part 12

4.6K 372 13
                                    

*သား... ဒါဆိုမင်းတို့အမြန်လိုက်မှဖြစ်မယ်...
ရှောင်းကျန့်တို့.ဆီ အမြန်လိုက်တော့...*

*ဟုတ်ကဲ့...ကျနော်...နဲ့ ဝမ်နင်းနဲ့ အမြန်လိုက်လိုက် ပါ့မယ်....*

ကျန်းချန်ပြောပြာပြီးချင်း အမြန်ပြေးထွက်လာလေသည်။ ထို့နောက် စစ်သည်အချို့ကို ခေါ်၍ ရှောင်းကျန့်တို့နောက်သို့
မှီစေရန်အမြန်လိုက်ရလေတော့သည်...

.
.
.
*ရောက်တော့မှာလားဟင်...*

*အင်းရောက်တော့မှာ...*

ဆယ်မိနစ်ခန့်ကြာသော်...

* ဘယ်တော့ရောက်မှာလဲဟင်.....*

*အင်း...မကြာခင်ရောက်တော့မှာ...*

နောက်ထပ် ငါးမိနစ်ခန့်ကြာသော်...

*တကယ် ရောက်တော့မှာလားလို့...*

*သြော.်..ဝမ်ငယ်... ရောက်တော့မှာပါဆို...
ဟိုးမှာကြည့်...တောင်ခြေမှာ အိမ်အစုလေးတွေတွေ့လား...အဲ့ဆိုရောက်ပြီ...*

*ဟွန့်..အဝေးကြီးကို မရောက်နိုင်သေးပါဘူး...နောက်ထပ်အများကြီး စီးရဦးမယ်...*

စူပုတ်ကာ တိတ်သွားပြန်သည်...
မကြာမှီပင်...

*ကော...မျောက်သံတွေကြားလားဟင်..*

*အင်း...*

*မျောက်တွေက ဘာလို့ တကွိကွိနဲ့အော်တာလဲ..*

*ဒါကသဘာဝကြီးက ပေးထားတာလေ အဲ့တော့ သတ္တဝါတိုင်းမှာ သူ့အသံနဲ့သူရှိတယ်...*

*သြော်...ကောကော..ဟိုမှာကြည့်စမ်း...ယုန်လေးတွေ...*

*အင်း...*

*ကော..ရိပေါ်..တစ်ကောင်လောက်လိုချင်တယ်...*

ရှောင်းကျန့်ဘာမှမပြောဘဲ မြင်းပေါ်က ဆင်းကာ
တစ်ကောင်ကိုချီလာပြီး..မြင်းပေါ်က ရိပေါ်ဆီပေးလိုက်သည်...
ထို့နောက်မြင်းပေါ်ပြန်မတက်တော့ဘဲ.. မြင်းဇက်ကြိုးကိုသာဆွဲပြီး..ဘေးမှလမ်းလျှောက်လိုက်လာခဲ့လေသည်။

*ကော..ကော..ဟိုမှာကြည့်စမ်း...အဲ့ယုန်လေးက
ဒီယုန်လေးနဲ့ ချစ်သူတွေလားမသိဘူး...အနောက်ကနေလိုက်နေတယ်...သနားပါတယ်...သူ့ကိုပါခေါ်ခဲ့ပါလားဟင်*

When the wind blow...(Completed )Where stories live. Discover now