part 24

3.7K 363 64
                                    

ခုတစ်လော ပိုပိုကဲလာတဲ့ ကိုကို့ အား ရိပေါ် အံ့သြနေမိသည်။ တစ်လမ်းလုံး ဂရုစိုက်တာကြီးကလည်း အနားကကို မခွာတော့တာ ပက်ကျိကြီးလိုဘဲ...
ရိပေါ် ပက်ကျိတော့ ကြောက်ပေမယ့် ဒီယုန်ပက်ကျိကြီးတော့ မခွာချချင်ပါဘူး
ချစ်တာကိုး.....

ယခုလည်း အခြားသူတွေအတွက် လမ်းမှာခဏနားတုန်း လှည်းထဲဘဲ ထိုင်နေရသည်မှာ ပျင်းလို့ ခဏလေး လေညင်းထွက်ခံသည်ကို...

*ကလေး...ကိုယ်ပြောထားတယ်လေ အပြင်မထွက်နဲ့ လေစိမ်းတွေ တိုက်မယ်လို့
လာ လှည်းထဲပြန်ဝင်နေ....*

*ကိုကိုကလည်း ခဏလေးဘဲဟာကို...*

*ခဏလေးလဲမရပါဘူး... လာ..*

*ကိုကို အတည်ခဏလေးပါဆို...အထဲမှာ နေရတာပျင်းနေပြီ*

*ဝမ်ငယ် ကိုကို့စကား နားမထောင် ဘူးလား*

*ဟွန့်... *

ရိပေါ် တစ်ယောက် စူပုပ်ကာ...လှည်းထဲ ပြန်တက်ထိုင်နေလိုက်သည်။
ထိုအခါကြပြန်တော့လည်း နောက်မှ ခါးလေးကို ဖွဖွ ဖက်ပြန်ပြီး...သူ့ပုခုံးပေါ် မေးလေးတင်ကာ

*ဝမ်ငယ်...ကိုကို့ကို စိတ်မဆိုးပါနဲ့နော်...ကိုကိုက ကလေးနေမကောင်းဖြစ်မှာစိုးလို့ပါ....ဝမ်ငယ်
ကိုကို ဝမ်ငယ်ပေါ် ခဏအိပ်မယ်နော်....*

ပြောပြောဆိုဆိုနဲ့ ပေါင်ပေါ်ခေါင်းတင်ကာ
ဖက်ထားသော ကိုကို.... ခုလိုကြတော့လဲ ကိုကို့ကို စိတ်မဆိုးရက်နိုင်ပါဘူး သနားစရာလေး ကလေးလေးလိုဘဲ... ရိပေါ်လဲ ဘာမှမပြောတော့ဘဲ တိတ်တိတ်လေးသာနေပေးလိုက်သည်။

ရှောင်းကျန့်ကတော့ ဗိုက်လေးနား မသိမသာရော သိသိသာသာရော ပိုပိုတိုးရင်း ကပ်နေမိလေသည်။

မစောင့်နိုင်တော့ဘူး....တကယ်မစောင့်နိုင်တော့ဘူး
မြင်ချင်မိနေပြီ အရမ်းဘဲ... သေးသေးလေးတစ်စုံတစ်ရာကို သူပွေ့ဖက်ထား ချင်မိပြီ... ကလေးလေးရေ ပါးပါး မင်းကို မြင်ချင်လှပြီကွာ.....

ကလေးလေးရေ...သမားတော်ကြီးကပြောတယ်
သားပါးပါးက ခုလိုတွေ ဆိုးမှာ အစပိုင်းဘဲ ရှိသေးတယ်တဲ့ ခုက ပထမ တစ်လဘဲ ရှိသေးတယ်တဲ့ကွာ...ပါးပါး ဘယ်လိုထိန်းရမလဲ

When the wind blow...(Completed )Where stories live. Discover now