part 23

4.1K 358 35
                                    

*ဘယ်လိုဖြစ်နေတာလဲ...အခြားသူတွေရှိပါတယ် ဆိုနေမှ....ထ.....*

ထမင်းစားရင်း ရိပေါ်ပေါင်ပေါ် အတင်းလှဲကာ
အတင်းခွံ့ကျွေးခိုင်းနေသော ရှောင်းကျန့်အား ရိပေါ်လည်း ထိန်းလို့မရ.... ဝမ်နင်း မျောက်နှစ်ကောင် ရှင်းချန် နှင့် ရှောင်းဟွားတို့ကတော့...မမြင်ချင်ယောင် သာ ဆောင်နေတော့သည်။... စောင် လင်လင်တွေ...

*သူတို့ရှိလို့ မကျွေး ချင်တာလား... အာ့ဆို သူတို့ကို အပြင်မှာ ထွက်စားခိုင်းလိုက်မယ်လေ*

အခြားသူတွေခမျာ စားရင်း ဇွန်းတွေပါ ပြုတ်ကျကုန်သည်။...

*ကိုကိုနော်..... သူများတွေအားနာစရာကြီး......*

*အာ့ဆို ခွံ့ကျွေးလေ....*

ရိပေါ် လည်း ပြောမရမှန်းသိလေတော့...
အခြားသူတွေကိုလှမ်းကြည့်ပြီး သွားအဖွေးသားနှင့် ရယ်ပြလေကာ...

*အေးဆေးစားကြနော်.... ဟီး....*

အခြားသူတို့ကမူ ပြန်ပြုံးပြပြီး မမြင်ချင်ယောင် ဆက်ဆောင်ပြီး ထမင်းသာ ငုံ့၍ စားနေကြလေသည်။

ရိပေါ်ကတော့ မျက်လုံးမှိတ်ကာ ပါးစပ်ကြီး ဟထားသော ယုန်ကြီးအား မျက်စောင်းထိုးရင်း
မုန်လာဥကို ပါးစပ်ထဲထိုးထည့်ပေးလိုက်သည်။

ရှောင်းကျန့်ကတော့ မမှု အေးဆေးသာဝါးလျက်။

*မျက်စိနောက်လိုက်တာကွာ ဒီလိုမှန်းသိရင် ငါဝင်မလာပါဘူး....*

ကျိုးချန် က အော်ပြောရင်း မျက်စောင်းတွေ ကြီး လှိမ့်ထိုးနေသည်။
ရှောင်းကျန့်က ဂရုပင်မစိုက် အေးဆေး ဆက်အိပ်နေသည်။

*ဝေ့ ရှောင်းကျန့် မင်း အိမ်ရှေ့မင်းသား လာရင်
နှုတ်ဆက်ရမယ် ဆိုတာ မသိဘူးလား...*

*သူများတွေ ကြည်နူးနေတာကို လာဖျက်ရင် အိမ်ရှေ့မင်းတွေဘာတွေမသိဘူး... ရှင်းလား...
ဘာလာလုပ်တာလဲ...*

*မှားပါတယ်...အေးအေး...ငါက စန်နိုင်ငံဘက် စုံစမ်းစရာရှိလို့ သွားရမှာမို့ လာနှုတ်ဆက်တာ..
ကြည်နူးလည်း ဆက်ကြည်နူး ကြ လက်ဆောင်တော့ မျှော်မယ်မကြံနဲ့....သွားမယ်*

When the wind blow...(Completed )Where stories live. Discover now