အပိုင်း 7

6.3K 494 34
                                    

Zaw

*ဝေ့...မလုပ်နဲ့လေ... မလုပ်ကဘူးလေ....ya yaaaa....*

အတင်းတွေလာဖက်နေသော ရှောင်ကျန့် ကြောင့်
ရိပေါ် ကြက်သီးပင်ထလာသလိုလို.....
သူ ရွာမှာတုန်းကလည်း သူငယ်ချင်းတွေဖက်ဖူးပေမယ့်
ဤတစ်ခါတော့ မတူပင်...
အနေရခက်လာသောကြောင့် ရိပေါ်ကြံမိကြံရာကြံကာ...

*ဒီက သခင်လေး.... ဖက်ထားတာကြီး လွှတ်ပေးပါနော်.... သခင်လေးက စိတ်ထားကောင်းပါတယ်...လွှတ်ပေးပါ... ကြိုးလည်းဖြေပေးလေနော်...ပြီးရင် သခင်လေး ခိုင်းတာ အားလုံးလုပ်မယ်လေ နော်...နော်...*

ထိုအခါ ဖက်ထားတာမှလွှတ်ကာ...

*တကယ်လား....*

*အင်း တကယ်...လွှတ်ပေးလေနော်....*

*ကိုယ့်ကို လက်ထပ်....*

* ဟမ်....*

---------

*ဟက်...ကောင်လေး မင်းတော်တော်ကံကောင်းတာဘဲ....*

*အမ်...ဘယ်မှာကောင်းလို့လဲ....*

*မင်း..ကိုရောင်းစားဖို့ လုပ်တာလေ...မင်းက သူ့ဆီရောက်ရင် ချမ်းချမ်းသာသာနဲ့ နေရမှတော့
ကံမကောင်းလို့ ဘာဖြစ်ရမှာလဲ...*

* ဟာ မသိဘူးဗျာ...ဒါက...(အင်း သူကလည်း မပြောပြခိုင်းထားဘူး....ဟင်း..)ဒါက... ကိစ္စ ရှိလို့
ခင်ဗျားနဲ့မဆိုင်ဘူး....ပြီးတော့ ခင်ဗျား...ဟိုသခင်လေး ကိုပေးထားတယ့်ကတိမဖျက်နဲ့နော်... ထပ်ပြီးတော့ မိန်းကလေးတွေကိုရောင်းမစားနဲ့တော့....*

*သိပါတယ်....ငြိမ်ငြိမ်နေ ဆံထုံးမညီဘဲနေနေလိမ့်မယ့်....*

Flash back

*တောင်းပန်ပါတယ် အသက်ကို ချမ်းသာပေးပါ နောက်မလုပ်တော့ပါဘူး....*

*ခင်ဗျား လုပ်မလုပ်ဆိုတာ ဘယ်လိုလို့ သိမှာလဲ..
ရှင်းပြစ်လိုက်တော့ မကောင်းဘူးလား ရှင်းပြစ်လိုက်ရင် ခင်ဗျား တကယ်ဘာမှ လုပ်လို့မရတော့ဘူး...*

ဝမ်နင်းမှက ဓားကို သူဌေး၏ လည်ပင်းနားကပ်ထားပြီး ပြောလိုက်သည်။
ဝမ်နင်း ထိုသို့ မိန်းကလေးတွေကိုအလွဲသုံးစားလုပ်တဲ့သူတွေကို
မုန်းသည်။ဤမိန်းကလေးတွေနေရာမှာ... သူ့ရဲ့ အမသာဆို ဟူသောအတွေးကို သူဝင်ခံစားပြီး
သူဤသို့ ရောင်းဝယ်သူများကို မုန်းသည် ရွံသည်။
သိုသော် ရှောင်းကျန့်မှ လက်တားပြသောကြောင့်မဖယ်ချင်ဘဲ ဓားကို ဖယ်လိုက်ရသည်။

When the wind blow...(Completed )Where stories live. Discover now