အပိုင်း 13(အပိုင္း 13)

3.3K 323 9
                                    

ကျောင်းသားတွေအားလုံးကျောင်းဂိတ်ဝမှာရုတ်ရုတ်သဲသဲဖြစ်နေကြသည်။ အခုမှကျောင်းကိုရောက်လာတဲ့ရှောင်းကျန့်ကတော့ဘာမှမသိသေး။ ရိပေါ်ဆိုတဲ့ဖြူလုံးလုံးလေးကိုပဲလိုက်ရှာနေမိသည်။ ခဏအကြာတော့တွေ့ပါပြီ ကျောင်းသားတွေကြားထဲမှာသူ့ကိုလိုက်ရှာနေသူလေး။ အနားလေးကိုတိုးသွားကာ ခါးကနေမသိမသာလှမ်းဖက်လိုက်သည်။

"လန့်လိုက်တာကွာ..ငါကမင်းကိုလိုက်ရှာနေတာ ဘာလို့အခုမှရောက်လာတာလဲ''

"ညကအိပ်မပျော်လို့''

အမြန်ပင်ရှောင်းကျန့်ဘက်ကိုလှည့်ကာ မျက်နှာလေးကိုကိုင်ကြည့်လိုက်သည်။

"မျက်ကွင်းတွေညိုနေတယ်..မင်းမအိပ်ရတာဘယ်နှစ်ညတောင်ရှိနေပြီလဲ''

နည်းနည်းလေးမျက်ကွင်းညိုနေတာတောင် စိုးရိမ်နေတဲ့လူသားလေးကို ရင်ခွင်ထဲနောက်ထပ်တစ်ကြိမ်ထပ်ပွေ့ဖက်လိုက်သည်။

"မင်းမှမရှိတာ...ခါတိုင်းဆိုမင်းကိုဖက်ပြီးအိပ်တာလေ..''

အပိုတွေပြောပြန်ပြီဆိုတဲ့ပုံစံနဲ့ရှောင်ကျန့်ရဲ့ကျောကုန်းကိုတစ်ချက်ထုလိုက်သည်။ ရှောင်ကျန့်အခုတလောအိပ်မပျော်၊ အိပ်ပျော်သွားလို့အသိစိတ်မဲ့သွားပြီဆိုတိုင်း..သူ့ဆီကိုလူတစ်ယောက်ကရောက်လာပြီးတော့ သူ့ကိုယ်ထဲက သူ့ဝိညာဥ်ကိုဆွဲထုတ်နေသလိုမျိူးခံစားရသည်။

အဲ့ဒါကြောင့် အခုညတွေမှာသူမအိပ်ပဲ ချစ်ရသူရဲ့ပုံတူပန်းချီလေးတွေကိုထိုင်ဆွဲနေမိသည်။ စတွေ့တဲ့နေ့ကပန်းခြံလေးထဲကနေစပြီး ချစ်သူဖြစ်လို့လျှောက်သွားခဲ့တဲ့နေရာတွေအဆုံး သူရေးဆွဲခဲ့သည်။ သက်ဝင်နေတဲ့ပန်းချီကားတွေဟာ သူတို့အမှတ်တရတွေဖြစ်လေတယ်..ဓာတ်ပုံလည်းရိုက်လို့မရ ၊ သူကနတ်ဘုရားဖြစ်တာကြောင့် ဓာတ်ပုံထဲမှာမပေါ်ချေ။ ဒါကြောင့် ရိပေါ် ကဓာတ်ပုံရိုက်မယ်ဆိုတိုင်း အကြောင်းအမျိုးမျိူးပြပြီး ရှောင်ရသည်။

"အပြင်မှာဘာလုပ်နေကြတာလဲ..ရိပေါ်..ကျောင်းထဲမဝင်ကြဘူးလား''

"ငါတို့သူငယ်ချင်းတွေခရီးထွက်မလို့..တစ်ယောက်ကကျောင်းပြောင်းတော့မှာလေ အဲ့ဒါအမှတ်တရအနေနဲ့သွားကြမလို့..မင်းလည်းလိုက်ခဲ့ရမယ်''

Dark Love 's Prince (Completed) (Zhanyi)Dove le storie prendono vita. Scoprilo ora