part 8

5.5K 441 7
                                    

Zaw

လက်များမှာ ခွက်နှစ်ခွက်ဆီသို့ ဦးတည်နေလေပြီ
ရိပေါ်သိသည်က ချစ်ခြင်းမေတ္တာကို စမ်းတာက
အဆိပ်နဲ့ဆိုရင် လောကရှိလူတိုင်း သေကုန်ကြမပေါ့....ဘယ်လောက်ချစ်ချစ်အဆိပ်ခွက်ကိုရွေးမိရင် သေမယ့်အပြင် နှစ်ယောက်သား မချစ်ဘူးလို့လဲ အထင်ခံရမည်ပင်...
ရိပေါ်သိလိုက်ပါပြီ.. ဒါသူတို့ကို တော်တော် သံသယဝင်နေလို့ဘဲ..အကယ်၍ ကျိုး နိုင်ငံသားတွေဆိုရင် ဒီဓလေ့ မရှိတာ သိမှာပင်
ခု သူတို့သာ သောက်ခဲ့ရင် တစ်ချက်ခုတ်နှစ်ချက်ပြတ်အနေနဲ့ ခိုးဝင်လာတာလဲ
သိသွားမည် သေလည်းသေဦးမည်ပင်။

အဖြေကိုရှာတွေသော်လည်း ရှောင်းကျန့်ကိုမည်သို့တားရမည်နည်း ပြောလို့လည်းမရဘူး....ဝမ်ရိပေါ်ကြံစမ်း...

ရိပေါ်ကြံနေတုန်းရှိသေး ရှောင်းကျန့်က ခွက်ပင် ကမ်းပေးနေပြီ... သူယူရမလား မယူရဘူးလား
ရိပေါ် ခွက်များကိုသာ ကြည့်နေမိသည်။
နောက်ဆုံး သူမတတ်နိုင်သည့်အဆုံး....
ခွက်ကို လက်ဖြင့်ရိုက်ထုတ်လိုက်ကာ...မတ်တပ်ထလိုက်သည်။ ရှောင်းကျန့်ရော ဝမ်နင်းရော ယူချီကျောင်း
ပါ ရိပေါ်ကို ကြည့်နေကြသည်။ ဝမ်နင်းကတော့
သွားပြီဟူသောအကြည့်နဲ့ပေါ့....

ရိပေါ် မတ်တပ်ရပ်ပြီးနောက် ခက်ထန်တဲ့ မျက်နှာ
ပုံစံဖမ်းကာ...ရှောင်းကျန့်ကိုစေ့စေ့ကြည့်ပြီး...

*ဒီမှာ...ကျနေ....ကျွန်မက သေဖို့လောက်အထိ ရှင့်ကို ရူးမိုက်ပြီးမချစ်နိုင်ဘူး... ပြီးတော့ ဒီပွဲက မိဘတွေစီစဉ်တာဘဲလေ... ကျွန်မတို့ အချစ်တွေ
မှမပါတာ... အဲ့တော့ မချစ်ဘဲ သောက်ရင် သေမယ့်အတူတူ မသောက်နိုင်ဘူး... *

အားလုံး အံ့သြနေကြသည်။ ထို့နောက် ရိပေါ်
ရှောင်းကျန့်ကို မျက်နှာလွဲလိုက်ပြီး...

*စစ်သူကြီး...ကျွန်..မ မသောက်နိုင်သလို သူနဲ့လည်း လက်မထပ်နိုင်ပါဘူး... ဟို လက်ထပ်ပြီးသွားပြီ ဆိုတော့... အဲ အတူမနေနိုင်ပါ
ဘူး..ဒါကြောင့်စစ်သူကြီးက မျက်မြင်သက်သေ လုပ်ပေးပါ..*

*ဟမ်...*

*ဆိုတော့.. ကျွန်မ သွားတော့မယ်.... *

ရိပေါ် ခပ်ပြတ်ပြတ်ပြောပြီး ထိုဘုရားကျောင်း မှ ထွက်လာခဲ့လေသည်။ ကျောင်းဝရောက်မှ အသက်ဝဝ ရှုမိကာ...ဘုရားကျောင်းကို တစ်ချက်လှည့်ကြည့်ပြီး...

When the wind blow...(Completed )Where stories live. Discover now