Tom loved Jerry 24

7K 573 26
                                    

Tom loved Jerry ( မတည့်အတူနေ)
Part 24
Unicode
XZ   : မင်းနဲ့ ဝမ်ချင်နဲ့က ဘယ်လိုပတ်သက်တာလဲပြော သူကဘာလို့ မင်းအကြောင်းအကုန်သိနေရတာလဲ
ဝမ်ရိပေါ် သိလိုက်ပါပြီ......
" ဒီဝမ်ချင်မ ဒီအတိုင်းဘဲ သွားလို့ပြောလိုက်တာကို ၊ ပြောပြလိုက်ပြီထင်တယ် "
Yibo : အော် သူနဲ့က သူငယ်ချင်းတွေလေ။ပြင်သစ်မှာ ကျောင်းအတူတူတက်လာတာ။ပြီးတော့ မင်းတို့ CEO ဟောင်းရဲ့ တူမ
XZ   : ဒါဘဲလား
ရှောင်းကျန့် ဝမ်ရိပေါ်အား စိုက်ကြည့်ကာပြောတော့
ဝမ်ရိပေါ် သက်ပျင်းလေးချလိုက်ပြီး
Yibo : ကဲ အစအဆုံးရှင်းပြမယ်ဟုတ်ပြီလား
ဒီလို မင်းရဲ့ CEO ဟောင်းက ငါ့ပါးရဲ့အတွင်းရေးမှူး
ငါနိုင်ငံခြားထွက်တော့ ဒီကုမ္ပဏီကို သူ့ကိုဖွင့်ခိုင်းခဲ့တာ။ငါပြန်လာတာနဲ့ အဆင်သင့်ဖြစ်နေအောင်လေ။
ပြီးတော့ ပါးက ငါရဲ့အတွင်းရေးမှူးအဖြစ် ဝမ်ချင်ကိုပါ ပြင်သစ်ကိုထည့်ပေးလိုက်တာဘဲ။
XZ   : ပြီးတော့ရော
Yibo : ပြီးတော့ ကျောင်းအတူတူတက်ကြတယ်လေ။
XZ  :တွေ့လား မင်းကခုချိန်ထိ ဖုံးကွယ်ထားတုန်းဘဲ
Yibo : ဘာကိုဖုံးကွယ်ထားလို့လဲကွာ
XZ  : ဖုံးကွယ်ထားတာပေါ့ မင်းက ကျောင်းတုန်းကတောင် ဘယ်ကောင်မလေးကိုမှ အရေးမလုပ်တာ၊ပြီးတော့ မင်းအကြောင်းကိုလည်း အလွယ်တကူပြောပြမှာမဟုတ်ဘူးလေ
Yibo : ဟူး မင်းကတော့လေ ခုနှစ်နှစ်လုံး ကျောင်းအတူတူတက်လာတာ မရင်းနှီးဘဲနေပါ့မလားလို့
XZ.   :မင်းမပြောရင် ငါပြန်မလိုက်ဘူး ရုံးမှာဘဲအိပ်မှာ
Yibo. : ဒါဆိုလည်းပြောပြမယ် လာဒီနားတိုး တိုးတိုးလေးပြောပြမယ်

ရှောင်းကျန့် ဝမ်ရိပေါ်ဘက်တိုးလိုက်ပြီး နားလေးဆွင့်နေလိုက်သည်။ အချိန်အတော်ကြာပေမယ့် စကားပြန်မလာ ၊ဒါကြောင့် ဝမ်ရိပေါ်ဘက် မျက်နှာလေးလှည့်လိုက်တော့ ဝမ်ရိပေါ်၏နှုတ်ခမ်းတို့က မိမိနှုတ်ခမ်းထက်တွင်နေရာယူလိုက်လေပြီ..............
Yibo: ရှောင်းကျန့် ငါကလေ မင်းကိုဘဲပိုင်ဆိုင်ချင်တာ ၊ မင်းကိုဘဲ လိုချင်တာ ၊ဟော့ဒီမင်းရဲ့နှုတ်ခမ်းလေးတွေကိုဘဲ တစ်ယုတစ်ယ နမ်းရှိုက်ချင်ခဲ့တာ၊လွန်ခဲ့တဲ့ ခုနှစ်နှစ်လုံး မင်းကိုဘဲအမြဲတွေ့ချင်နေခဲ့တာမင်းသိရဲ့လား
XZ  : မသိဘူး
ရှောင်းကျန့် နှုတ်ခမ်းလေးထော်ပြီး မျက်နှာကို ဝမ်ရိပေါ်နဲ့ ဆန့်ကျင်ဘက်လှည့်လိုက်တယ်။
Yibo : ကဲရှောင်ရှောင်းကျန့်ရယ် အဲ့လိုကြီးမလုပ်ပါနဲ့တော့ ပြန်ကြရအောင်နော် မနက်ကဘဲ ချစ်သူတွေဖြစ်တာကို အခုငါ့ကိုရက်စက်တော့မလို့လား ဟင်
XZ   : ဘယ်မှာရက်စက်နေလို့လဲ ငါကမေးရုံဘဲမေးတာကို
Yibo : မေးရုံဘဲမေးတဲ့မျက်နှာကြီးလား နှုတ်ခမ်းကြီးကိုထော်နေတာဘဲကြည့်အုန်း
XZ    : မင်းက ငါ့ကိုလှောင်တာလား သွားငါ့နားမလာနဲ့
Yibo  : အနားအကပ်မခံချင်လည်းနေပေါ့ဗျာ ဒီက ဝမ်ချင်ရဲ့ အရေးကြီးတဲ့ လျှို့ဝှက်ချက်ကြီးတစ်ခုကိုပြောပြမလို့ကို
ရှောင်းကျန့်စိတ်ဝင်စားသွားပြန်သည်၊ဒါကြောင့်
XZ  : ဝမ်ရိပေါ်  မင်းကလည်းကွာ ငါကစတာကို မပြောဘဲနေမလို့လား
ဝမ်ရိပေါ် အခုတစ်မျိုး တော်ကြတစ်မျိုးဖြစ်နေတဲ့ ရုပ်လေးကိုအသည်းယားစွာ ကိုက်ဖြဲလိုက်ချင်ပေမယ့် စိတ်ကိုသာ လျှော့နေရသည်။ခဏနေတော့အကြံရသွားသလိုရှိကာ ခပ်ရဲ့ရဲ့လေးပြုံးလိုက်ပြီး
"အင်း ပြောပြမယ်  အခုအိမ်ပြန်ရအောင် အိမ်ရောက်ရင်ပြောပြမယ်"
XZ   : တကယ်ပြောပြရမှာနော်
Yibo : တကယ် နှစ်ကယ် သုံးကယ်ကွာ
XZ   : ဒါဆိုလည်း ပြန်မယ်ပြန်မယ် မြန်မြန်လာ နောက်ကျနေပြီ။
ဝမ်ရိပေါ်တစ်ယောက် ခုနကမပြန်ဘူးလုပ်နေပြီး ပြန်ချင်တော့လည်း စပ်စလူးတွေပစ်နေတဲ့ ရှောင်းကျန့်အားကြည့်ကာ သဘောတကျ ရယ်နေလိုက်ရတော့သည်။
"ဒီဟာလေးကတော့...."
XZ  : ဟာ အိမ်ပြန်မယ်လေ ဘာတွေတွေးပြီး ရယ်နေတာလဲ လာလာပြန်မယ်
ရှောင်းကျန့် ဝမ်ရိပေါ်လက်ကလေးဆွဲပြီး အပြင်ဘက်ထွက်သွားတော့သည်......
ဝမ်ရိပေါ်အိမ်ရောက်တော့ တစ်ဖက်ရှိ ရှောင်းကျန့်အားလှမ်းကြည့်လိုက်သည်။
Yibo : ဒီအိပ်ပုပ်လေး တွေ့တဲ့နေရာမှာ အိပ်တဲ့အကျင့်က အခုထိမပျောက်သေးဘူး
ဝမ်ရိပေါ် ကားတံခါးလေးကို အသာဖွင့်ပြီးဆင်းလိုက်သည်။ထို့နောက်ရှောင်းကျန့်ရှိရာဘက်သွားပြီး ကားတံခါးကိုဖြည်းဖြည်းလေး ပြန်ဖွင့်လိုက်တယ်။
ပတ်ထားတဲ့ ခါးပတ်ကြိုးလေးကိုအသာဖြုတ်လိုက်ပြီးနောက် အိပ်နေတဲ့ အိပ်ပုပ်လေးကို ပွေ့ချီလာတော့သည်။
" မင်းကိုခဏနေမှ လာပိတ်ပေးမယ်နော် ခုတော့ ငါ့ဟာလေးကို အိပ်ရာထဲ သွားသိပ်လိုက်အုန်းမယ်"
ကားတံခါးကို ကြည့်ပြီး ပြောနေချင်းပင်......။
ဝမ်ရိပေါ်ရှောင်းကျန့်အား အိပ်ရာထဲထည့်ပေးပြီး ခြေအိတ်တွေ ဖိနပ်တွေချွတ်ပေးကာ စောင်လေးခြုံပေးလိုက်သည်။ထို့နောက်အိပ်ရာဝင်အနမ်းလေးပေးလိုက်သည်။
"မင်းက ငယ်ငယ်ကအတိုင်း အိပ်ပုပ်လေးဆိုတော့ ငါကလည်း ငယ်ငယ်ကအတိုင်း မင်းအိပ်နေတဲ့အချိန်ခိုးနမ်းတယ်ကွာ မွမွ...... "

Tom loved Jerry (complete)Where stories live. Discover now