Tom love Jerry (extra)

6K 396 6
                                    

Tom loved Jerry 
For yizhan (extra)
Unicode
XZ:ကိုကို ကိုကို ကိုကို မနိုးသေးဘူးလားနောက်ကျ
နေပြီကွာ ကုမ္ပဏီသွားရတော့မယ်"
ရှောင်းကျန့်အိပ်မောကျနေတဲ့ဝမ်ရိပေါ်အား
လှုပ်နှိုးနေခြင်းဖြစ်သည်။
Yibo:အားး အစောကြီးရှိသေးတာကိုကွာ မင်းကလုပ်ပြီ ကိုကိုတို့ ညကလည်းသိပ်မအိပ်ရသေးဘူးလေကွာ..."
XZ :လာမပြောနဲ့ထတော့ မင်းအခုမထနိုင်ရင် နောက်နေ့ကစပြီး ညတိုင်းအစောကြီးအိပ်တော့
Yibo:ဟမ် အခုထပြီထပြီ ရှောင်းကျန့်လေးကလည်း ကိုကိုက မင်းနဲ့လက်ထပ်ပြီးတဲ့နေ့ကစလို့ ဘယ်တုန်းကစောစောအိပ်ဖူးလို့လဲ သိရဲ့သားနဲ့နော်
ဝမ်ရိပေါ် ပြောရင်းဆိုရင်း ရင်ခွင်ထဲရောက်နေပြီဖြစ်တဲ့ ရှောင်းကျန့်ဆူပုပ်ပုပ်လေးကို အသည်းယားစွာ နမ်းလိုက်တယ်၊
XZ :သွားပါ မင်းကငါ့ကိုချစ်တယ်လို့သာပြောတာ ဒီနေ့ကဘာနေ့လည်းဆိုတာမသိဘူးမလား
Yibo: ဟမ် ဒီနေ့ကဘာနေ့ပါလိမ့်...................
ရှောင်းကျန့်အတော်လေးစိတ်ဆိုးနေပါပြီ၊ဒီနေ့ကသူတို့ရဲ့ ချစ်သူဖြစ်တဲ့ သုံးနှစ်မြောက် Anniversary လေ၊ဒါကို ဝမ်ရိပေါ်မသိဘူးတဲ့လား..
XZ : မဖြစ်နိုင်ဘူး သူသတိမရဘူးတဲ့လား
Yibo:ရှောင်းကျန့်လေး ဘာတွေစဉ်းစားနေတာလဲဟင် ၊ကိုကိုတို့ ရေချိုး၊မနက်စာစားပြီး ကုမ္ပဏီသွားမယ်လေ
ရှောင်းကျန့် စိတ်တိုပြီးရင်းစိတ်တိုရပြန်ပြီ။ခုရက်ပိုင်း ကိုကိုသူ့ကိုဂရုမစိုက်ဘူး၊သူမသိအောင်လည်း ကုမ္ပဏီအပြင်ဘက်ခဏခဏထွက်တယ်။
"ကိုကို မင်းငါ့ကို မချစ်တော့တာလား ၊ငါကမင်းအတွက်မလိုအပ်တော့တာလား...."
Yibo :ရှောင်းကျန့်လေး ရေချိူးမယ်လေကွာ
XZ : အင်း မင်းအရင်ချိုးချင်ချိုးလေ၊ငါနောက်မှချိုးတော့မယ်
ရှောင်းကျန့်အိပ်ယာပေါ်က ထထွက်ကာ အောက်ထပ်ဆင်းသွားလေတော့သည်။အောက်ရောက်တော့ မျက်ရည်လေးဝဲကာ ထိုင်စဉ်းစားပြန်တယ်။
" ကိုကိုက ငါ့ကိုတကယ်မချစ်တော့တာလား၊ခါတိုင်းဆို ငါမပါဘဲ ရေချိုးခန်းထဲ မဝင်သလို၊မျက်နှာလည်းသစ်တာမဟုတ်ဘူး..အခုငါထွက်လာတာတောင်
သူလိုက်မလာဘူး၊ငါမျက်နှာအရိပ်တကြည်ကြည့် ကြည့်နေတဲ့သူက လိုက်မလာဘူးတဲ့လား......

ဝမ်ရိပေါ် ငိုင်တိုင်တိုင်လေးထွက်သွားတဲ့ရှောင်းကျန့်လေးအား အဖြေရှာရခက်နေတဲ့မျက်လုံးလေးနဲ့ ဟန်ဆောင်ကြည့်နေလိုက်တယ်။ရှောင်းကျန့်အပြင်ရောက်သွားတော့မှ ဖုန်းကိုထုတ်ပြီး ဆက်လိုက်တယ်။
" ငါတို့ခဏနေလာမယ် ပြင်ဆင်ထားလိုက်တော့......"

You've reached the end of published parts.

⏰ Last updated: Mar 06, 2020 ⏰

Add this story to your Library to get notified about new parts!

Tom loved Jerry (complete)Where stories live. Discover now