Tom loved Jerry 26

6.7K 583 39
                                    

Tom loved Jerry ( မတည့်အတူနေ )
Part 26
Unicode
ဝမ်ရိပေါ်နဲ့ရှောင်းကျန့်တို့၏ မင်္ဂလာရက်မြတ်လေးကျရောက်လို့လာပါပြီ။ရှောင်းကျန့်  ပြင်ဆင်ပြီးတော့ မင်္ဂလာပွဲအချိန် ရောက်ဖို့လိုနေသေးတာကြောင့်
အခန်းထဲတွင်သာ ထိုင်စောင့်နေသည်။ဝမ်ရိပေါ်တစ်ယောက် ဘာတွေအလုပ်ရှုပ်နေမှန်းမသိ၊မိမိအား လာမတွေ့သေးပေ။သာမန်ပွဲတွေမှာတောင် သတိုးသားက သတိုးသမီးကို တစ်ခါလောက်တော့ လာကြည့်သေးတယ်မဟုတ်လား ၊ကိုယ့်ယူမယ့်သူကိုလှကြောင်းပကြောင်းချစ်ကြောင်းတော့ ပြောကြသေးတယ်မလား၊အခုတော့ပြောဖို့ဝေးသေး ပေါ်မလာသောတစ်ယောက်ကြောင့် ရှောင်းကျန့်စိတ်တွေတိုနေပြီဖြစ်သည်။
XZ :ဘာလုပ်နေလို့ ငါ့ကိုလာမကြည့်ရတာလဲ အသုံးကိုမကျဘူး !
ပြောရင်းဆိုရင်း ဝမ်ရိပေါ် ရောက်ချလာတာကြောင့် ရှောင်းကျန့် ပါးစပ်ကို ပဒိတ်အုပ်လိုက်ရတယ်။
Yibo : ခုနက တစ်ယောက်တည်း ဘာတွေပြောနေတာလဲ ရှောင်ရှောင်းကျန့်လေး
XZ   : ဘာမှမပြောပါဘူး မင်းဘာလုပ်နေလို့ ငါ့ဆီမလာတာလည်း
Yibo : မင်္ဂလာ မဆောင်မှီလေး လက်စွပ်သွားယူနေတာ အဲ့တာနဲ့ ဒီကသတိုးသားလေးကို လာကြည့်ဖို့နောက်ကျသွားတာပါကွာ
XZ   :  လက်စွပ်က ငါတို့ယူလာတာကြာပြီမလား
Yibo : အင်းလေ ဒါပေမဲ့ အဲ့လက်စွပ်က အတုယောင်ကြီးဖြစ်နေလို့ အသစ်ထပ်လုပ်လာတာ
XZ  : ဟင် အစစ်ပါ၊ဒီလောက်ဈေးကြီးပေးခဲ့ရတာကို
Yibo : အဲ့တာကိုပြောတာမဟုတ်ဘူး ရှောင်းကျန့်လေးရဲ့
ဒီလိုကွာ အဲ့နေ့က ကိုကိုတို့ဝယ်လာတဲ့ လက်စွပ်က
တကယ်လက်ထပ်ဖို့ ဝယ်ခဲ့တာမဟုတ်ဘူးလေ ၊၊အခု ကိုကိုယူလာခဲ့တဲ့ လက်စွပ်လေးတွေက တကယ်လက်ထပ်ဖို့အတွက် ယူလာခဲ့တာ။
ဝမ်ရိပေါ်  ခုမှသူယူလာခဲ့တဲ့လက်စွပ်ဘူးလေးနဲ့ အရင်က ရှောင်းကျန့်နဲ့ တူတူရွေးလာတဲ့ လက်စွပ်ဘူးလေးကို ယှဉ်ပြီးပြလိုက်တယ်။
Yibo  : ကိုကို မင်းကိုရွေးချယ်ခွင့်ပေးမယ်။
ဒီဘူးနှစ်ခုထဲက တစ်ခုကိုရွေးလိုက်ပါ၊
တကယ်လို့ မင်းက ပထမဘူးကိုရွေးမယ်ဆိုရင်ကိုကို မင်းကို သုံးနှစ်စောင့်မယ်၊အဲ့ကျမှ တကယ့်အစစ်အမှန် လက်ထပ်ပွဲပြန်လုပ်မယ်။

တကယ်လို့ မင်းက ဒုတိယဘူးကို ရွေးမယ်ဆိုရင် ကိုကိုတို့ရဲ့ ဒီနေ့မင်္ဂလာပွဲလေးဟာ တကယ့်အစစ်အမှန် မင်္ဂလာပွဲလေး ဖြစ်လာမယ်။မင်းနဲ့ကိုကို ကလည်း တကယ့် အကြင်လင်မယားဖြစ်လာပြီ။ ကိုကိုတစ်ဘဝလုံး မင်းကိုဘဲ စောင့်ရှောက်ပြီး နေသွားမယ်လို့ ကတိပေးတယ်။

Tom loved Jerry (complete)Where stories live. Discover now