အပိုင်း ၆ (အပိုင္း ၆ )

4.1K 400 5
                                    

"လင်း ဘာတွေလုပ်နေတာလဲ ''

ရှီးချန် စကားကြောင့် မုန့်ယောငိ အနောက်ကိုလှည့်ကြည့်လိုက်သည်။ ဒီနေ့ ပုံမှန်လိုပဲ ရှီးချန် သူဝမ်းနည်းနေသည်ကို ခံစားမိလို့ပဲရောက်လာတာပဲလား။

"ရှောင်ကျန့်အကြောင်းကို စဥ်းစားနေတာပါ ၊ မုန့်ယောင် သူရဲ့စိတ်ဒဏ်ရာကို သိရဲ့သားနဲ့အပြစ်ပေးတါ လွန်သွားလားလို့ပါ''

"ဘာမှတော့မဖြစ်လောက်ပါဘူး ။ ရှောင်နတ်ဘုရားက စဥ်းစားဆင်ခြင်နိုင်စွမ်းရှိပါတယ် ။ တခုခုကြောင့် ချစ်မိသွားရင် နတ်ဘုရားဘဝကနေ နုတ်ထွက်ရမယ်ဆိုတာ သိမှာပါ။ ''

"ရှောင်ကျန့်က အဲ့လူသားလေးကိုကာကွယ်ပေးမယ်ဆိုရင်ရော ၊ ကောင်လေးကိုကြည့်ရတာ ဟန်ကုမ်းကျွင်းနဲ့တကယ်တူတာ ။သူ့စိတ်တွေပြန်လည်လာပြီးတော့.... ''

ရှီးချန် ကန်ရေပြင်ကို မျက်နှာမူပြီးစကားပြောနေရာကနေ မုန့်ယောင်ဘက်ကို လှည့်လိုက်သည်။

"လန်ကျန့်က ကိုယ့်ညီပါ ၊ ကိုယ်မကာကွယ်ပေးနိုင်ခဲ့လို့ သူဒီလိုဖြစ်သွားရတာ ။ပြီးတော့ ရှောင်ကျန့်ရဲ့စိတ်ထဲမှာလဲ လန်ကျန့်ကလွဲဘယ်သူကိုမှထပ်ချစ်နိုင်မှာမဟုတ်တော့ဘူး ''

"ဘာဖြစ်လို့ အဲ့လိုအတတ်​ပြောနိုင်ရတာလဲ ရှီးချန် ''

"ကိုယ့်မျက်လုံးရဲ့ပုံရိပ်တွေထဲမှာ အဲ့ဒီနေ့ကအဖြစ်အပျက်တွေက ထင်ထင်ရှားရှားရှိနေသေးတယ် ''

စကားဆက်မပြောနိုင်တော့သော ရှီးချန်နဲ့ နှုတ်ခမ်းသားလေးဟာအနည်းငယ်တုန်ရီနေသလို။ မျက်လုံးမှ မျက်ရည်စလေးများကလည်း လဲ့နေသည်။

--လန်ကျန့် ၊ ဒီတစ်ခါ ဝေ့ရင်းထက်ပြီးပြသာနာရှာရင်ရော မင်းပြန်ရောက်လာပြီး တားဆီးပေးပါအုန်းလား ။ သူကတစ်လောကလုံးမှာ မင်းတစ်ယောက်တည်းရဲ့စကားကိုပဲ နာခံတာ။

: :::::::: :

တစ်ပတ်!

သူနဲ့ကျနော်နဲ့တွေ့တာ တစ်ပတ်တိတိရှိပြီ။ အဲ့ဒီတစ်ပတ်အတောအတွင်းဘယ်လောက်တောင် သည်းခံခဲ့ရလဲသိလား။ အား! ပြောရင်းနဲ့တောင် စိတ်တိုလာပြီ။ တစ်ခါလေး ကူညီပေး ရတာကို အဲ့နေ့ကနေ စပြီးကျနော်အိမ်မှာအကြောင်းမျိုးစုံပြပြီး အိပ်လိုက်တာ တစ်ပတ်ရှိပြီ။ အခုလဲ သူများအိမ်ကို သူ့အိမ်သူ့ယာလိုသဘောထားကာ ဟိုလှိမ့်လိုက် ဒီလှိမ့်လိုက်နဲ့ နေလေတယ်။ ကျောင်းပိတ်ရက်လဲ သူ့အိမ်မပြန် ။ အိမ်မရှိတဲ့အလေအလွင့်ကြနေတာပဲ။

Dark Love 's Prince (Completed) (Zhanyi)Where stories live. Discover now