါပါး : အော် သားတို့ရယ် အချစ်စမ်းချင်ရင် နောက်မှစမ်းကွာ ဒီမှာလူကြီးတွေ စကားပြောနေတယ်
XZ          : တောင်းပန်ပါတယ် အန်ကယ် သားမေ့ပြီးအော်မိလိုက်တာပါ
ရှောင်မာမား : သား ကိုယ်ယူမယ့်ယောက်ျားကို အဲ့လို မအော်ရဘူးလေ
XZ       : မားကလည်း ပြောပြန်ပြီ
Yibo.   : ရပါတယ်မား သူကသားကိုဆို အမြဲတမ်းပြောနေကျ  သူ့ကိုဘဲ အလိုလိုက်နေရတာလေ
မား      : ဟုတ်ပ ငယ်ငယ်လေးကတည်းက အကျင့်ကိုမပျောက်သေးဘူး မင်္ဂလာဆောင်ပြီးရင် အဲ့လိုမလုပ်ရတော့ဘူးနော်
XZ     : ဟုတ်
ရှောင်းကျန့် ဘာမှမပြောနိုင် ဝမ်ရိပေါ်ရဲ့ အပြောတွေကြား  သူသာ လူဆိုးဖြစ်နေရပြီလေ
"ကလိမ်ကကျစ်ကောင် ပြီးနဲ့ငါ တွေ့အုန်းမယ် "

Tom loved Jerry (complete)Where stories live. Discover now