part 28

3.6K 334 40
                                    

ဝမ်နင်းပြောသောစကားများကို ရှောင်းကျန့် နားထောင်ရင်း တအံ့တသြ။

ကျန်းချန်ကိုလည်း အမတ်ကြီးတို့အဖွဲ့ကဘဲ လုပ်ကြံခဲ့သည်တဲ့....။ ကံမခေပါသော ကျန်းချန်က
ရှင်ခဲ့ပြီး ဇယ်ဝူကျွင်း ဆိုသည့် လွင်နိုင်ငံဘုရင်
၏ ကယ်တင်ခြင်းကို ခံခဲ့ရသည်။
ပြောရမယ်ဆိုရင်တော့ တစ်ယောက်နဲ့ တစ်ယောက်စောင့်ရှောက် ရင်း ဘာညာကွိကွ နဲ့ဘဲ အကိုတော်ကျန်းချန်ဟာ လင်ရသွားခဲ့ပါသည်တဲ့။

ဝမ်နင်းကတော်တော် လေးကို စိတ်ပျက်နေသည့်ပုံပင်။ ဟိုက ဘယ်လောက်တောင် ရိုကြလို့လဲသူမသိ။

ပြီးနောက် ဝမ်နင်းက ဆက်ပြောပါသည်
သူတို့အားလုံးကို အမတ်ကြီးက အကွက်ကျကျ လုပ်ကြံရန်စီစဉ်ခဲ့သည်တဲ့။ ကျန်းချန်ပျောက်တဲ့ အချိန် ရှောင်းကျန့်အား လွှတ်ခိုင်းလေပြီး ရှောင်းကျန့်ကို တောထဲမှာ လုပ်ကြံ ကြင်ယာတော်ဝမ်၏ သွေးကိုယူပြီး အင်အားကြီးကာ...
အကူရာမဲ့နေသော နန်းတွင်းကို သိမ်းဖို့်ရာ ကြံစည် ခဲ့ခြင်းသာတဲ့....။ ယခုတော့ ကျန်းချန်လင် လွင်ဘုရင်ကောင်းမှုကြောင့် အမတ်ကြီးအား သုတ်သင်နိုင်ခဲ့သလို လွင်နဲ့ ယွင်ဟာလည်း ပူးပေါင်းပြီး အင်အား ထပ်ကြီးမား ပြန်ခဲ့ပါပြီတဲ့လေ....။

ရှောင်းကျန့် သတင်းတွေကြားရတော့... သူနားမလည်ပါသော်လည်း ပျော်စရာ အဆုံးသတ်မှန်း ကြားရတာနှင့် သိခဲ့ပါသည်။
ထို့ကြောင့် ဝမ်းလည်း ဝမ်းသာမိသည်။

တစ်ခုဘဲ ကျန်နေတဲ့ ဇာတ်လမ်းတစ်ပုဒ်ကဘဲ ပျော်စရာ အဆုံးသတ် ဖြစ်မဖြစ် သိဖို့ လိုနေတော့တာပါ.....

----------------------------------------

*ဘာ.....ဒါဆို မင်းက တိမ်လွှာနန်းမြိုင် ကိုဘဲ သွားတာ့မှာပေါ့....*

*အင်း.....*

အိပ်ပျော်နေသော... ဗိုက်ပူလေးကို လှမ်းကြည့်ကာ
သူသက်ပြင်း အသာချလိုက်သည်။ ဝမ်နင်း
ရှောင်းကျန့်တစ်ယောက်ဘာတွေ ဖြစ်နေမှန်း သေချာမသိပေမယ့် ရှောင်းကျန့်ရင်ထဲ ပူဆွေးနေရတဲ့ ဒဏ်ရာကိုတော့ သူခံစားမိတယ်

*ရှောင်းကျန့် မင်းအားလုံးကို ငါ့ဆီရင်ဖွင့်လို့ရတယ်နော် ငါသေချာသိပါတယ်
မင်းတစ်ခုခုခံစားနေရတယ်ဆိုတာ*

When the wind blow...(Completed )Where stories live. Discover now