Tom loved Jerry 15

6.7K 595 7
                                    

Tom loved Jerry ( မတည့်အတူနေ)
Part 15
Unicode
XZ  : ဝမ်ရိပေါ် ဘာလို့ ငါ့လက်ကို ရိုက်လိုက်တာလည်း
Yibo : ဘာမှမဖြစ်ဘူး လုပ်စရာရှိတာမလုပ်ဘဲ လေကြောရှည်နေလို့ ရိုက်တာ
XZ.  : ဟင့် ငါမပြောချင်ဘူးနော်......
ရှောင်းကျန့်တံခါးကိုဆောင့်ပိတ်ပြီး ဌာနဘက်ထွက်လာလိုက်သည်။ပါးစပ်ကလည်း ပွစိပွစိနဲ့
" သူ့ဟာမကို သူ့ဘေးနားထားချင်တာနဲ့ ငါ့ကိုရာထူးချပစ်တာ တွေ့အုန်းမယ်ဝမ်ရိပေါ်.... "
ဝမ်ချင် ရှောင်းကျန့်ထွက်သွားတော့ ထိုင်ခုံပေါ်ထိုင်လိုက်ပြီး 
ဝမ်ချင် : ဝမ်ရိပေါ် နင့်ဟာကို ငါစနိုက်မကျော်ပါဘူးဟဲ့
Yibo    : မကျော်တဲ့ရုပ်ကလည်း တွေ့ကတည်းက ရှောင်းကျန့်ကိုဘဲ နှုတ်ဆက်နေပြီးတော့
ဝမ်ချင် :နင်တော်တော်အဖြစ်သည်းပါလား ဝမ်ရိပေါ် ဒါပေမယ့် နင့်ဟာလေးက သည်းတော့သည်းချင်စရာလေးဟဲ့ ယုန်သွားလေးနဲ့ ချစ်စရာလေး
Yibo : ဒီနေ့မှ အလုပ်စဝင်တာနော် ဒီနေ့ဘဲ အလုပ်ထွက်ချင်နေတာလား ဝမ်ချင်
ဝမ်ချင်  : အမလေးဟယ် ဒါလေးပြောမိတာကို ငါ့ကိုအလုပ်ထုတ်တော့မှာလား ။ဒါကိုပြောတာနေမှာ လူတွေက အချစ်နဲ့တွေ့ရင် သူငယ်ချင်းသံယောဇဉ်တောင် ဖြတ်ပစ်ကြတယ်တဲ့
XZ   : ဖြတ်သင့်ရင်ဖြတ်ရမှာဘဲ သူကငါ့အပိုင် သူ့ကိုတစ်စက်လေးတောင်ထိဖို့မကြိုးစားနဲ့
ဝမ်ချင် : မထိဘူး အခုဘာအစီအစဉ်တွေရှိလဲပြော
Yibo.  : ရှိတယ် နင်လုပ်ပေးရမယ့်အရာ.
ဝမ်ချင် : ဘာလဲ.........................

ရှောင်းကျန့်တစ်ယောက် အရောင်းဌာနထဲရောက်တာနဲ့ အာပေါက်အောင်အော်နေရပြီ
XZ : ကျိုးချန် တွက်ပြတာကြီးဘဲမရဘူး ဈေးနှုန်းတွေရောရေးပြလေ မင်းကိုမင်း သင်္ချာဉာဏ်စမ်းကမ္ဘာထဲရောက်နေတာလား
ဟဲ့ ဟွိုက်စန်း ငိုက်နေပြန်ပြီ ငါနားရင်အုပ်လိုက်ရ
စစ်ကျွေးဒီလာ ဒါတွေသယ်....  ကျင်းလင်......
ရှောင်းကျန့်ကျင်းလင်ဘက်ကြည့်လိုက်တော့ အလုပ်ပေါ်မှာ အာရုံစူးစိုက်နေပုံရတယ် ၊ခေါ်တာတောင်မကြား
" မဆိုးပါဘူး ဒီကလေး အလုပ်လုပ်ဖို့စိတ်ပါလာပြီ...
ရက်စ် ဒါက ငါ့အောင်မြင်မှုဘဲကွ "
XZ  : ကျင်းလင် ဒီကိုလာ မင်းတို့ဌာနက အရင်တုန်းက ဘယ်လို promotion တွေဆင်းလဲ
ကျင်းလင် : ကျုပ်တို့ဌာနက တစ်ခါမှ promotion မချခဲ့ဘူး
XZ. : ဘာ သေလိုက်ပါတော့ ဒါကြောင့် ဒီမှာ ပစ္စည်းဟောင်းတွေ တစ်ပုံကြီးကျန်နေတာ  ဟွိုက်စန်းဒီလာ ဌာနခွဲ ၁ နဲ့ ၂ ကိုသွားမေးပေး အခုရက်ပိုင်း promotion ပွဲတေဘာတေစီစဉ်ဖို့ရှိလားလို့
ဟွိုက်စန်း : ဟုတ် အကိုကျန့်

Tom loved Jerry (complete)Where stories live. Discover now