Dark Love's Prince

19.4K 635 41
                                    

ဆိုင်ရာ ဆိုင်ရာမှ နတ်ဘုရားတွေကြွချီလာကြပြီ ။

အရေးကြီး ကိစ္စ တစ်ခုကို ဆွေးနွေးဆုံးဖြတ်ကြရတော့မယ်..။

ဒီတစ်ခါရော ဟိုရှောင်ကျန့်ဆိုတဲ့ကောင် ဘာတွေလုပ်ထားပြန်ပြီလဲမသိဘူး ..။ တွေးမိတာနဲ့တင်ခေါင်းကိုက်တယ်..

"စစ်နတ်ဘုရား.. နျဲ့မင်ကြွယ် ကြွချီလာပါပြီ "

ဒုံ ဒုံ ဒုံ...

နတ်ဘုရားကြွချီလာသည်နှင့် ဂုဏ်ပြုကြေးစည် တီးခတ်ရသည်။

ပြသနာ တစ်ခုခုဖြစ်တိုင်း ဤကဲ့သို့ နတ်ဘုရားများစုဝေးကာ ဖြေရှင်းလိမ့်ရှိသည်။

စည်းဝေးသဘင်သို့ ချီတက်လာသော နတ်ဘုရားများမှာ -

"ငြိမ်းချမ်းရေး နတ်ဘုရား လန်ရှီးချန်.. ''

"အချစ်အလင်းနတ်ဘုရား ကျင်းကွမ်းယောင် ''

"တိရစ္ဆာန်တို့ရဲ့အရှင်သခင် နျဲ့ဟိုက်စန်း.. "

"မိုးကြိုးလက်နက်တို့ရဲ့ အရှင်သခင် ကျန်းချန် ..''

"ပန်းအရှင်သခင်မ ဝမ်ချင်..''

"​လေးမြားတို့၏ အရှင် ဝမ်နင်..''

နေရာအသီးသီးမှာ လာကြသော နတ်ဘုရားတို့၏ စုဝေးရာသည် ကောင်းကင်ဘုံနတ်ဘုရားရဲ့ စည်းဝေးသဘင်..

"အချစ်အမှောင် နတ်ဘုရား ရှောင်ကျန့်.. "

နာမည်ဘွဲ့သာ ခေါ်လိုက်သော်လည်း လူမရောက်လာချေ။

ထို့အချိန် လူ့ပြည်မှာ အသိပေးစာ တစ်စောင် ယုန်ပျံတစ်ကောင်နဲ့အတူရောက်လာသည်။

"ကောင်းကင်မင်းကြီးဘုရား..အချစ်အမှောင်သခင်လေး ရှောင်ကျန့် စာတစ်စောင်ပေးပို့လာပါတယ် ဘုရား.. ''

"အားလုံးကြားနိုင်အောင် ကျယ်ကျယ်အော်ဖတ်.. "

ကောင်းကင်မင်းကြီးဆိုတဲ့အတိုင်း အစေအပါးလည်း ခန်းမတစ်ခုလုံးကြားနိုင်အောင် ကျယ်ကျယ်အော်ဖတ်လိုက်သည်။

"နတ်သားတစ်ယောက်ဖြစ်သော်လည်း လူ့ပြည့်မှာနေထိုင်သူဖြစ်တာကြောင့်  အိပ်စက်နေပါသည်။ အစည်းအဝေးကိုမတက်ရောက်နိူင်ကြောင်းပါ..။ နိုးလာလို့ အစည်းအဝေးမပြီးသေးရင်တော့ လာပါမည်.. ။ ဘိုင်ဘိုင် .ကောင်းကင်မင်ကြီးကိုလည်း လွမ်းနေကြောင်းမှာကြားပါသည်။ !!!''

Dark Love 's Prince (Completed) (Zhanyi)حيث تعيش القصص. اكتشف الآن