အပိုင်း 11(အပိုင္း 11)

3.4K 347 14
                                    

ကုတင်ပေါ်မှာမေ့မျောနေတဲ့သူကိုကြည့်ရင်း ကိုယ့်ရင်တွေကွဲရပါတယ်.. လက်မောင်းကအမှတ်ကို ဖယ်ရှားနိုင်ခဲ့ပေမဲ့ အနာအရှိန်ကြောင့် အခုထိသတိမရသေးတာကြောင့် ကုတင်ဘေးနားလေးမှာ လက်ကလေးကိုကိုင်ကာ ရှောင်ကျန့် ထိုင်စောင့်နေသည်။

"ဒီတောက မင်းပိုင်နက်လေ...ဘယ်လိုမကောင်းဆိုးဝါးမျိုးက မင်းပိုင်နက်ကိုကျော်လာရဲရတာလဲ... ''

ဝမ်နင်သေချာစဥ်းစားပြီးမေးခွန်းထုတ်လိုက်သည်။ ချစ်ရသူကိုကြည့်နေတဲ့မျက်ဝန်းတွေက ရုတ်ခြည်းဆိုသလိုပျောက်ကွယ်သွားသည်။

"ကျင်းကွမ်းယောင်...!''

"မင်းကဘာလို့အဲ့လိုထင်ရတာလဲ... ''

မနေ့ညကဖြစ်ခဲ့တဲ့အဖြစ်အပျက်ကို ဝမ်နင်ကိုအကုန်ပြောပြလိုက်တယ်...ဝမ်နင်ရဲ့မျက်နှာမှာ မယုံနိုင်တဲ့အရိပ်အယောင်တွေပေါ်နေသည်။

"အဲ့နေ့က ငါတို့အစည်းအဝေးလုပ်ကြတယ်..ကောင်းကင်စစ်တပ်တိုးချဲ့ဖို့အတွက်..ကျင်းကွမ်းယောင်လည်းအဲ့ပွဲကိုတတ်ပါတယ်..ဒါပေမဲ့ဘယ်လိုလုပ်ပြီးသူကမင်းဆီကိုလည်းရောက်လာရတာလဲ..''

"ငါ့ဆီရောက်လာတာက ပုံရိပ်သက်သက်ပဲပေါ့...''

"ဖြစ်နိုင်တယ်..သူဘာအကွက်တွေထွင်နေတာလဲ? ''

"ဘယ်အကွက်ပဲထွင်ထွင်...အဆုံးမှာငါ့ဆီကိုပဲဦးတည်လာမှာပဲ..ဟက်..ငါ့ထိရင်ဘာမှမဖြစ်ပေမဲ့..ရိပေါ်ကိုထိရင်တော့...''

စူးရှနေတဲ့မျက်ဝန်းတွေဟာ ကုတင်ပေါ်မှာမှေးစက်နေတဲ့ချစ်ရသူကို ကာကွယ်လိုစိတ်အပြည့်...ဝမ်နင်သက်ပြင်းဖြည်းဖြည်းသာချမိသည်။

လက်ချောင်းလေးတွေလှုပ်ရှားလာတဲ့သူကြောင့် ရှောင်ကျန့် စိတ်လှုပ်ရှားသွားရသည်။ ချစ်ရသူပြန်နိုးလာပြီ..။

နှလုံးနဲ့ လက်မောင်းအနာကိုစမ်းပြီး စိတ်ချရတယ်ဆိုမှ... ရှောင်ကျန့် စိတ်လျော့လိုက်သည်။ဆုပ်ထားတဲ့လက်ကို ဆတ်ကနဲဖြုတ်ပြီး ဟိုဘက်ကိုလှည့်လိုက်တဲ့သူကြောင့် စိတ်ဆိုးမပြေသေးဘူးဆိုတာ သိလိုက်ရသည်။ကုတင်ဘေးနားကလွတ်နေတဲ့နေရာလေးမှာ ရှောင်ကျန့်ဝင်လှဲလိုက်ပြီးရိပေါ်ကိုအနောက်ကနေသိုင်းဖက်ထားလို​က်သည်။

Dark Love 's Prince (Completed) (Zhanyi)Where stories live. Discover now