Part 21

4K 342 16
                                    

*အားယား တကယ်ကို ပြသနာ တက်ပြီဘဲ...ကျစ်
ဘယ်ရောက်သွားတာလဲမသိဘူး....အသုံးမကျတဲ့ ဦးနှောက် အသုံးမကျတဲ့ ဦးနှောက်....ဟင်း*

ရိပေါ် သူ၏ နဖူးစည်းကို ရှာနေတာ နှံ့နေလေပြီ
ပျောက်သွားတုန်းက ရေချိုးဆောင်ထဲမှာရော အိပ်ဆောင်တော်ထဲမှာရော ရှာနေတာ တကယ့်ကိုပင် အတော်နှံ့နေပြီဖြစ်သည်။ ရက်အတော်ကြာလိုများ အမှိုက်သိမ်းတဲ့ ထဲ ပါသွားပြီလား ဟုတွေးကြည့်သော်လည်း မဖြစ်နိုင်။ သူနှင့် သူ့ကိုကို ဖြစ်သွားတဲ့ ကိစ္စမှာ သံသယ ရှိစရာတွေ ရှိတယ် ဆိုပြီး ဝမ်နင်း မည်သူ့ကိုမှ ပေးမဝင်ထားတာ အတော်ကိုပင် ကြာပြီဖြစ်၍ ပိုပြီး စဉ်းစား ရခက်နေသည်မှာ အမှန်။ တကယ့်အရေးကြီးဆုံး ပစ္စည်း ကိုမှ ပျောက်မိသောမိမိကိုယ်ကို ပင် ထုရိုက်ချင်စိတ်ကတဖွားဖွား။ အသားနာမှာ ကြောက်၍ သာ။

*ဖွားဖွားရေ....သွေ့ပုချိ.....ဟင်း....*

ရိပေါ် သက်ပြင်းချကာ ကြမ်းပြင်သို့ ထိုင်ချ လိုက်စဉ် မှာဘဲ....

"ဝုန်း...."

*ရိပေါ် ..အမြန်လာ....*

ဆောင့်ကြောင့်လေးထိုင်နေသော ရိပေါ်ခမျာ အလောတကြီး အလန့်တကြား လာခေါ်နေသော ဝမ်နင်းကို ကြောင်တောင်တောင်လေး ကြည့်နေမိသည်။ ဝမ်နင်းမှ စိတ်မရှည်စွာဖြင့် ဆွဲခေါ်သွားကာမှ ယက်ကန် ယက်ကန်နှင့် ပါသွားလေတော့သည်။

----------------------------------

*မဟုတ်တာ အိမ်ရှေ့စံကိုလွန်ပြီး စစ်သူကြီးကိုဘဲ အရာရာရှေ့တင်လွန်းတာများနေပါပြီ မင်းကြီး
ဒီလို မျက်နှာလိုက်တာများကို ကျနော်မျိုးတို့ မလုပ်သင့်ပါဘူး မင်းကြီး...*

အမတ် တစ်ဦး၏ စကားကို နားထောင်ရင်း ကျန်းချန် ခနဲ့သလိုမျိုး ရယ်ပစ်လိုက်သည်။
ဘယ်နှယ့် လူတွေက သူတော်ကောင်းဟန် သိပ်ဆောင်တတ်တာဘဲ တော်လိုက်ကြတာ
မသိရင် သူ့ဘက်က ပါသလိုလိုနဲ့ ဆွဲချချင်နေကြတာများ.....

ကျန်းချန် ၏ ရယ်သံ ထိုအမတ်က မကြားဟန်ပြုကာပင်....

*မင်းကြီး ဒီကိစ္စ ပြန်စဉ်းစားပေးစေချင်ပါတယ်...*

*ဟောင် ဟောင်.... အဲ့တာဆိုလည်း အိမ်ရှေ့စံကိုလည်း ကြင်ယာတော် တင်ပွဲ ကျင်းပပေးမယ် နှစ်ယောက်လုံးကိုပေါ့...ရပြီလား*

When the wind blow...(Completed )Where stories live. Discover now