part 11

5.3K 414 32
                                    

*မဟုတ်ဘူး...ကျန့်ကော...ဒီနေရာကို ပိတ်ရမှာ
အင်း...နည်းနည်းဆွဲဆန့်လိုက်... အနိမ့်အမြင့် ရှိသေးတယ်လေ.... မြင့်မြင့်...*

ရိပေါ်တစ်ယောက် ရှောင်ကျန့် ကို ပလွေမှုတ်နည်း သင်တန်းဆင်းပေးနေလေသည်။
ရှောင်းကျန့်ကို သူအရင်ဆုံး တီးလုံးအချို့သင်ပေးမည်...တတ်လာသောအခါမှ မိစ္ဆာ နှိမ်နှင်းသည့် အကွက်များကို မိမိဘာသာ ပုံဖော်တတ်လာလိမ့်မည် ဟု ပါးပါး ကပြောဖူးသည် မို့ သာမန် တီးလုံးရအရေး ဒို့အရေး ဖြစ်နေသည်။ စကားမစပ် ငါလေးကဥာဏ်ကောင်းတယ်လေ အာ့ကြောင့်မှတ်မိနေတာ😎😎
လောလောဆယ်တော့ ကျန့်ကောကို သင်နေရတာ
တစ်ညနေ ရှိနေပြီ ခုထိ တစ်ပိုဒ်ကမတတ်သေး
ဟူး အမယ်လေး ရင်မောလိုက်တာနော်....

ဝမ်ရိပေါ် ရှောင်းကျန့် မမြင်အောင် ဟိုဘက်လှည့်ကာ သက်ပြင်းချမိသည်။
မြင်သွားရင် ရှောင်းကျန့်ကော စိတ်အားငယ် သွားဦးမယ်...

*ကဲ ကျန့်ကော..ဒီနေ့တော့ တော်ကြရအောင်လေနော်... ဗိုက်ဆာနေပြီ...*

အမှန်တော့ ပလွေသံကြီးဆက်မကြားချင်တော့လို့
😭😭

*အင်း...အာ့ဆို စားရအောင်လေ...လာ ကူတွဲပေးမယ်...ဆရာဝမ်...*

*တပည့်လေးကျန့် မလိုပါဘူး... ဆရာဝမ်က လမ်းလျှောက်နိုင်နေပြီ...*

ရှောင်းကျန့် စလိုက်သည်ကို အလိုက်သင့်လေး ပြန်ပြောသွားသော ရိပေါ်ကို ကြည့်ရင်း ရှောင်းကျန့် ရယ်မိသည်... အစကစွာတေးလေး
ဘယ်ရောက်သွားမှန်းမသိဘူး... ခုကငပေါလေး ဖြစ်နေပြီ

*ဆရာဝမ်ရေ...တွဲခေါ်တာ လက်မခံရင် ဟိုတစ်ခေါက်ကလို ပွေ့ချီသွားမှာနော်..*

*ဟမ်... မလုပ်ပါနဲ့ တပည့်လေးရယ်... အာ့ဆိုလဲ
တွဲဘဲခေါ်ပါတော့...*

* ဟဲဟဲ...ဒီလိုမှပေါ့.မဆိုးဘူး ဆရာဝမ် တိုးတက်လာပြီ...*

ရှောင်းကျန့် စပ်ဖြီးဖြီးပြောရင်း ရိပေါ်ပုခုံးလေးကို
လက်တစ်ဖက်ကိုင်ကာ ကျန်လက်တစ်ဖက်ဖြင့် ရိပေါ်လက်ကို တွဲပေးထားလိုက်သည်။
တွဲပေးနေသော ရှောင်းကျန့်က ဘာမှမဖြစ်သော်ငှါးလည်း အတွဲခံရသူ ရိပေါ်ဖို့ ရင်ထဲတွင် တရားရုံးကဗုံကြီးတွေကို လူဆယ်ယောက်လောက် ဝိုင်းထုသလို တဒုန်းဒုန်းနဲ့

When the wind blow...(Completed )Where stories live. Discover now