Tom loved Jerry 14

6.4K 593 13
                                    

Tom loved Jerry ( မတည့်အတူနေ)
Part -14
Unicode
ရှောင်းကျန့်မနက်အစောကြီး ကုမ္ပဏီကိုရောက်လာပြီးဌာနခွဲ (၃) သို့တိုက်ရိုက်မသွားဘဲ CEO ရုံးခန်းဘက်လမ်းလျှောက်သွားလိုက်သည်။ရုံးခန်းရှေ့ရောက်တော့ ဟိုဘက်လျှောက်လိုက် ဒီဘက်လျှောက်လိုက်နဲ့ မဝင်ရဲသေး။
" ငါဝင်ရမှာလားးး မဝင်ရဘူးလား.... ငါ့အထင်ဝမ်ရိပေါ်လက်မခံလောက်ဘူးထင်တာဘဲ ငါဘယ်လိုလုပ်ရမှာလဲ "
ရှောင်းကျန့်တစ်ယောက်တည်း ပွစိပွစိပြောနေတုန်း
ဝမ်ရိပေါ်ရောက်လာပြီး

Yibo :  ရှောင်ရှောင်းကျန့် အစောကြီး ပိုက်ဆံလာပေးတာလား၊ လာဝင်ခဲ့

ဝမ်ရိပေါ်တံခါးဖွင့်ပေးလိုက်တော့ ရှောင်းကျန့်ဝင်လိုက်ရတော့သည်။

XZ  : ဝမ်ရိပေါ်....( ရှောင်းကျန့်တုန်တုန်ရီရီလေးခေါ်လိုက်သည်)
Yibo : ဘာလဲ
XZ   : ဟိုဟာလေ ငါမင်းကိုပြောစရာရှိလို့
Yibo : အော် အလုပ်ထွက်တော့မှာဆိုတော့ဘာများပြောစရာရှိလို့လဲပြော

ဝမ်ရိပေါ် ရှောင်းကျန့်ပြောလာမယ့်စကားတွေကိုသိနေပေမယ့် မနေ့က သူ့အားကတ်ကတ်လန် ရန်တွေ့နေသော ရှောင်းကျန့်အား တမင်အခက်တွေ့အောင်လုပ်နေခြင်းပင်

Yibo : လာထိုင်လေ ဘာလို့အဲ့နားမှာရပ်နေတာလဲ

ရှောင်းကျန့် ထိုင်ခုံပေါ်ပြေးထိုင်လိုက်သည်။
XZ  : အော် မနေ့ကလေ ငါမင်းကိုပြောချင်နေတာ ငါ့ရဲ့စိတ်ကလေ စိတ်ရူးပေါက်နေတော့ မပြောဖြစ်လိုက်ဘူးသိလား ၊ ငါတို့မတွေ့တာလေခုနှစ်နှစ်ကြီးတောင်ကြာသွားတယ် ၊ ဝမ်ရိပေါ်မင်းသောက်ရမ်းချောလာတယ်သိလား ၊ လုံးဝ  perfect ဘဲ
ရှောင်းကျန့် အရွှန်းဖောက်ပြောနေသည်မှာ မနေ့ကနဲ့ လုံးဝတခြားစီပင်
Yibo  : လိုရင်းကိုပြော ရှောင်ရှောင်းကျန့် မင်းနဲ့ငါက ငယ်ငယ်ကတည်းကပေါင်းလာတာ မင်းအမူအရာကိုကြည့်လိုက်တာနဲ့ ငါ့ကိုဘာအပူကပ်မလဲဆိုတာ ခန့်မှန်းလို့ရတယ်
XZ : ဟီး ငါ့ကို ဝမ်သိန်း100လောက်ချေးပေးပါလားဟင်
ရှောင်းကျန့်မျက်တောင်လေး ပုပ်ခတ်ပုပ်ခတ်လုပ်ကာ ပြောလိုက်သည်။
Yibo : ဘာ !! ရှောင်ရှောင်းကျန့်မင်းရူးများနေတာလား ၊အလုပ်ကလည်းထွက်အုန်းမယ် ၊ပိုက်ဆံကလည်းချေးသေးတယ် မင်းလူရောဟုတ်ရဲ့လား
XZ. : ဟို... ဟိုဟာလေ အဲ့ဒီကိစ္စကိုလည်းပြောမလို့ ငါအလုပ်မထွက်တော့ဘူး ပြီးတော့လေ ကျင်းလင်ကိုလည်း အလုပ်မထုတ်လိုက်ပါနဲ့နော်၊ သူကကလေးဘဲရှိသေးတာလေ၊ သူအလုပ်ကြိုးစားလုပ်အောင် ငါလုပ်ပေးပါ့မယ်။
Yibo : ထားပါတော့ မင်းအလုပ်ကမထွက်ဘူးဆိုတော့  အဲ့ ဌာနခွဲ ၃ ကိုထုတ်စရာတော့မရှိပါဘူး
XZ   : ဒါဆို ဌာနခွဲ ၃ က ငါ့အပေါ်မူတည်နေတာလား
Yibo : ဟုတ်တယ်qမင်းအပေါ်မူတည်နေတာ မင်းအလုပ်ထွက်ရင် သူတို့ပါတစ်ခါတည်းထုတ်မှာ
XZ  : ဒါဆိုရင်လေ ဝမ်သိန်း ၁၀၀ ကရော
Yibo : အဲ့တာကတော့ ငါ့အပေါ်မူတည်နေတာလေ
XZ   : မင်းအပေါ်ဟုတ်လား
Yibo : အင်း ဘာလို့လဲဆိုတော့ အဲ့အကြွေးရှင်ကမနေ့ညကဘဲ ငါဖြစ်သွားလို့ဘဲ။
XZ  : ဘယ်လို တကယ်ကြီးလား ဝမ်ရိပေါ်
Yibo : မယုံရင်မင်းပါးကိုမေးကြည့်
ရှောင်းကျန့် ပါးဆီဖုန်းဆက်လိုက်သည်။
XZ   : ပါးးး
ပါး    : အင်းပြောသားလေး
XZ.   : ပါး အကြွေးကိစ္စလေ အဲ့တာ............
ပါး   : အော် သားရေ အဲ့အကြွေးကိစ္စကို ရိပေါ်လေး ဆပ်ပေးသွားတယ်
XZ  : ပါးတို့ဘယ်အချိန်တွေ့လိုက်တာလဲ
ပါး   : မနေ့ညကလေ သားပင်ပန်းလို့ဆိုပြီး အပေါ်တက်သွားတော့ သူရောက်လာတာ အဲ့တာနဲ့ ပါးတို့ကိစ္စကို သူသိသွားတယ်သား ၊ပီးတော့တစ်ခါတည်းဆပ်ပေးသွားတာ။သားအားရင် မင်းရဲ့မားက ကျေးဇူးတင်ကြောင်းသွားပြောလိုက်ပါအုန်းတဲ့ ၊ပြီးတော့မင်းရဲ့မားက မင်းကိုစိတ်ဆိုးနေတယ်
XZ : ဘာလို့လဲပါး
ပါး  : သူ့ရဲ့မွေးစားသားလေး ကြီးပွားနေတာကို မင်းကမပြောလို့တဲ့ ပါးကိုလည်းရန်လုပ်နေတယ် ရိပေါ်လေးထဲက ပိုက်ဆံတွေယူလို့တဲ့
XZ : မားကိုပြောလိုက်ပါပါး သားဆပ်လိုက်ပါ့မယ်လို့........

Tom loved Jerry (complete)Where stories live. Discover now