part 14

4.7K 387 29
                                    

ဖုန်းမြင့် တစ်ယောက် ရှောင်းကျန့်နှင့် ဝမ်နင်းတို့၏
ပြောပြချက်များကို သိပြီးရတဲ့နောက် သူအရာရာ နောက်ကျသွားပြီဆိုတာသိလိုက်ရသည်။
သားတော်ရှောင်းကျန့်နဲ့လည်း ထိုကလေးက တွေ့ဆုံမိပြီး ဖြစ်သလို ယခု သားတော်ကြီးကို ကယ်တင်ဖို့ဆိုတော့လဲ ကျိုးက ဖမ်းသွားပြီတဲ့...
ဖုန်းမြင့် သက်ပြင်းတွေသာ လှိမ့်ချရင်း...
မအိပ်နိုင်ဘဲရှိနေလေသည်။

*မင်းကြီး... အရမ်းကြီးလည်း စိတ်မပူနေပါနဲ့
သားတော်အားချန်က မင်းကြီးရဲ့ ဘုန်းတော်ကြောင့် ပြန်နိုးလာမှာပါ...*

*ဟင်း...ဒီကိစ္စ တစ်ခုတည်းမဟုတ်ဘူး ယွီမိဖုရား
အငယ်ကောင်ကိစ္စလည်း ငါကိုယ်တော်မှာ ရှိနေသေးတယ်..*

*ဘာများလဲ မင်းကြီး... *

*ဒီကိစ္စက ပြောလို့မဖြစ်နိုင်ဘူး ထင်တယ်...*

*မင်းကြီး ဆိုးအတူကောင်းဖက်လို့ ကျိန်ဆိုထားတယ်လေ မင်းကြီးရဲ့ စိုးရိမ်စိတ်တွေ ကျနော်မျိုးမကိုမျှဝေလိုက်တော့ မင်းကြီးလည်း
စိတ်ပေါ့ပြီး ကျနော်မျိုးမလည်း ကူညီနိုင်မှာပေါ့...
ပြောပြပါ မင်းကြီး...*

*ဟင်း...အကြောင်းက သားတော်ရှောင်းကျန့်နဲ့
Xxxxxxxxxxxxxxxxxxxxxx*

-----------------------
*ဝေ့.....!!!!! ချန်ကျိုးမင်.... မင်းငါ့ကို ဒီအတိုင်း
ဘယ်အထိထားမှာလည်း... ငါညောင်းလို့သေတော့
မယ်.... ချန်ကျိုးမင် ငါ့ကိုလွှတ်ပေး...*

ရိပေါ် အော်နေတာ တစ်မနက်လုံး...
မည်သူမှ ဝင်မလာသလို အစောင့်တွေကလည်း ဂရုမစိုက်ပုံ...
အကြောပိတ်နေပြီး လှဲအိပ်နေရသည်မို့
လူမှာ အလွန်ညောင်းနေပြီး... ယားတာလဲကုတ်မရ
စောင်းချင်လည်းစောင်းမရနှင့်... ရိပေါ် သူတစ်ယောက်တည်း ဒုက္ခ အလွန်ရောက်နေလေသည်။

အော်ခေါ်ရ၍ အာခေါင်တွေလဲ နာလှပြီမို့
ရိပေါ် ဆက်မအော်တော့ဘဲ ငြိမ်ငြိမ်လေးသာ
နေလိုက်ရင်း ယွင်နိုင်ငံမှ တစ်ဦးသော သူအကြောင်း နှင့် ကျန်းချန် ကောအကြောင်း
ကို တွေးနေမိသည်။ ကျန်းချန်ကော အဆင်ပြေ မပြေဆိုတာ သူမသိနိုင်ဘူးလေ အဆင်ပြေပါစေ
ဟုဆုတောင်းရုံက လွဲလို့ ဘာမှသူမတတ်နိုင်...
သက်ပြင်းသာချပြီး မျက်လုံးများကို ထပ်မံမှိတ်ပစ်
လိုက်သည်....
သင်းသင်းလေး ကျရောက်လာသော အမွှေးနံ့နှင့်
အတူ.. အတွေးများက....

When the wind blow...(Completed )Where stories live. Discover now