part 30(final)

7.5K 416 81
                                    

ဖွားက ချယ်ရီတွေနဲ့ ဝန်းရံနေတဲ့ ဥယာဉ်ကြီး အလယ်ရှိ ဇရပ်လေးသို့ သူ့အားခေါ်သွားသည်။
ထိုရောက်တော့ ထိုင်ဟု ပြောပြီးတည်းက အဖွားက သူ့ကို လှည့်ကြည့်မလာ...
လက်ကို နောက်ပစ်ပြီး ချယ်ရီပင်တွေဘက် ငေးနေတဲ့ အဖွားက သူ့အား တစ်ခုခုလေးလေး နက်နက်ပြောစရာ ရှိနေဟန် ရှိသည်။ သူလည်း ဖွားငေးရာဘက်ကိုသာ လိုက်ငေးရင်း တိတ်ဆိတ်နေမိ၏။

*ရှောင်းကျန့်.... မင်းဘယ်တော့ပြန်ရမှာလဲ*

အဖွားစကားကြောင့် သူလန့်သွားသည်။
အဖွားက ဒါတွေလည်းသိတာဘဲလား

*အင်း...ငါအားလုံးသိတယ် *

ဒီတစ်ခါလည်း လန့်သွားမိသည်။
အတွေးတွေကို ဖတ်နိုင်တာဘဲ ဆရာကြီးနဲ့ တူတူဘဲ

*အင်း...သူနဲ့ငါက လမ်းစဉ်ခြင်းတူတယ်...
အတွေးတွေကိုရပ်ပြီး မေးတာဖြေရင် ကောင်းမယ် ရှောင်းကျန့်...မင်း လေးလဘဲ ကျန်တာမလား*

ရှောင်းကျန့် ဘာစကားမှတကယ်မဆိုမိ။
သေရမယ့်လူမဟုတ်ပေမယ့် ရိပေါ်နားက ခွဲခွာရဖို့ ဆိုတာ သိနေရတော့ သေရမှာထက် သူအလွန် စိုးရွံ့ မိတာ အမှန်ပါ။... ခုချိန်ထိ ရိပေါ်ကို သူဘယ်လိုပြောရမယ်မှန်း တကယ် မသိ။
ရိပေါ်ဝမ်းနည်းနေမှာကိုလည်း သူစိုးရိမ်သည်။
ဘာဆက်လုပ်ရမလဲနော်....

*မင်း မြေးကို ထားခဲ့လိုက်တော့....*

*ဗျာ...!!!*

*မင်း ဘာလုပ်ရမယ်မသိဘူးဆို... မင်းမြေးကို ထားခဲ့လိုက်တာ အကောင်းဆုံးဘဲ... စောစောထွက်သွားတော့ သံယောဇဉ် ပိုနည်းသွားတာပေါ့...*

ရှောင်းကျန့် ဘာစကားမှမဆိုမိ။ အမှန်ပြောရရင် သူမသွားခင်ထိလေး ရိပေါ်ကို စောင့်ရှောက်ပေးခဲ့ချင်မိသေးသည်လေ
ခုတော့.....

*မြေးအတွက်ပြောနေတာပါ ရှောင်းကျန့်....
မင်းက ထွက်သွားရမှာ သေချာနေတဲ့ သူဘဲ
အချိန်စောစော ထွက်တာနဲ့ နောက်ကျမှ ထွက်တာ နှစ်ခုဘဲ ကွဲမှာ... သေချာစဉ်းစားပါ....ငါတောင်းပန်ပါတယ်....
ငါ့မြေးလေးအတွက်....*

ရှောင်းကျန့် ရေငုံ နှုတ်ပိတ်သာနေနေမိသည်။
သူတကယ် ရိပေါ်ကို မခွဲချင်သေးပါဘူး....
သူ စောင့်ရှောက်ပေးချင်သေးတယ်....
သူ ရယ်မောချင်သေးတယ်....
သူ...ရိပေါ်ရင်ခွင်ထဲ ငိုကြည့်ချင်သေးတယ်....
သူဖြစ်ချင်နေခဲ့တာ...တကယ်အများကြီး....
ခုတော့.... ခု ဖွားပြောနေတာလဲ မှန်နေတာဘဲလေ သံယောဇဉ် ဆိုတာ မခိုင်မာလေ ကောင်းလေမဟုတ်လား...

When the wind blow...(Completed )Where stories live. Discover now