အပိုင်း 4 ( အပိုင္း 4)

4.5K 470 7
                                    

" ဝါး ''

အိပ်ကောင်းကောင်းနဲ့အိပ်လိုက်တာ ကျောင်းတောင်ဆင်းရောလား၊ အခန်းထဲမှာလည်းဘယ်သူမှမရှိတော့ဘူး။ ဟိုကောင်လေးလည်းမရှိတော့ဘူး ။ မြန်မြန်စာအုပ်တွေသိမ်းပြီးကောင်လေးကိုလိုက်ရှာဖို့လုပ်လိုက်သည်။ သိမ်းထားစရာ စာအုပ်လည်းမရှိတာနဲ့ ဘာမှမပါတဲ့ ဗလာလွယ်အိတ်ကိုလွယ်ကာ ဟိုကောင်လေးကိုလိုက်ရှာလိုက်သည်။

ဘယ်ရောက်သွားပြီလဲ မသိဘူး ။ ရှာတာလည်းနှံ့နေပြီ။ အခူထိမတွေ့သေးဘူး ။

ရှောင်ကျန့် ခေါင်းတကုတ်ကုတ်နဲ့ လမ်းလျှောက်လာတာ ဘောလုံးကွင်းနားတောင်ရောက်တော့မယ်။ ဘောလုံးကွင်းထဲမှာလူရိပ်တစ်စုတွေ့တာကြောင့် သေချာစိုက်ကြည့်မိလိုက်သည်။ နေရဲ့အလင်းကြောင့်ကောင်းကောင်းမမြင်ရသော်လည်း လူတော့ခန့်မှန်းမိပါသေးတယ်။

ကြည့်ရတာတော့ ဟိုကောင်လေးကို လူတစ်စုကဝိူင်းထိုးနေကြသည်ပင်။ ကြည့်တော့လည်း ဟိုတစ်ခါကလူတွေပဲ၊ နောက်ထပ် အသက်ရှင်နှစ်အလျော့ခံချင်လို့ လာစနေတာလား။

"မင်းကြောင့် ငါ့တို့မိသားစုအကြွေးပတ်လည်ဝိုင်းနေပြီကွ မင်းသိလား ဟမ် ။ အဲ့ဒါကြောင့်မင်းဆီကပါသမျှပိုက်ဆံတွေထုတ်ပေးစမ်း''

မြက်ခင်းပေါ်လဲကျနေတဲ့ ရိပေါ်ဟာ ပြန်မတ်တပ်ရပ်ကာ နှုတ်ခမ်းကစီးကျနေတဲ့သွေးတွေကိုသုတ်လိုက်သည်။

"မင်းအရမ်းလိုချင်နေတဲ့ သောက်ပိုက်ဆံ ငါမှာမရှိဘူး ။ လိုချင်ရင် ကျောင်းရှေ့မှာသွားတောင်းစားနေလိုက် ၊ ငါ့ဆီကတော့ရမှာမဟုတ်ဘူး ''

ရှောင်ကျန့် အကြားအာရုံခြောက်ဖြာကို ထုတ်လွှတ်ထားတာကြောင့် ခြောက်မီတာအကွာလောက် ဘောလုံးကွင်းထဲကပြောနေတဲ့စကားတွေကိုအတိုင်းသားကြားနေရသည်။

ဒီကလေး အမြဲတမ်းရန်ဖြစ်နေတာပဲလား ၊ ဟိုလူကလည်း သူတို့ဘာသာသူတို့ အကြွေးတင်တာကို သူများကိုအပြစ်လာပုံချနေတာပဲ ။ အယ်....အဲ့လိုပြောလို့လည် ဘယ်ရမလဲ ငါကျိန်စာတိုက်လိုက်လို့.. သူတို့ ဆင်းရဲခြင်းငါးခုကို ခံစားနေရတာပဲ..အဟီး။

Dark Love 's Prince (Completed) (Zhanyi)Where stories live. Discover now