Tom loved Jerry 23

6.8K 582 13
                                    

Tom loved Jerry ( မတည့်အတူနေ)
Part 23
Unicode
ရှောင်းကျန့် မိမိဌာနသို့ပြန်ရောက်လာသည်။
XZ  : မောလိုက်တာ
ဟွိုက်စန်း : ပြန်လာပြီလား အကို
XZ  : ပြန်လာပြီ ညီလေး
ဟွိုက်စန်းနားမလည် အရင်တုန်းက အမြဲ အော်ကြီးဟစ်ကျယ်ပြောနေတဲ့ အကိုက ခုမှနူးညံ့နေသည်မှာ
စဉ်းစားစရာဘဲ
"ခုနကတောင် ငါ့ကိုဆူသွားသေးတယ် အခုက ဘယ်လိုဖြစ်လာတာလဲ "
စစ်ကျွေး : အကို ဒီမှာ ဒီဇိုင်းပုံစံ
XZ  : ဒါမင်းတို့လေးယောက် သဘောတူတဲ့ ပုံစံလား
စစ်ကျွေး : ဟုတ် ဒါကိုသဘောတူတဲ့သူ သုံးယောက်ရှိတယ် ၊ဒါကြောင့် ဒါကိုဘဲသုံးလိုက်တာ
XZ : တစ်ယောက်က ဘာလို့ သဘောမတူတာလဲ
ဟွိုက်စန်း : အကို ကျွန်တော်က ဒီဇိုင်းကိုကြိုက်တယ် ၊ဒါပေမယ့် အရောင်ကိုမကြိုက်တာ အရောင်က ကျွန်တော့်အမြင်မှာ ဆွဲဆောင်မှုမရှိဘူး
ရှောင်းကျန့် သေချာကြည့်လိုက်တော့ အရောင်က ပန်းရောင် ဖျော့တော့အရောင်ဖြစ်နေသည်
XZ. : သူပြောတာလည်း ဟုတ်တယ် အရောင်က ဖျော့လွန်းနေတယ်၊နည်းနည်းတောက်တာလေးရွေး
ဟွိုက်ဆန်း မင်းဘယ်အရောင်ကို ပိုကြိုက်လဲ
ဟွိုက်ဆန်း : ကျွန်တော်ကအနီရောင်တောက်တောက်လေး ကြိုက်တယ် အဲ့တာက ကျွန်တော်တို့ လူမျိုးတွေ အကြိုက်များတဲ့အရောင်မလား
XZ   : မဆိုးပါဘူး မင်းမှာအမြင်ရှိတယ် ကျိုးချန် မင်းရဲ့သဘောကရော
ကျိုးချန်: မဆိုးပါဘူး ဈေးကွက်အရ တွက်ကြည့်ရင်လည်း အနီရောင်က လူကြီးတွေလည်းကြိုက်တဲ့အရောင်ဘဲလေ ဈေးကွက်ချဲ့လို့ရတာပေါ့
XZ  : ဟုတ်ပြီ စစ်ကျွေးနဲ့ ကျင်းလင်ကရော အရောင်ပြောင်းဖို့ သဘောတူလား
.....: ဟုတ် သဘောတူတယ်
XZ : ဒါဆို မင်းတို့မှာ ဒီကိစ္စနဲ့ပတ်သက်ပြီး အငြင်းပွားစရာရှိသေးလား
ကျင်းလင်း : မရှိတော့ပါဘူး အကို
XZ  : ဒါဆိုလည်း တခြားကိစ္စပြောရအုန်းမယ်
ငါ့မင်္ဂလာဆောင်အတွက် promotion အစီအစဉ် တခြားပုံစံ ပြောင်းမယ် ၊ အဲ့တာက ငါတို့ဌာနကထုတ်တဲ့ WYX product တွေကို တစ်ခါသုံးဘူးသေးသေးလေး ထုတ်ပြီးဝေချင်တယ်၊ ပြီးတော့ ဒီဌာနရဲ့နာမည်ကိုလည်း ပြောင်းမယ် အဲ့တာမင်းတို့ဘယ်လိုပြောင်းချင်လည်း စဉ်းစားထားကြ။
အခုကစပြီး ငါတို့ဌာနက ဌာနခွဲမဟုတ်တော့ဘူး ကုမ္ပဏီမှာ သီးခြားရပ်တည်မဲ့ ဌာနတစ်ခုဖြစ်သွားပြီ။ အဲ့အတွက်မင်းတို့က ငါတို့ဌာနအတွက် ပိုပြီးကြိုးစားရမယ်။ငါတို့က အချိန်ခဏအတွင်းမှာ သီးခြားရပ်တည်မယ့် ဌာနဖြစ်တာကြောင့် အခက်အခဲတွေ ၊ လူအများရဲ့အပြောအဆိုတွေကို ကျော်လွှားရမယ်။ဒီအတွက် အားအင်အပြည့်ရှိနေပါစေ။
........ : ဟုတ် !!!!
XZ    : စစ်ကျွေး စက်ရုံမှာသွားပြော နောက်လေးရက်အတွင်းအမှီထုတ်ပေးဖို့ပြောလိုက်
စစ်ကျွေး : ဒါဆို ကျွန်တော်ကျင်းလင်ကိုခေါ်သွားမယ်နော်
XZ    : မခေါ်နဲ့ ဟွိုက်စန်းကိုခေါ်သွား ဟွိုက်ဆန်းကအမြင်ကောင်းတယ် မင်းတို့အတူတွဲလုပ်
ပြီးတော့ကျိုးချန်က ဘယ်လိုဈေးကွက်ဖောက်ရင် ဘယ်လိုအကျိုးအမြတ်ရနိုင်လဲ အသေးစိပ်တွက်ကြည့် ကျင်းလင်ကဈေးကွက်ရှာပေးလိုက်
ကျိုးချန် : ဒါဆို အကိုကရော ဘာလုပ်မှာလဲ
XZ         : ငါက Paradise managerနဲ့ ဆွေးနွေးစရာရှိတယ်၊အဲ့တာသွားဆွေးနွေးရမယ်လေ
ထိုအချိန်တွင် ဘယ်အချိန်ကတည်းက ရောက်နေမှန်းမသိတဲ့ ဝမ်ချင် ရောက်လာပြီး
ဝမ်ချင် : ဝေ့ ရှောင်းကျန့်
XZ       : အာ ဝမ်ချင် ဘာလာလုပ်တာလဲ။
ဝမ်ချင် : အော် CEO က ကိုယ်စားလှယ် ခန့်လိုက်လို့လာခဲ့တာ
XZ      : ဟမ် ဘာကိုယ်စားလှယ်လည်း  နင်က အတွင်းရေးမှူးမဟုတ်လား
ဝမ်ချင် : အော် ဟုတ်တယ် ငါက လိုရင်လိုသလို ရာထူးပြောင်းတယ်
XZ.   : ငါနားမလည်ဘူး မင်းကသူ့ရဲ့အတွင်းရေးမှူးမဟုတ်တာလား ၊ဟုတ်တာလား
ဝမ်ချင် : အင်း နင်နဲ့သူနဲ့က အဆင်ပြေသွားပြီဆိုတော့ ပြောပြရမှာပေါ့ လာအပြင်သွားရအောင် ငါပြောပြပါ့မယ်
ဝမ်ချင်တိုးတိုးလေးကပ်ပြောလိုက်သည်
" ဒီမှာ CCTVနဲ့ အသံဖမ်းစက်ရှိတာ သိတယ်မလား "
XZ  : နင်ဒါလည်း သိတာဘဲလား................

Tom loved Jerry (complete)Where stories live. Discover now