အပိုင်း 12 (အပိုင္း 12)

3.4K 326 11
                                    

လွန်ခဲ့သော နှစ်ရာစုပေါင်းများစွာက

အချစ်ရာဇဝင်သည်

ယခုတိုင် လူတိုင်း၏မှတ်ဉာဏ်ထဲတွင်

မရိုးစွာသစ်လွင်နေဆဲ  ....။

အပိုင်း 12

လန်ဝမ်ကျီးကို ပြစ်ဒဏ်ပေးပြီးတဲ့နောက်မှာ ဝေ့ရင်းဟာ သူ့အဆောင်ထဲလွဲကျန်တဲ့နေရာမသွားတော့...အဆောင်အနောက်ဘက်မှာရှိတဲ့ ကြာပန်းကန်မှာ သူတို့နှစ်ယောက်ရဲ့အမှတ်တရတွေကိုတေးသွားလေးတွေကိုတီးခတ်ကာ  မျက်ရည်ဝဲနေမိသည်။

နျဲ့ဟိုက်စန်း - ဝေ့နတ်ဘုရား ကျွန်တော်စားစရာတွေယူလာတယ်... ကျွန်တော်နဲ့ဝမ်နင်တို့ ငါးတွေကင်လာတယ်..လာစားပါအုန်းလား

ဝမ်နင် -ဝေ့ရင်းရာ လာပါကွာ..မင်းအဲ့လိုဖြစ်နေတော့ငါတို့လဲဝမ်းနည်းတာပေါ့ကွာ

ဝေ့ရင်းထိုင်နေတဲ့နေရာကနေ ထပြီးအဆောင်အပြင်ကို အပြေးထွက်လာသည်။

"ဘယ်သွားမလို့လဲ ဝေ့ရင်း''

လောတကြီးအပြင်ထွက်ဖို့ပြင်နေတဲ့ဝေ့ရင်းရဲ့လက်မောင်းကိုကိုင်ဆွဲလိုက်သည်။

"ငါ..ငါ..ငါပြသနာသွားရှာမလို့''

တုန်ရီနေတဲ့သူအသံမှာ ဝမ်းနည်းမှုတွေအပြည့်...လန်ကျန့်ကိုစီရင်ချက်ချလိုက်သောနေ့မှစ၍ အိပ်ထားဟန်မရှိသော မျက်လုံးများကချိုင့်ဝှက်နေပြီ...မျက်လုံးများကလည်းနီနေပြီ..သုံးလေးရက်အတွင်းမှာအတော့်ကိုပိန်သွားသော ကိူယ်ကို ဝမ်နင်နဲ့ဟိုက်စန်း နှစ်ယောက်ပေါင်းကာဖက်ထားမိသည်..သူတို့ရဲ့နှစ်သိမ့်မှုတွေနဲ့ ဝေ့ရင်းရဲ့နာကျင်မှူတွေသက်သာပါစေရဲ့...။

"သူပြန်လာလိမ့်မယ်...ငါပြသနာရှာလိုက်ရင် သူကငါ့ကိုကာကွယ်ဖို့အတွက်ပြန်လာမှာ..''

ဝေ့ရင်းဖက်ထားခံရာကနေ ရုန်းလိုက်သည်။

"ဝမ်နင် ၊ ဟိုက်စန်း.. ငါအဲ့ဒီငါးကင်တွေမစားချင်ဘူး..ဒီအဆောင်မှာလည်းငါမနေချင်ဘူး..ငါနတ်ဘုရားမဖြစ်လဲရတယ်..ငါကိူယ့်ငါဖောက်ခွဲလိုက်မယ်..ပြီးရင်လန်ကျန့်ရှိရာကို ငါလိုက်သွားမယ်''

Dark Love 's Prince (Completed) (Zhanyi)Where stories live. Discover now