part 13

4.3K 409 15
                                    

*ကျန်ချန်း!!!*

ရှောင်းကျန့်ဆီသို့ ဦးတည်လာသော မြားတစ်စင်း
သည် ကျန်းချန်၏ ရင်ဝသို့ စိုက်ဝင်သွားခဲ့ကာ..
ကျန်းချန် ထိုနေရာမှာပင် လဲကျသွားလေတော့သည်....

ရှောင်းကျန့် ကျန်းချန်ကို ပွေ့လိုက်ရင်း...

*ကျန်းချန်...ကျန်းချန်... သတိထားပါဦး..
ကျန်းချန်ရေ...ငါရှိတယ်လေ...*

ကျန်းချန် တုံ့ပြန်မှုမလာဘဲ လုံးဝကို သတိလစ်သွား ခဲ့လေပြီ...

*ကျန်းချန်! !*

ရှောင်းကျန့် အော်ခေါ်သော်လည်း နိုးမလား...

ထိုအချိန်မှာပင် ကျိုးမင်က အခွင့်ကောင်းကို စောင့်ကာ ကြောက်လန့် ကာ ကျောက်ရုပ်ကဲ့သို့ ရပ်နေသော ရိပေါ် ၏ ဇက်အား ဖြတ်ရိုက်လိုက်သောကြောင့် ရိပေါ် သတိမေ့ သွားခဲ့ကာ ကျိုးမင် ရိပေါ်ကို ချီရင်း မြင်းပေါ်အမြန် တက်ကာ ထွက်ခွာသွားလေတော့သည်...

ကျန်းချန် နှင့်အတူပါလာသော စစ်သားများကြောင့် သူမပြေးလို့မဖြစ်မှန်းသိ၍ တပ်ဆုတ်ကာ ကျိုးနိုင်ငံတော်ထဲသို့ အလျင်အမြန် ပြန်ပြေးရလေတော့သည်...

ရှောင်းကျန့် ကျန်းချန်ကို မြင်းပေါ်အမြန်တင်ပြီး
ရိပေါ်ကို သတိရ၍ ရှာသော်လည်း မတွေ့တော့
ယခုအချိန်သည် ကျန်းချန် ၏ အသက် သေမင်း
လက်ထဲကစား နေရသည့် အချိန်ဖြင့်သဖြင့် သူစိတ်ရှုပ်စွာပင် မြင်းကို ဒုန်းစိုင်းစီးပြီး ယွင်နန်းတော် ဆီသို့ ရောက်အောင် အပြေးပြန် လာလေတော့သည်....

ယွင်နန်းတော်အရောက်....

သမားတော်အမြန်ခေါ်၍ ဆေးကုသကြရလေသည်
ကျန်းချန်၏ အသက်ကတော့ ရှင်နေစဲဖြစ်သော်လည်း မသေချာ....
သမားတော်များလည်း အိမ်ရှေ့မင်းသားမို့ တစ်ခုခု ဖြစ်သွားလျှင် ခေါင်းနဲ့ ကိုယ် အိုးစားကွဲမည်ကို စိုး၍ ကြောက်လန့်တကြား ကုသနေကြသည်။
ရှောင်းကျန့် ကတော့ အခန်းရှေ့ဝယ် စိတ်ရှုပ်စွာ
ခေါက်တုန့်ခေါက်ပြန် လျှောက်နေလေသည်။

မကြာမီ ကျန်းဖုန်းမြင့်.. ယွီမိဖုရားကြီးနှင့် ကျန်းရန်လီ တို့ရောက်လာကြကာ... စိုးရိမ်တကြီး နှင့် ရပ်စောင့်လေကြကာ...

When the wind blow...(Completed )Where stories live. Discover now