Tom loved Jerry 4

7.2K 568 0
                                    

Unicode
ဝမ်ရိပေါ် စာလုပ်ရန် ရှောင်းကျန့်အိမ်သို့ ရောက်
ခြင်းပင်............................................................
တီ.......တောင်...
XZ : ဘယ်သူလဲကွာ ရေချိုးနေတာကို ကောင်းကောင်းမချိုးရဘူး လခွမ်းး
ဝမ်ရိပေါ် အပေါ်ဝတ်မပါဘဲ အောက်ပိုင်းတဘက်လေးပတ်ပြီး တံခါးဖွင့်ပေးနေသော  ရှောင်းကျန့်အားကြည့်ကာ ကြောင်သွားသော်လည်း အခြေအနေက်ုပြန်ထိန်းကာ  ထိုင်ခုံပေါ်သွားထိုင်နေလိုက်သည်
XZ : အိမ်မှာ ဘယ်သူမှ မရှိဘူး မင်းလွတ်လွတ်လပ်လပ်နေ လာမယ်ဆိုလည်း ကြိုမပြောဘူးး
ဝမ်ရိပေါ်ဘာမှ ပြန်မဖြေ ကျောက်ရုပ်လိုသာထိုင်နေတော့သည် ( သူဘယ်လောက်တုန်လှုပ်သွားမလဲ တွေးကြည့် ခိခိ )
XZ : ဝေ့ မင်းငါပြောနေတာမကြားဖူးလား ဘာလို့ကျောက်ရုပ်ကြီးလိုထိုင်နေတာလဲ
Yibo : ငါ...ငါ..  မင်းအင်္ကျီအရင်သွားဝတ်ချည်
XZ : အမယ် မင်းရှက်နေတာလား ဝမ်ရိပေါ်
ဒါမှမဟုတ်...  ငါ့အချိုးအစားကိုကြည့်ပြီး ကြွေသွားတာလားဟမ် 😁😁
Yibo : တော်စမ်း  ယောက်ျားချင်းရှက်စရာလား
မင်းမှာရှိသလို ငါ့မှာလည်းရှိတယ်ကွ
XZ : အလဲ့ ဘာရှိတာလဲ
Yibo : Six pack လေ ဘာလဲ တခြားဟာကြည့်ချင်သေးလို့လား ရှောင်ရှောင်းကျန့်
ရှောင်ကျန့် အစလွန်ပြီး သူဆီမြှားဦးပြန်လှည့်လာသည့် ဖြစ်ရပ်အား နားမလည်နိုင် သို့ပေမယ့်သူအရှုံးပေးမှ ရတော့မည့်အခြေအနေပင်မဟုတ်လား...
XZ : တော်ပြီတော်ပြီ ငါအရှုံးပေးတယ် ဟုတ်ပြီလား
အင်္ကျီ သွားလဲအုန်းမယ် စောင့်နေ
Yibo : မြန်မြန်လုပ် !

ရှောင်းကျန့် ဝမ်ရိပေါ်အားအရွဲ့တိုက်ကာ အင်္ကျီကို တစ်ထည်ချင်းဝတ်ကြည့်လိုက် ပြန်ချွတ်လိုက်လုပ်နေသည်မှာ ငါးထည်မြောက်ပင်ရှိလေပြီ

XZ : ဟီးဟီး ဒေါသအိုးတော့ ဒေါပွနေလောက်ပြီ 😁

ရှောင်းကျန့် အောက်ထပ်ဆင်းလာတော့ ဝမ်ရိပေါ်ကဒေါသမထွက်တဲ့အပြင် ဆိုဖာပေါ် ခြေကားယား လက်ကားယားနှင့် အိပ်နှင့်နေပြီဖြစ်သည်  
XZ ; ဒင်းက စာလာသင်တာလား ငါ့အိမ်လာအိပ်တာလားမသဲကွဲဘူးနော်
ရှောင်းကျန့်  အိပ်နေသောသူ၏  နှုတ်ခမ်းပေါ်တွင်
ဆော့ပင်ဖြင့် နှုတ်ခမ်းမွှေးဆွဲလိုက် မျက်လုံးနှစ်လုံးပေါ်တွင်လည်း အဝိုင်းနှစ်ဝိုင်း  နှုတ်ခေါင်းပေါ်တွင်လည်း အစက်လေးချပေးလိုက်သည်
ခဏနေတော့
XZ : ဝမ်ရိပေါ်ထတော့ ထ  (ခြေထောက်ဖြင့်လှုပ်နှိုးလိုက်ခြင်းပင် )
Yibo : ဝှါးးးး မင်းပြီးပြီလား မြန်မြန်လုပ် ငါသွားစရာရှိသေးတယ်
XZ    : ဘယ်သွားမှာလဲမင်းက
Yibo  : မင်းလို လူတော်တွေ သွားလို့မရတဲ့နေရာ
XZ     : ဘယ်နေရာမို့လို့လဲ ငါတို့သွားမရဘူးလို့ပြောရအောင်
Yibo   ကလပ်!
XZ     : ဘယ်ချိန်သွားမှာလဲ ငါလဲလိုက်မယ်
Yibo   မင်းလို အရှုပ်ထုတ်ကိုခေါ်စရာလား
XZ     : ဒါဆို မင်းပုံတွေကို ကျောင်း page မှာ သွားတင်မှာ အဲ့ကျမှ ငါမပြောဖူးမလုပ်နဲ့
Yibo  : ဘယ်တုန်းက ပုံလဲ ငါ့ကိုယ်ငါတောင်တစ်ခါမှ ဓာတ်ပုံမရိုက်ဖူးဘူးးး
XZ     : ဒီမှာလေ ဟဲ ဟဲ ဟဲ
ရှောင်းကျန့်ဖုန်းထုတ်ပြလိုက်တော့ ဝမ်ရိပေါ် ဒေါသတွေထွက်ကာ သူ့မျက်နှာသူ ပြန်ကြည့်လိုက်တော့
Yibo: မင်းးး အခုဖျက်စမ်း
XZ   : မဖျက်နိုင်ပါဘူး မင်းသာငါ့ကို အဲ့မခေါ်သွားဘူးဆိုရင် ငါမင်းပုံတွေကို ကျောင်း page မှာသွားတင်မှာ
စာမသင်ဘဲ သူများအိမ်လာအိပ်လို့ အပြစ်ပေးခံရခြင်းဆိုပြီးးး 😛😛
Yibo  : အိုခေ ငါခေါ်မယ်ဟုတ်ပြီလားး
XZ     : yes ! အဲ့လိုလုပ်ပါကွ လိမ္မာချင်ရက်နဲ့ မဆိုးပါနဲ့ကွာ ခိခိ
ရှောင်းကျန့်  ဝမ်ရိပေါ်ပါးကို လက်နဲ့ဆွဲဖဲ့နေတော့ ဝမ်ရိပေါ် လက်ကို ခါထုတ်ပစ်လိုက်သည်
Yibo : မင်းလုပ်ထားအုန်းပေါ့ကွာ
XZ    : လာလာ စာသင်ရအောင် မင်းကို အခုအဆင့်ထက်ကျော်အောင်လုပ်ပေးမယ်
Yibo  : မလိုဘူး ငါက သူများတွေနဲ့ပြိုင်ရတာမကြိုက်ဘူး
XZ    : မင်းက ပြိုင်ချင်စိတ်မရှိတာလား အဖြစ်မရှိတာလား  ငါတော့ အဖြစ်မရှိဘူးလို့ထင်တာဘဲ
Yibo : တော်စမ်း နားညီးတယ် သွားဖျက်လိုက်အုန်းမယ်😒😒
XZ  :ဟားဟားး ကျေနပ်လိုက်တာ စရတာ..............
.............................................................................
.............................................................................
ကလပ်ရောက်သောအခါ အရင်ဝင်သွားသူမှာ
ဝမ်ရိပေါ်ဖြစ်၍  ရှောင့်ကျန့်မှာ ဟိုငေးဒီငေးနဲ့ကျန်ခဲ့လေသည်

Tom loved Jerry (complete)Where stories live. Discover now