part 29

3.6K 352 44
                                    

ဘယ်သူသိမလဲ ချစ်ရတဲ့ သူနဲ့ ခွဲခွာရတော့မယ်
ဆိုတာကို ကြိုသိနေမိတဲ့ အခါ ခံစားရတဲ့ နာကျင်မှုတွေကို။ ဘယ်သူသိမလဲ ချစ်ရတဲ့ သူကို ကိုယ်တိုင်ကိုက လက်လွှတ်ပေးရတော့ မယ့် ခံစားချက်တွေကို။ ဘယ်သူသိမလဲ ချစ်ရသူ ဝမ်းမနည်းအောင် ကြိတ်ငိုနေရတဲ့ အဖြစ်တွေကိုလေ....

//////////////

*ကလေး...ကလေးလေးရေ အိပ်ပုပ်လေးထပါဦး
အားယား ကိုကို့အိပ်ပုပ်လေးက အိပ်လွန်းလို့ မျက်လုံးတွေတောင်မို့နေပြီ....ဟဟ*

ရှောင်းကျန့် ရိပေါ်ရဲ့ နှာခေါင်းလုံးလုံးလေးကို ဖွဖွလေးဆွဲလိုက်ရင်း ရယ်လိုက်သည်။ထို့နောက်တစ်ဖန် ဗိုက်ပူပူလေးနားကပ်ရင်း

*ပိစိလေးရေ မင့်ပါးပါးကို နှိုးပါဦး....ပါးပါးက တော့မနိုင်တော့ဘူး ကလေးရေ...ဟဟ*

ရယ်စရာတွေပြောရင်း စနေတဲ့ ရှောင်းကျန့်ကို ကြည့်ရင်း မပျော်နိုင်ဘဲ သူမျက်ရည်မကျအောင် သာကြည့်ထိန်းနေရသည်။ ရှောင်းကျန့်က သူ့အား ပြန်ကြည့်လာတော့ မျက်လုံးကို အမြန်ပြန်မှိတ်ပြီး
အိပ်ချင်ယောင်ကဆောင်ရသေးသည်။....

*ကလေးရေ.... ထပါ လမ်းနည်းနည်း ထလျှောက်ရအောင်လေ... နော်.... ပိစိလေးအတွက် လေ့ကျင့်ခန်းလုပ်ရမယ်လေ လိမ်မာတယ် ထ..လာ*

ရှောင်းကျန့်က အတင်းဆွဲထူပြန်တော့ သူ့မှာလိုက်ထရသည်။ ရှောင်းကျန့်က သူ့ကို မျက်နှာသစ်ပေး အဝတ်အစားလဲစေပြီးမှ အခန်းထဲ တူတူ လမ်းပတ်လျှောက်ပေးသည်။အပြင်တော့ မထွက်ဘူး
ဒါလဲ သူ့အတွက်ဘဲ တည်းခိုခန်းက တစ်ချို့သူတွေက ယောကျာ်း လေးကိုယ်ဝန်ဆောင်သည်ကို အထူးတဆန်း လိုက်ကြည့်နေကြတော့ သူအနေရခက်မှာစိုးလို့တဲ့လေ။

ဘယ်လိုလုပ်မလဲ ကိုကိုက အဲ့လောက်ဂရုစိုက်မှုတွေပေးနေမှတော့ တချိန် ကိုကိုမရှိတော့တဲ့အချိန် တစ်ခုခုမှာ ရိပေါ် ဘယ်လိုနေတတ်တော့မလဲ....

*ကလေး... အော် သတိထားလျှောက်လေ...*

ဘာမှမရှိတဲ့ ကြမ်းပြင်ကို ခလုတ်တိုက်ရလောက်အောင် သူ့စိတ်တွေ ဝေဝါးနေခဲ့ပြီ.... သူနောက်တစ်ခေါက် ကိုကို့ ရင်ခွင်ထဲ ဝင်ပြီး ထပ်ငိုချင်သေးတယ်..
အကြောင်းပြချက် ဘယ်လို ရှာရပါလိမ့်....
ကလေးလေးရေ.... ကလေးလေးကို လွယ်ထားလျက်နဲ့ ငိုဖို့စဉ်းစားနေတာ ကလေးလေးအတွက် မကောင်းမှန်းသိပေမယ့်
ပါးပါးကိုခွင့်လွှတ်ပါ... ပါးပါး မင်းပါပါးရဲ့ ရင်ခွင်ထဲ ငိုခွင့်ရရမယ့် နောက်ဆုံးအချိန်လည်း ဖြစ်သွားနိုင်တယ်မဟုတ်လား......

When the wind blow...(Completed )Where stories live. Discover now