part 25

3.8K 351 63
                                    

ကိုကိုကသိပ်ရက်စက်တယ်
ဘယ်တော့မှခွဲမသွားဘူးဆိုပြီး ကတိလည်းမတည်ပေးဘူး...
ကဲ ရှောင်းကျန့် ခင်ဗျားပြော...
ခင်ဗျားမရှိဘဲ ဒီကောင်က ဒီလောကကြီးမှာ
ဘယ်လိုဆက်နေရမှာလဲ

မကောင်းတဲ့ ရှောင်းကျန့်
ဒီနားက နာတယ်သိလား...
ကတိပေးပြီး ကတိမတည်တဲ့သူကြီး
ခင်ဗျားခွဲသွားပေမယ့် ကျနော်က မခွဲနိုင်တော့ လိုက်လာခဲ့ရမှာပေါ့... စောင့်နေမယ်မလား ရှောင်းကျန့်.....

-----------------------------------------

*အား....... လွှတ်.... လွှတ်ပေး....ဟင့်.....*

*အကိုလေး စိတ်လိုက်မာန်ပါ မလုပ်ရဘူး....
အဖွားရေ.......အဖွား...*

*ကျစ်....လွှတ်ပေးလို့ပြောနေတယ်လေ*

"ဖြောင်း..."

အနောက်မှ မေ့ကြောကို ဆတ်ခနဲ ရိုက်လိုက်တော့မှ ခွေခွေလေး မေ့လဲသွားတဲ့ရိပေါ်။

*ဒီကောင်လေး...တကယ် စိတ်လိုက်မာန်ပါနဲ့....
ကလေးသာ တကယ်ရှိနေရင် ကလေးအတွက် မတွေးရဲစရာဘဲ *

အဖွားနဲ့ ထိုမိန်းကလေးက မေ့နေသော ရိပေါ်ကို ကြည့်နေကြရင်း....

*အဖွား သူက သေချာလို့လား....*

* ငါလည်း မပြောတက်ဘူး ယောကျာ်းလေးက လဲဖြစ်ပြီး... ကိုယ်ဝန်ဘဲ နုသေးလို့လားမသိဘူး
ရေရေရာရာ စမ်းသပ်လို့ အဆင်မပြေဘူး
အမြင့်ကနေပြုတ်ကျလာကြတဲ့ ပုံဆိုတော့ စဉ်းစားကြည့် ဘယ်လို ကလေးမျိုးက အသက်ရှင်နိုင်မှာလဲ... *

*သူ့ကို ပြောပြလိုက်ရင်ရော....*

*ပိုဆိုးသွားလိမ့်မယ်... အဲ့တာမှ မျှော်လင့်ချက်တွေထားပြီး တကယ်မဟုတ်ခဲ့ရင် သူ့မျှော်လင့်ချက် တွေ ရိုက်ချိုးသလို ဖြစ်ကုန်လိမ့်မယ်*

*ဒါဆို ဘယ်လို လုပ်ကြမလဲ...*

*သတ်သေမှာထက်စာရင် သူစောင့်ချင်တဲ့ အချိန်ထိ စောင့် ခိုင်းလိုက်ရင် ပိုအဆင်ပြေတယ်မလား....*

*အဖွား တကယ်ကြီးပြောနေတာလား...*

*အင်း....*

ထို့နောက် မိန်းကလေးကလည်း အဖွားကို အံ့သြတကြီး ကြည့်နေခဲ့သလို အဖွာကလည်း ကြမ်းပြင်ပေါ် ခွေခွေလေးလဲကျနေသော မျက်ရည်အရွှဲသားနှင့် ကောင်လေးတစ်ယောက်အားလည်း
ကရုဏာသက်စွာ ကြည့်နေတော့သည်။

When the wind blow...(Completed )Where stories live. Discover now