Tom loved Jerry 3

8.1K 604 2
                                    

Part 3
UNICODE
အထက်တန်းကျောင်းတစ်ခုတွင် .......

ဆရာ -  ရှောင်းကျန့် အဆင့် 1 ကျန်းချန် အဆင့် 2 ကျားချန် အဆင့် 3 .........................ဝမ်ရိပေါ်  အဆင့် ၄၉ .......

ကျောင်းသားများ : ဝါး ၄၉   သူ့ထက် ညံ့တဲ့ကောင်ပေါ်လာပြီလားး 😲😲

ဆရာ - ငြိမ်ငြိမ်နေကြစမ်း  အရင်က ငါတို့အတန်းထဲမှာ ကျောင်းသားပေါင်း အယောက် ၅၀ ရှိတယ်
အခု တစ်ယောက်က ကျောင်းပြောင်းသွားတယ်
.............

ကျောင်းသားများ : ဟားဟား ရိပေါ် မင်းတစ်ဆင့်တက်သွားပြီ ဂုဏ်ယူပါတယ် 🤪🤪

ဝမ်ရိပေါ် ဆရာပြောသမျှ ကျောင်းသားများပြောသမျှကို ပန်းနဲ့ပေါက်နေသလိုပင် အေးဆေးထိုင်နေ
တော့

XZ : တွေ့လား အဲ့တာကြောင့် သူ့ကိုငါမုန်းတာ  ဘယ်တော့မှ မျက်နှာပျက်သွားတယ်ကို မရှိဘူးး
ဒီလောက်ပြောခံနေရတာကို တစ်ချက်မှ  မျက်နှာမပျက်ဘူးးး

ကျန်းချန် : သူ့ဘာသူ သူ့အထာနဲ့သူနေတာ မင်းနဲ့ဘာဆိုင်လဲကွာ
XZ : ဆိုင်တာပေါ့
ကျန်းချန် : ဘာ ! မင်းသူ့ကြိုက်နေတာလား
XZ : ဘာတွေပြောနေတာလဲကွာ ငါကဒီအတန်းမှာဘာလဲပြော
ကျန်းချန် : အတန်းခေါင်းဆောင်
XZ  : ပြီးတော့ရော ??
ကျန်းချန် : စာကျက်ခေါင်းဆောင်
XZ   : အေ့အဲ့တာဘဲ သူက အဆင့်မတက်ဘဲ ဘိတ်ချီးဖြစ်နေရင် ငါ့သိက္ခာကျတယ်
ကျန်းချန် : မဆိုင်ပါဘူး မင်းကိုက မေတ္တာတွေ ပိုနေတာ
XZ : တော်စမ်း ငါဆရာ့ဆီ သွားအုန်းမယ်
ကျန်းချန် : ဘာတွေသွားပြီး လျှာရှည်အုန်းမလို့လဲ
XZ : ခဏနေသိလိမ့်မယ် 😉😉

ဆရာ အတန်းထဲဝင်လာတော့ နောက်က ရှောင်းကျန့်ပါ တစ်ခါတည်းပါလာသည်

ဆရာ : ကဲ ဆရာပြောစရာရှိတယ် စကားမပြောနဲ့
ကျောင်းသားများ : ဟုတ် ဆရာ
ဆရာ : ဝမ်ရိပေါ် သားခဏလာခဲ့အုန်းး

ရိပေါ် ထိုင်နေရာက ထလိုက်ပြီးး ဆရာ့ဆီသွားလိုက်သည်
ဆရာ : မင်းနောက်နေ့ကစပြီး ရှောင်းကျန့်ဘေးသွားထိုင်  ပြီးတော့ မင်းက သူ့တပည့်ဖြစ်သွားပြီ သူပြောတာနားထောင် ပြီးတော့ သူခိုင်းတဲ့အတိုင်းလုပ်ကြားလားးး မလုပ်လို့ သူလာတိုင်ရင် မင်းကိုဘဲအပြစ်ပေးမှာ
Yibo : ဟမ် 🙄
XZ : ငါ့ဘေး လာပြောင်းထိုင်တော့

Tom loved Jerry (complete)Where stories live. Discover now