part 10

5.8K 461 21
                                    

Zaw

ညနေစောင်းသောအခါ...
ရှောင်းကျန့်နှင့်အတူ ကျန်းချန်ရော ဝမ်နင်းပါ
စံအိမ်တော်သို့ လိုက်လာကြလေသည်။
ရိပေါ်အား ကျေးဇူးတင်စကားပြောရန်နှင့်
သတင်းမေးရန်လိုက်လာကြချင်းဖြစ်သည်။
ကျန်းချန်တို့က အိမ်တော်၏ ဧည့်ဆောင်မှ စောင့်
နေကြပြီး ရှောင်းကျန့်ကတော့ ရိပေါ်၏ အိပ်ဆောင်ဘက်သို့ထွက်လာခဲ့ကြသည်။
ရှောင်းကျန့်တံခါးကို ဖွင့်ကာ ဝင်လာသောအခါ
အိပ်ယာပေါ်ကွေးကွေးလေးအိပ်နေရာမှ ခေါင်းထောင်ကြည့်လာသော ရိပေါ်လေး...
ရှောင်းကျန့် ရိပေါ်ကုတင်ဘေးနားဝင်ထိုင်ကာ

*ရိပေါ်...ထမင်းဆာနေပြီလား*

ရိပေါ်က ခေါင်းကိုရမ်းလိုက်ပြီး...

*မဆာသေးပါဘူး...ညနေကစားထားတော့ နေနိုင်ပါသေးတယ်...*

ရှောင်းကျန့် ရယ်ချင်သွားသည်။နေနိုင်တယ်တဲ့လား အဲ့တာ ဗိုက်ဆာနေတယ်ဆိုတဲ့
သဘောဘဲပေါ့...မစားရင်ရသေးပေမယ့် စားချင်နေသည်ဆိုသည့် သဘောဘဲမလား..
ရှောင်ကျန့် ခပ်ဟဟရယ်လိုက်ရင်း...

*အေးပါကွာ...ကဲအခုတော့ လိုက်စားဦးနော်...
လူတစ်ယောက်နဲ့မိတ်ဆက်ပေးမလို့ သူက ရိပေါ်ကိုလည်းပြောစရာရှိလို့...*

*ဟုတ်...*

*ရလား..ကူတွဲပေးရမလား....*

ရှောင်းကျန့်က တွဲပေးရန် ပြောသော်လည်း ခေါင်းမာသောကောင်လေးက ရတယ်ဆိုပြီး ကိုယ့်ဘာသာအတင်းထရှာတော့ ခြေထောက်မခိုင်ဘဲ နာကျင်ပြီး လဲလေတော့သည်။
ထိုအခါမှ မျက်ရည်လေးစက်လက်စက်လက်နှင့်
ဝမ်းနည်းနေရှာပြန်သော ကောင်လေးကိုကြည့်ကာ
ရှောင်းကျန့် သနားမိပြန်သည်။

*ကဲပါရိပေါ်ရယ် လာ..ကိုယ့်ကိုမှီလိုက်...*

*ရပါတယ်ဆို...*

*ကဲကဲ...ကြာတယ်...*

*ဟာ....*

ရိပေါ်ကိုယ်လေးကို ရှောင်းကျန့် ပွေ့ချီလိုက်ကာ
ရှည်ရှည်ဝေးဝေး ပြောမနေတော့ဘဲ ဧည့်ဆောင်သို့
သာထွက်လာခဲ့လေတော့သည်..

ကျန်းချန် နှင့်ဝမ်နင်း ဆက်မိရာစကားပြောနေကြရင်း ဝင်လာသော ရှောင်းကျန့်ကို ကြည့်ကာ စွံ့အ သွားမိသည်။
ယောကျာ်းလေး တစ်ယောက်ကို
ရုပ်တည်ကြီးနှင့် ပွေ့ချီလာကာ ခပ်တည်တည်ပင်
အခင်းပေါ်သို့ ချပေးလိုက်သည်။
ထိုကောင်လေးကတော့ အားနာကာ ရှက်နေသည့်
ပုံစံပင်...သူကတော့ခပ်တည်တည်နှင့် ဝင်ထိုင်နေသည်...

When the wind blow...(Completed )Where stories live. Discover now