Tom loved Jerry 29

6.2K 502 8
                                    

Tom loved Jerry ( မတည့်အတူနေ )
Part -29
UNICODE
XZ : ငါကုမ္ပဏီသွားတော့မယ်
Yibo :မနက်ဖြန်မှသွားရမှာလေ ခွင့်ရက် သုံးရက်မှ မပြည့်သေးတာ
XZ  : မသိဘူး မင်းမလိုက်လည်းနေ ငါသွားပြီ
မနေ့ညက ကိစ္စကြောင့် သူ့အချစ်တော်လေး စိတ်ကောက်နေပြီဆိုတာကို ဝမ်ရိပေါ် သိလိုက်ပါပြီ။
YIbo : ဒါနဲ့ လမ်းလျှောက်လို့က အဆင်ပြေလို့လား
မနက်ကတောင် ကွတကွတဖြစ်နေတာကို
ရှောင်းကျန့် ဘာမှ ပြန်မပြောတော့မျက်စောင်းလေးထိုးကာ ဖြေးဖြေးချင်းလမ်းလျှောက်ပြီး သူ့အခန်းထဲဝင်သွားတော့လေသည်။
ဝမ်ရိပေါ်  အချစ်တော်လေးရဲ့ မျက်စောင်းကို အသည်းယားလွန်းလို့ ကြည့်ချင်၍စလိုက်သော်လည်း အကြာကြီးပစ်မထားနိုင်ပေ။ထို့ကြောင့် အခန်းရှေ့ ထွက်လာကာ တံခါးကိုခေါက်လိုက်သည်။
Yibo : ရှောင်းကျန့်လေး ကိုကို ဝင်လာမယ်နော်
ဒေါက်.... ဒေါက်..... ဒေါက်
ဝမ်ရိပေါ် အကြိမ်များစွာ ခေါက်နေပေမယ့် အထဲမှ အသံတစ်စွန်းတစ်စတောင် မကြားရပေ။ တံခါးဖွင့်ကြည့်တော့လည်း လော့ခ်ချထားသောကြောင့် တဖြည်းဖြည်းစိတ်ပူလာပါတော့သည်။
Yibo : ရှောင်းကျန့်လေး ရှောင်းရှောင်းကျန့် ဒေါက် ! ဒေါက်!ဒေါက်
ဝမ်ရိပေါ် နောက်ကိုဆုတ်ကာ အားနဲ့ ပြေးတိုက်ပြီး တံခါးကိုဖွင့်သည်။သို့သော် ဖွင့်မရ၊ဝမ်ရိပေါ် အားမလျှော့ပါ ထပ်ဖွင့်ရန် နောက်ကိုဆုတ်လိုက်သည်။ ထို့နောက်အရှိန်နဲ့ တံခါးဆီပြန်ပြေးလာသည်။မထင်မှတ်ထားတာက တံခါးနားမရောက်ခင် ပွင့်လာသောတံခါးကြောင့် အရှိန်နဲ့ အခန်းထဲဝင်သွားတော့သည်။
ဒုန်း ( ဘီရိုနဲ့ နဖူး ဆောင့်မိခြင်းပင်ဖြစ်သည်။)
Yibo : အားးး သေပါပြီ
XZ    : မှတ်ပြီလား ငါ့ကို အနိုင်ကျင့်ချင်အုန်း

ရှောင်းကျန့် လင်တော်မောင်အား နဖူးနဲ့တိုက်သွားလို့ စိတ်ပူနေပေမယ့် သူတစ်ပတ်စိတ်ဆိုးဖို့ ဆုံးဖြတ်ထားတယ်လေ၊ဒါကြောင့် ဝမ်ရိပေါ်အား ထမကြည့် အိပ်ရာပေါ်သာ နှုတ်ခမ်းလေးဆူပြီး ထိုင်နေလေသည်။
Yibo : ကဲ ရှောင်းကျန့်လေးရယ် တစ်မနက်လုံး အစာမစားဘဲ ကောက်နေတော့မှာလား ဒီမှာ ကိုကို မင်းကိုစိတ်ပူနေပြီလေကွာ
XZ   :လာမပြောနဲ့ မင်းက ငါ့ကိုညာတယ်၊ပြီးတော့.....
Yibo : ပြီးတော့ ကိုကိုဘာလုပ်မိသေးလို့လဲဟင်
XZ   : ဟင့် မင်း မညှာမတာလုပ်တာ အခုငါတစ်ကိုယ်လုံးနာနေပြီ လမ်းတောင်မလျှောက်နိုင်ဘူး

Tom loved Jerry (complete)Where stories live. Discover now