အပိုင်း 8 (အပိုင္း 8)

3.5K 361 9
                                    

ရိပေါ်နဲ့ ရည်းစားဖြစ်ပြီးတဲ့နောက်မှာ ရှောင်ကျန့် ကျောင်းမှာခိုးပြီးချိန်းတွေ့ရတဲ့ ချစ်သူရည်းစားဘဝကို ရောက်သွားပေသည်။ စာသင်ချိန်တွေဆို ခုံအောက်မှာ ရိပေါ်လက်လေးကို ခိုးပြီးကိုင်ထားရတာ အမော။ တစ်ခါတလေ ခေါင်းလေးမှီပြီး အပြင်ဘက်ကိုကြည့်နေမိသည်။ နောက်ဆုံးတော့ သတ်ရမယ့်လူချင်းတူတူ အခြားမိန်းကလေးတွေတုန်းကဆို ဒီလိုမဖြစ်ခဲ့ အခုခံစားချက်ကြီးက တစ်မျိုးကြီးဖြစ်နေသည်။

ချစ်တယ်!.

အဲ့ဒီခံစားချက်ကြီးက တကယ့်ကိုမဖြစ်နိုင်ချေ။ ဟင့်အင်း ဖြစ်လို့လည်းမရ။ ကိုယ်ကနတ်ဘုရားမို့လို့ သူတို့ဘာမှမလုပ်နိုင်ရင်တောင် ရိပေါ်ကိုထိပါးကြလိမ့်မည်။.နူးညံတဲ့ဒီကောင်လေးကိုတော့ ရှောင်ကျန့် အထိမခံနိုင်။ သေမယ်ဆိုရင်တောင် မိမိလက်ထဲမှာသေတာကမှ အသက်သာဆုံးဖြစ်လိမ့်မည်။

"ဘာတွေတွေးနေတာလဲ ''

ပခုံးပေါ်ခေါင်းတင်ထားတဲ့သူရဲ့ ဆံပင်လေးတွေကို လှမ်းကိုင်လိုက်ရင်း ရိပေါ်မေးလိုက်သည်။

"မင်းနဲ့ငါ အနာဂတ်မှာကလေးဘယ်နှစ်ယောက်မွေးရင်ကောင်းမလဲစဥ်းစားနေတာ နှစ်ယောက်လား သုံးယောက်လား ငါးယောက်လား ဆယ်ယောက်လား''

ဒေါက်!

"နာတယ် ရိပေါ်ရ အားလားလား လက်သံပြောင်လိုက်တာ''

"မင်းကလဲ ဒီအကြောင်းပဲတွေးနေတာကို လဒရဲ့''

"ကိုကိုက ကလေးကိုချစ်လို့ပါ ကလေးရဲ့''

ခါးကိုအတင်းဖက်ကာ ရင်ခွင်ထဲကို ခေါင်းတိုးဝင်နေသူကြောင့် ရိပေါ်နေရခက်သည်။
နှစ်ယောက်တည်းရှိနေချိန်ဆို ဖက်ရုံမကလို့ ဘာလုပ်လုပ် ကိစ္စ မရှိပေမဲ့ အခုဟာကအတန်းထဲမှာ ပြီးတော့ကျောင်းသားတွေလည်းရှိနေသေးတယ်။

"မင်းကလည်း မဖက်နဲ့တော့ ၊ အတန်းထဲမှာလူတွေအများကြီးရှိသေးတယ်''

"မင်း ဒီည ကျောင်းမှာနေမှာလား''

"မသေချာဘူး ၊ စာလုပ်စရာရှိရင်တော့ နေမယ်''

"နေပါလား ၊ ငါနဲ့''

ရိပေါ်က ရှောင်ကျန့်အား ဘာဂွင်ဆင်နေတာလဲဟု မျက်စောင်းလေးထိုးကာပြောလိုက်သည်။ ဘာကြောင့်မှတော့မဟုတ် ၊ နတ်ဘုရားတော်တော်များများက လူတစ်ယောက်ကို ထိခိုက်အောင်လုပ်မယ်ဆိုရင် အိပ်နေတဲ့အချိန်တို့ ညဘက်တို့မှာ တိုက်ခိုက်တာများတယ်။ ရိပေါ်အိမ်မှာတစ်ယောက်တည်းဆိုရင် သူသိရမည်မဟုတ်ချေ။ အဲ့ဒါကြောင့် ရိပေါ်ကိုညဘက်အနားခေါ်ထားခြင်းဖြစ်သည်။

Dark Love 's Prince (Completed) (Zhanyi)जहाँ कहानियाँ रहती हैं। अभी खोजें