အပိုင်း ၃ (အပိုင္း ၃)

4.9K 423 6
                                    

သူရိန်နေမင်းကြီးသည်နိုးထလို့လာလေပြီ ။ ကောင်းကင်နတ်ဘုရားသည်လည်း ကောင်ကင်းတစ်ခွင်တိုင်းခန်းလှည့်လည်လေသည်။
ကောင်းကင်ရှိ နတ်ချိုးရေကန်၌ စစ်​ကျွေးတစ်ယောက်ရေစိမ်နေလေသည်။

"စစ်ကျွေး စစ်ကျွေး "

စစ်ကျွေးရဲ့သူငယ်ချင်းဖြစ်သူ ကျင်ရီသည် အမောတခေါပြေးလာလေသည်။.
ရေစိမ်နေသော စစ်ကျွေးသည် ဝတ်ရုံကိုပြန်ဝတ်ကာ ရေကန်ဘေးရှိကျောက်တုံးလေးပေါ်ထိုင်လိုက်သည်။

"ကျင်ရီ ဖြေးဖြေးလာလည်းရပါတယ်ကွာ ဘာပြောစရာရှိလို့လဲ "

ကျင်ရီသည် မောနေတာကြောင့် လေသံနဲ့ရောနေသော အသံဖြင့်ပြန်လိုက်တယ်။

"အရှင်ကျန်းချန် နဲ့ သခင်မ ဝမ်ချင်ရဲ့ စေ့စပ်ပွဲမှာ မင်းကအကူနေရာကနေ ဝိုင်းလုပ်ပေးရမယ်တဲ့ "

ကျင်ရီရဲ့စကားကိုကြားတော့မှ စစ်ကျွေးသက်ပြင်းချမိသည်။

"ဘာထူးဆန်းလို့လဲကွာ လန့်သွားတာပဲ အရှင်ကျန်းချန်နဲ့ ငါနဲ့က ရင်းနှီးတာပဲ သေချာပေါက်ဝိုင်းကူပေးသင့်တာပေါ့ ''

"အရှင်ကျန်းချန်က အရေးမကြီးပါဘူး.. ဟိုလက်သန်းကောင်နဲ့ရော အဆင်ပြေ ပါ့မလား "

"ကျင်းရီ မင်းကလည်း သူများကို ကျင်းလင်က အဲ့လောက်လဲ မဆိုးပါဘူးကွာ "

"ဟုတ်တယ် ဒီလောက်စိတ်သဘောထားကောင်းတဲ့သူကိုမင်းမို့လို့ လက်သန်းတဲ့လား "

အနောက်မှာရပ်နေသော ကျင်းလင်ကရုတ်တရက် ဝင်ပြောလိုက်သည်။
သူ့အတင်းပြောနေတုန်းပေါ်လာသောသူကြောင့် ကျင်းရီ လန့်သွားပါသော်လည် မျက်နှာအမူအရာကိုဆက်ထိန်းထားလိုက်တယ်။

"ဟက်.မင်းကကောင်းရင်တောင်မှ စစ်ကျွေးအပေါ်ပဲကောင်းတာလေ ....ငါတို့ဆို အပြစ်မရှိအပြစ်ရှာပြီးပြောနေတာလေ.... တခါတလေ မင်းကသခင်မတွေထက်တောင် ပွစိပွစိနိုင်သေးတယ်''

"မင်းကရော ဘာလို့ စစ်ကျွေးရေစိမ်နေတာကို လာချောင်းကြည့်နေရတာလဲ ဟမ်.. "

ကျင်းလင် ဓားထုတ်လိုက်တာ ကျင်းရီကို ရွယ်လိုက်သည်။

"စစ်ကျွေးကိုမကြံနဲ့နော်.... ကြုံရင် ငါ့ဓားနဲ့မင်းကျောပေါ်မှာ 'ကျန်'ဆိုပြီးထွင်းပေးမယ်... အမြဲတမ်းကျန်ရစ်ဖြစ်နေအောင်လို့ "

Dark Love 's Prince (Completed) (Zhanyi)Where stories live. Discover now