အပိုင်း ၂ (အပိုင္း ၂ )

5.6K 499 8
                                    

Unicode.....

အလင်းရောင် စူးစူးတွေကိုမကြိုက်တဲ့ ရိပေါ်အတွက် စာသင်ခန်းရဲ့ ထောင့်ဆုံးခုံဟာ အဆင်ပြေဆုံးပဲဖြစ်တယ် ။

"ဝါး စာသင်ခန်းက အကျယ်ကြီးပဲ "

ရှောင်ကျန့် စာသင်ခန်းထဲဝင်လာပြီး ထောင်ဆုံးခုံဆီလျှောက်သွားလိုက်သည်။

ဘေးနားက ခုံတစ်ခုံကိုဆွဲယူကာ ရိပေါ်ရှေ့ထိုင်လိုက်သည်။

ဘာလား.. ဒီထိုင်ခုံကြီးက ဘာလို့ သူ့အလိုလိူရွေ့လာရတာလဲ သရဲခြောက်နေတာလား. တကယ်သာ သရဲဆိုရင် မားနဲ့ပါးကိုပြောပြီးရှင်းခိုင်းရမယ်.

အူကြောင် ကြောင်ရုပ်လေးဖြစ်နေတဲ့ ရိပေါ်ကိုရှောင်ကျန့် အားရပါးရရယ်မိလေသည်။

ဒီကလေး ကြည့်တော့သာ ဆရာကြီးဆိုဒ်နဲ့ ကလေးလေးပါပဲကွာ..

မနေနိုင်မထိုင်နိုင်နဲ့ ရိပေါ် ခေါင်းကိုသွားထိုးဆွမိလေသည်။

ဝါး မိုက်လိုက်တာ.. ဆံပင်လေးက ပျော့နေတာပဲ ပြီးတော့လည်း အညိုရောင်လေး ငါကတော့အရောင်ဆိုးချင်တာတောင် ကောင်းကင်မင်းက ဂတုံးတူံးပစ်မယ်ပြောလို့ ဒီတိုင်းငြိမ်နေရတယ်..

ဒုံးး

သူ့ခေါင်းကို ရုတ်တရက်လာထိသော အထိအတွေ့ကြောင့် ရိပေါ်လန့်သွားကာ ထိုင်နေရာမှ အလန့်တကြားထလိုက်သည်။

ထိုင်ခုံရှိတဲ့နေရာကိုပဲ ဆက်တိုက် စိုက်ကြည့်နေသည်။

ဒီကလေး ပုံစံကသာ နို့နံ့မစင်တဲ့ပုံစံလေးနဲ့ မျက်လုံးမျက်စံက အစ သြဇာညောင်းလောက်သည်။

"ကဲ အားလုံးပဲ စာအုပ်ထုတ်ကြတော့ "

ဆရာမဝင်လာတာကြောင့် ရိပေါ် စူးစူးစိူက်စိုက်ကြည့်နေတာတွေ ရပ်လိုက်ပြီး ခုံမှာနေရာတကျထိုင်လိုက်သည်။

ရှောင်ကျန့်ထိုင်နေသောခုံအား ယူထိုင်ထားတဲ့ခုံပိုင်ရှင်ကပြန်လာပြီး ဆွဲယူလိုက်သည်။

"လူလိုနားမလည်ဘူးလား. ဒီမှာထိုင်နေတာကို "

ထိုစကားသံတွေကို ရိပေါ်နားထဲ ပလုံးပထွေးကြားနေရတယ်.. ဘယ်ကလာတဲ့အသံတွေမှန်းမသိတာကြောင့်လည်း စိတ်အနှောင့်အယှက်ဖြစ်ရသည်။

Dark Love 's Prince (Completed) (Zhanyi)Kde žijí příběhy. Začni objevovat