Tom loved Jerry 27

6.1K 484 15
                                    

Tom loved Jerry ( မတည့်အတူနေ )
Part 27
UNICODE
ဝမ်ရိပေါ် အိပ်ရာနိုးတော့ အိပ်နေတဲ့ ရှောင်းကျန့်အား တစ်စိမ့်စိမ့် ကြည့်နေလိုက်သည်။ပွယောင်းယောင်းဖြစ်နေတဲ့ ဆံပင်လေးတွေကို လက်နဲ့အသာရှင်းပေးရင်း နဖူးပေါ်ကျနေတဲ့ ဆံပင်လေးတွေကိုအသာသက်ကာ မနက်ခင်းအနမ်းလေးပေးလိုက်သည်။
" မောနီး ရှောင်းကျန့်လေး.. "
ထိုအချိန်တွင် အိပ်နေတဲ့ရှောင်းကျန့်၏ မျက်နှာပေါ်၌ အပြုံးတစ်ခုပေါ်လာသော်လည်း မျက်လုံးတော့ဖွင့်မလာပေ။ပါးစပ်မှလည်း တိုးတိုးလေးရေရွတ်လိုက်သည်။
" morning ကိုကို " ပြောပြီးချင်း ရှောင်းကျန့် မိမိ၏ ခေါင်းလေးများကို ဝမ်ရိပေါ် လက်မောင်းပေါ်သို့ ရွှေ့တင်လိုက်သည်။တစ်ဆက်တည်း လက်မှလည်း ခါးလေးကို သိမ်းကျုံးဖက်ထားလိုက်သည်။
Yibo : မထသေးဘူးလား ရှောင်းကျန့်လေး
XZ : ထဘူး ညက ငါပင်ပန်းထားတယ် ၊နည်းနည်းအိပ်အုန်းမယ်ကွာ
Yibo : အိပ်ကွာ ကိုကိုထပြီး မနက်စာ ပြင်ထားလိုက်မယ်နော်
XZ. : မပြင်ရပါဘူး ငါအိပ်ရာထမှ မင်းလည်းထရမှာ
Yibo : ကဲ ဟုတ်ပါပြီကွာ မထတော့ဘူး မင်းသာအိပ်ရေးဝအောင်အိပ်ထား၊ နောက်ရက်တွေရှိသေးတယ် ။
XZ : ဘာတွေ လာပြောနေတာလဲကွာ
Yibo : ဟီး မင်းရဲ့ကိုကိုက မှန်တာတွေဘဲပြောတာသိတယ်မလား
XZ : ဟင့် ညကလိုလုပ်ကြည့် ညစ်ပစ်မှာနော်မင်းကို
Yibo : ဘာကိုညစ်ပစ်မှာလဲ
XZ : လည်ပင်းလေ လည်ပင်းကိုပြောတာ
Yibo : အော် လည်ပင်းလားးး ဟီးဟီးး
XZ : ဟာ ကိုကို မင်းမကောင်းဘူးး
ညားကာစ မောင်နှံနှစ်ဖော်တို့ကတော့ တစ်ယောက်ကစလိုက် တစ်ယောက်က စိတ်ကောက်လိုက် ၊
နှစ်ယောက်သား တစ်ယောက်မျက်နှာတစ်ယောက် ကြည့်ရင်း ထရယ်လိုက်ကြနဲ့ အခန်းထဲတွင် ရယ်မောသံများနဲ့ ပြည့်နှံ့နေလေတော့သည်။...............

ဝမ်ချင် ဆူပုပ်ပုပ်နဲ့ ရုံးခန်းထဲဝင်လာသည်။ဘယ်သူမှမရောက်သေးတာကြောင့် တစ်ယောက်တည်း လုပ်လက်စအလုပ်တွေ ဆက်လုပ်နေရသည်။
ဝမ်ချင် : ဒါတွေပြီးရင် ဝမ်ရိပေါ်အလုပ်တွေ ဆက်လုပ်ပေးရအုန်းမယ်။ ငါနဲ့နော် ဘယ်ကဝဠ်ကြွေးပါလိမ့်
ဒီလင်မယားနှစ်ယောက်ရဲ့ အလုပ်တွေကို ငါဘဲလုပ်ပေးနေရတယ်။ဟင့် မနက်ကလည်း ဝမ်ရိပေါ်ငါ့ဆီ ဖုန်းဆက်သေးတယ် သုံးရက်လောက်နားမယ်တဲ့၊ သုံးရက်လောက်နားပြီး ဘာလုပ်ကြမလို့ပါလိမ့်၊
မင်္ဂလာလည်း ဆောင်ပြီးပြီကို အေးဆေးလုပ်လည်းရပါတယ်ဟဲ့ ဒင်းတို့ကပိုကိုပိုကြတယ်။
ယန်ယန်းတစ်ယောက် နောက်ကရောက်နေသည်ကိုတော့ မသိလိုက်ပေ။
"မမဝမ်ချင်!!"
ဝမ်ချင် : အမလေး ! ဟမ်ညီမလေးပါလား ဘာလာလုပ်တာလဲ
ယန်ယန်း : အော် ဒီနေ့ဘဲ ညီမတို့ကုမ္ပဏီက မမတို့ဌာနရဲ့ ပစ္စည်းတွေကို marketတိုင်းမှာတင်ဖို့လာယူတာ
ဝမ်ချင် : အော် ကောင်းလိုက်တာ လာလေ စက်ရုံကိုမမလိုက်ပို့မယ်
ယန်ယန် : ဟုတ်မမ
စကားပြောရင်း လှေကားပေါ်မှဆင်းလာကြရာ ယန်ယန်းသတိမထားမိဘဲ လှေကားတစ်ဆင့်ကို ကျော်နင်းမိသွားသည်။
ယန်ယန်း :အားးး
ဝမ်ချင် : ယန်ယန်း ညီမလေး ဘာဖြစ်သွားသေးလဲ ရရဲ့လား
ယန်ယန်း : အား ခြေထောက်ခေါက်ပြီးလဲတာဆိုတော့ ခြေဆစ်လွဲပြီထင်တယ်
ဝမ်ချင် : ဒါဆို ခြေထောက်ကမထောက်နိုင်တော့ဘူးပေါ့
ယန်ယန်း : ထောက်နိုင်လောက်ပါတယ် မမရဲ့
ဝမ်ချင် :မဖြစ်သေးပါဘူး လာ မမကုန်းပိုးမယ် မမပေါ်တက်လိုက်
ယန်ယန်း : အာ မဖြစ်ပါဘူး မမရယ်
ဝမ်ချင် : လာပါ တက်မှာသာတက် မမကုန်းပိုးမယ်
ယန်ယန်း : ဒါဆို ညီမလေးကို ကုမ္ပဏီရှေ့ဘဲ လိုက်ပို့ပေးပါ။
ဝမ်ချင် ယန်ယန်းကို ကုန်းပိုးလိုက်ပြီး
ဝမ်ချင် : ညီမလေးတစ်ယောက်တည်း လာတာလား
ယန်ယန်း :ဟုတ်ဘူးမမ ဒရိုင်ဘာနဲ့လာတာ
ဝမ်ချင် : အော် ဒါဆို ကားပေါ်ရောက်တာနဲ့ တစ်ခါတည်းဆေးခန်းကိုမောင်းပို့ခိုင်းနော်
ယန်ယန်း : ဟုတ်မမ မမကလေ ညီမလေးကို သိပ်ဂရုစိုက်တာဘဲ၊ချစ်ဖို့ကောင်းလိုက်တာ။
ဝမ်ချင် : ချစ်ဖို့ဘဲကောင်းတာလား ၊မချစ်တော့ဘူးလား
ယန်ယန်း :ချစ်ဖို့ကောင်းပါတယ်ဆိုနေမှ ချစ်လို့ပေါ့ မဟုတ်ဘူးလား
ဝမ်ချင် : မတူဘူးလေး ညီမလေးရဲ့ ချစ်ဖို့ကောင်းတယ်ဆိုတာက အပေါ်ယံအသွင်အပြင်ကိုပြောတာလေ၊ချစ်တယ်ဆိုတာကကျ နှလုံးသားထဲကလာတာကွယ့်
ကဲ ရောက်ပြီ ကားပေါ်ဖြေးဖြေးတက်နော် ပစ္စည်းတွေကို ခဏနေမှ စစ်ကျွေးတို့ကို ပို့ခိုင်းလိုက်တော့မယ်။
ယန်ယန်း : ဟုတ်မမ
ယန်ယန်း ကားပေါ်ကနေ သူ့ကို တာတာ့ပြကာ စွဲဆောင်မှုရှိလှတဲ့ အပြုံးတွေနဲ့ နှုတ်ဆက်နေတဲ့ ဝမ်ချင်ကို ကြည့်နေလိုက်သည်။လက်တစ်ဖက်ဖြင့် မိမိရင်ဘတ်ကို ဖိစမ်းလိုက်ပြီး
"ဒီမမကို ကြည့်ရင်းနဲ့ ငါရင်တွေခုန်လာသလိုဘဲ...."

Tom loved Jerry (complete)Where stories live. Discover now