Tom loved Jerry 11

6.3K 710 11
                                    

Tom loved Jerry
Part 11
UNICODE
ဝမ်ရိပေါ် ကုမ္ပဏီအလုပ်တွေနဲ့ရှုပ်နေသော ဝမ်ပါပါးအခန်းထဲဝင်လာသည်

Yibo :  ကျုပ် နိုင်ငံခြားမှာ ကျောင်းသွားတတ်ချင်တယ်

ဝမ်ရိပေါ်ရဲ့စကားကြောင့်  အပေါ်မော့ကြည့်လိုက်တယ် ထို့နောက်ဝမ်းသာပီတိမျက်နှာနဲ့

ပါး  : သားတကယ်ပြောတာလား ပါးပျော်လိုက်တာ
Yibo : တကယ်ပြောတာ ဒါပေမဲ့ ကျုပ်ကို ကတိတစ်ခုပေး
ပါး   : ဘာလဲသားက ရှောင်းကျန့်ဆိုတဲ့ကောင်လေးကို ကြည့်ခိုင်းစေချင်တာလား

ဝမ်ရိပေါ် အံ့သြသွားကာ 

Yibo  : ခင်များဘယ်လိုသိတာလဲ
ပါးး   : ပါးသိတာပေါ့ ပါးရဲ့သားလေးကို ပါးက ပစ်ထားတယ်ထင်နေလို့လား  ပါးက အမြဲမင်းနားမှာရှိပါတယ်ကွာ
Yibo : ဒါဆို ကျုပ်တစ်ခုမေးမယ်

ဝမ်ပါပါး ဝမ်ရိပေါ်ကိုထိုင်ခုံပေါ် ဝင်ထိုင်ခိုင်းလိုက်ပြီး

ပါး  : မေး သားမေးချင်တာမေး ပါးအကုန်ဖြေပေးမယ်
Yibo : ပါး မားကိုချစ်ခဲ့လား
ပါး    : ပါး သားကို ဒီနေ့ အဖြစ်မှန်တွေကိုပြောပြမယ်..........

"တကယ်တော့ ပါး မင်းရဲ့မားကို ညီမလေးတစ်ယောက်ထက်ပိုမချစ်ဘူး ပါးချစ်ခဲ့တဲ့သူက ယောက်ျားလေးတစ်ယောက် ပြီးတော့ သူငယ်ချင်းအရင်းခေါက်ခေါက် ပါးတို့အိမ်ကသိတော့ သူတို့အရှက်ရမှာစိုးလို့ မင်းရဲ့မားနဲ့ အတင်းပေးစားတယ်လေ ပါးသူ့အပေါ်တာဝန်ကျေတဲ့ ယောက်ျားအဖြစ် နေခဲ့တယ်  ။ပြီးတော့ ပါးရဲ့သူငယ်ချင်းကိုလည်း ပါးမေ့ပစ်ခဲ့တယ် ။ဒါပေမဲ့တစ်နေ့တော့ ပါးတို့နှစ်ယောက်အကြောင်းကို သူဘယ်ကနေသိသွားမှန်းမသိဘူး အဲ့မှာ ပါးကိုသူပြောတယ် ယောက်ျားချင်းကြိုက်တဲ့ပါးကို သူရွံ့တယ်တဲ့ ၊ပြီးတော့ စိတ်လည်းနာတယ်တဲ့ ၊ အဲ့လိုပြောပြီးတော့ သားကိုယ်ဝန်ကြီးနဲ့ထွက်သွားတာဘဲ၊ ပါးလည်း ပါးကို ပက်ပက်စက်စက်ပြောသွားတဲ့သူ့ကို စိတ်နာတာကြောင့် ပစ်ထားမိတယ် ၊ ပြီးတော့ပါးအိမ်က နောက်ထပ်မိန်းမပေးစားကြပြန်တယ်
ဒီလိုနဲ့ သားမှာမိထွေးဆိုတာရှိလာတာဘဲ.......  ဒါတွေအားလုံးက ပါးရဲ့ အတိတ်ကအမှားတွေပါ ပါးကြောင့် စိတ်ဆင်းရဲရတဲ့လူတွေအများကြီးဖြစ်လာတယ်
အဲ့ထဲမှာ သားလည်းပါသွားမှာပေါ့ ပါးသားကို
တောင်းပန်ပါတယ် ပါးကိုခွင့်လွှတ်ပေးပါ။"

Tom loved Jerry (complete)Where stories live. Discover now