Tom loved Jerry 12

6.5K 596 13
                                    

Tom loved Jerry ( မတည့်အတူနေ )
Part 12
Unicode
ပါး : သား ပြန်လာတာ ပါးကိုတောင် ဖုန်းမဆက်ဘူး
       ပါးလာကြိုမှာပေါ့
ဝမ်ရိပေါ်  ငယ်ငယ်တုန်းကအကြောင်းတွေပြန်တွေးရင်း ပါးဝင်လာသည်ကိုပင် သတိမထားမိ။
Yibo : အော် ပါးရောက်လာပြီလား
ပါး    : ရောက်လာပြီပေါ့  ပါးရဲ့သားလေးက ခုနှစ်နှစ်ကျော် ခွဲထားရတာတောင် ပါးကိုသတိရဖော်မရဘူး ဗြဲ... ဗြဲ
Yibo  : တော်ပါပြီပါးရယ် မျက်ရည်လည်းမထွက်ဘဲနဲ့ ဟန်ဆောင်မနေပါနဲ့ 
ပါး    : ဟုတ်ပါတယ် ဟုတ်ပါတယ် ပါးက သားလောက် ဘယ်ဟန်ဆောင်ကောင်းမှာလဲ
Yibo : ဟွန် သားက ဘယ်မှာဟန်ဆောင်ကောင်းနေလို့လဲ
ပါး   : သားအဖချင်း လျှိုမနေပါနဲ့ မင်းအခု ရှောင်းကျန့်လေးကို ဌာနခွဲ ၃ ကိုပို့လိုက်တယ်ဆို
Yibo : ဟုတ်တယ်လေ အဲ့တာနဲ့ သားဟန်ဆောင်တာနဲ့ ဘာဆိုင်လို့လဲ
ပါး    : တကယ်ဟန်မဆောင်ဘူးပေါ့
Yibo : ဟီးဟီး ပါးကလည်း ဟန်မဆောင်တာတော့ မဟုတ်ဘူးလေ သားက ဒီကိုရောက်ရောက်ချင်း သူ့ကိုတအားတွေ ဖက်တွယ်ပြနေရင် သူဘက်ကဘယ်လိုစိတ်ဝင်စားမှုရှိတော့မှာလဲ။ ပြီးတော့ သူ့ကိုပို့တယ်ဆိုတာက ကုမ္ပဏီမှာ လိုအပ်နေတဲ့ ဌာနခွဲ ၃
ကို ပြန်လည်ပတ်နိုင်အောင် အလုပ်ပေးလိုက်တာပါ။
ပါး  : သူတကယ်လုပ်နိုင်ရဲ့လား
Yibo :သားလို လူကိုတောင် ပြောင်းလဲအောင်လုပ်ပေးနိုင်တာ ဒါကို သူမလုပ်နိုင်ဘူးဆိုတာ သားမယုံဘူး
ပါး   : သားပြောတာလည်းဟုတ်သားဘဲ
Yibo : အဲ့တာပြောတာပေါ့ ပါးက သားလို ဗျူဟာမှ မချတတ်တာ ဒါကြောင့်လည်း အချစ်ဦးနဲ့လွဲတာ
ပါး  : ဟဲ့ ကလေး ကိုယ့်ပါးကို ဖော်ကောင်လုပ်နေတယ်ကြည့်အုန်းး
Yibo : ဟားးဟားးးး
(လွန်ခဲ့သော ခုနှစ်နှစ်က ကြေကွဲဖွယ်နေ့လေးတစ်ခုက ဝမ်ရိပေါ်တို့သားအဖအတွက် အရင်ကလို ခပ်တည်တည်မဟုတ်တော့ဘဲ  နှစ်ယောက်ကြားထဲမှာ ပိုပြီးရင်းနှီးစေခဲ့တာတော့ အမှန်ဘဲ၊ ဝမ်ရိပေါ် နိုင်ငံခြားရောက်ပြီး  ကျောင်းတက်တဲ့နေ့ကစလို့ ညတိုင်း
တစ်နေကုန် ဖြစ်ပျက်ခဲ့သမျှ အကြောင်းတွေပြော
တစ်ယောက်နဲ့တစ်ယောက်အားပေးလို့  ဖေးမလာခဲ့ကြသည်မှာလည်း  ခုနှစ်နှစ်ကျော်ကြာခဲ့ပြီလေ၊သူတို့ကြားထဲက အတိတ်ကိုလည်း မေ့ထားခဲ့ကြပြီ။
....................................................................................................................................................)

Tom loved Jerry (complete)Where stories live. Discover now