အပိုင်း 7 (အပိုင္း 7)

4.5K 381 8
                                    

ရိပေါ်တစ်ယောက် ရှောင်ကျန့် နဲ့date ဖို့အတွက်ရင်ခုန်စွာနဲ့ အဝတ်အစားရွေးလေသည်။ ဗီရိီုတစ်ခုလုံးမွှေနှောက်ပြီးတော့မှ နောက်ဆုံးရွေးလိုက်တဲ့ အကျီကတော့ မီးခိုးရောင် hoddie လေးနဲ့ စာတန်းလေးက ''hate me "ဆိုတဲ့စာတန်းလေးထိုးထားသည်။ ဂျင်းဘောင်းဘီအမဲလေးကိုမှ ဒူးနေရာလေးမှာ နည်းနည်းဖြဲထားတဲ့ ခေတ်ဆန်ဆန်ဘောင်းဘီလေးကိုဝတ်ထားလိုက်သည်။

ရှောင်ကျန့်ကတော့ ခုနကဖြစ်သွားတဲ့ ကိစ္စကို အခဲမကျေသေး။ စိတ်ထဲမှာထင့်နေသည်။ ဘာကြောင့်လဲဆိုတာကို ခန့်မှန်းလို့မရ ။ ဒါမှမဟုတ် လူသားတစ်ယောက်ရဲ့အိမ်မှာနေတာ များသွားလို့လား။ ငါ့အိမ်ကိုပြန်ပြီး နတ်ဘုရားအငွေ့အသက်က်ို ပြန်ခံစားရမယ်ထင်တယ် ငါ့စွမ်းအင်တွေလျော့နေလို့ပဲဖြစ်မှာပါ အခြားအကြောင်းအရာတွေပဲဖြစ်မလာပါစေနဲ့လို့ ဆုတောင်းမိတယ်။

ရိုးရိုးရှင်းရှင်း အောက်ခံအကျီအဖြူလေးနဲ့ အပေါ်ကအမဲရောင်ရှပ်လက်ရှည်ကို ထပ်ဝတ်ထားသည်။ ဧည့်ခန်းထဲရှိဆိုဖာပေါ်မှာ လက်ပိုက်ထားကာ ဟိူကောင်လေးကိုစောင့်နေလိုက်သည်။

"လာသွားကြမယ် ''

ရိပေါ်ဧည့်ခန်းဆီကို လျှောက်လာကာ ရှောင်ကျန့် ကိုလှမ်းပြောလိုက်သည်။ လက်ထဲမှာက်ိုင်ထားတဲ့ဖုန်းက အသံမြည်လာတာကြောင့် ဖုန်းကိုကြည့်လိုက်တော့ မားမားဆိုတဲ့ contact လေးကပေါ်လာသည်။

"ဟယ်လို မားမား သားကိုပစ်ထားကြတာပျော်ရဲ့လား''

အသံလေးချွဲကာ နှုတ်ခမ်းဆူပြီး မားမားကိူပြောနေတဲ့ပုံလေးကာ ကိုက်စားချင်စရာလေး။ မီးခိုးရောင်hoddie လေးနဲ့ ရေးထားတာဘာတဲ့... 'hate me ' ဆိုပဲလေ။ ဒီလောက်ချစ်ဖို့ကောင်းပြီး နှုတ်ခမ်းလေးဆူနေတတ်တဲ့ ကလေးပေါက်ကို ဘယ်သူကမုန်းနိုင်မှာလဲ အဲ့ဒီမုန်းနိုင်တဲ့သူကတော့ ဘယ်ဘဝမျက်စိမပါခဲ့လဲမသိပါဘူး။ ဒီလောက်ချစ်ဖို့ကောင်းမှုကြီးကိူမမြင်ကြလို့လေ။

"မားမားက ပါးပါးနဲ့ဆိုပျော်နေတာပဲ၊ သားကိူကြတော့ စိတ်ဆင်းရဲအောင် ထားခဲ့ကြတယ် ဟင့်''

စိတ်ဆင်းရဲတယ်ဆိုတဲ့ စကားနားမှာ ရှောင်ကျန့်ရဲ့ မျက်နှာကို သေချာစိုက်ကြည့်ပြီး ပြောလိုက်တာကြောင့် ရှောင်ကျန့်ချောင်းတစ်ချက်ဟန့်ကာ ဒီဘက်ကိုလှည့်လိုက်သည်။

Dark Love 's Prince (Completed) (Zhanyi)Where stories live. Discover now