အပိုင်း 15(အပိုင္း 15)

2.7K 267 2
                                    

ကမ်းခြေအနီးတစ်ဝိုက်မှာ ရိပေါ်ကို လိုက်ရှာသည်။ ရေးထားတဲ့စာမှာ ဘောပင်နဲ့ရေးထားမျိုးမဟုတ်ပဲ ရှေးသုံးမင်ရည်တစ်မျိူးရေးထားပြီး မင်ကလည်းသိပ်မခြောက်သေးပေ။ ဒါကြောင့် ဒီအနီးတစ်ဝိုက်မှာရှိနေအုန်းမယ်ဆိုတာ သေချာသည်။ ဟိုနားဒီနား ရိပေါ်နာမည်ကိုအော်ခေါ်ကာ လိုက်ရှာနေမိသည်။

"ရိပေါ်! !!!! ကလေး!!! ဝမ်ရိပေါ်! !!! ""

ကောင်းကင်မှာလည်း မနက်စောစောသာရှိအုန်းမည်ဖြစ်သော်လည်း တိမ်ညိုတို့မှာရုတ်ချည်းဆိုက်ရောက်လာပေသည်။ လှိုင်းလုံးတွေကလည်း ပြင်းထန်လာသည်။ မြောက်လေမှာလည်း တဖြည်းဖြည်းနှင့်ပြင်းထန်လာပြီ။ မုန်တိုင်းကျတော့မည်အသွင်ဖြစ်နေသည်။ ကမ်းခြေမှာ အစောက ဆော့ကစားနေကြသော သူများမှာလည်း မုန်တိုင်းလာမည်ဆိုးသောကြောင့် အခန်းထဲကို ပြန်ဝင်သွားကြလေပြီ။

ရိပေါ် နာမည်ကိုအာခေါင်နာတဲ့အထိအော်ခေါ်ပြီး ချောင်ကျသောနေရာတွေပါမကျန် အကုန်လိုက်ရှာသည်။ ဟိုတယ်ရဲ့စတိုခန်း ၊ ဟိုတယ်ရဲ့အနောက်ခြမ်း ၊ အုန်းပင်တွေရှိသောနေရာတွေအထိ လိုက်ရှာသည်။ သေချာပေါက် ဒီနားမှာပင် ရှိအုန်းမည်။ ရိပေါ်မှာ လူသားတစ်ယောက်ဖြစ်သောကြောင့် ကောင်းကင်ကိုခေါ်သွားလို့မရချေ။ အဲ့ဒါအပြင်ကိုမှ နတ်ဘုရားများသည် လူ့ပြည်မှာနေသောနတ်ဘုရားမဟုတ်လျှင် လူအဝတ် ဝတ်လို့မရချေ။ အဲ့ဒါကြောင့် လူများပြီးဝေးတဲ့နေရာကိုတော့ မခေါ်သွားလောက်သေး။အခြေအနေတစ်ခုကို ရှောင်းကျန့်သတိထားမိသွားသည်။

"ကျင်းကွမ်းယောင်..!! မင်းကို ငါတွေ့ရင် အသေ သတ်ပစ်မယ်.. နောက်တစ်ခါလာမထိနဲ့လို့ပြောထားတယ်လေ..မင်းမှာ အမှတ်မရှိဘူးလား! !!! "

ထင်ထားသလိုပင် သူ့နောက်ကနေ ကျင်းကွမ်းယောင်ရဲ့ရယ်သံထွက်လာသည်။လူသားတစ်ယောက်ကို ကောင်းကင်ဘုံကိုလည်းခေါ်သွားမရ ၊ အခြားနေရာအဝေးကိုလည်းသွားမရလျှင် နည်းတစ်ခုရှိသည်။ ကိုယ်ယောင်ဖျောက်ထားခြင်းပါပင်။ သူဒီလောက်အော်ခေါ်ပြီး ဘာကိုမှမတွေ့ရခြင်းမှာ ကျင်းကွမ်းယောင်သည် ကိုယ်ယောင်ဖျောက်ထားပြီး သူ့နောက်မှာတစ်ချိန်လုံးရပ်နေသောကြောင့်ပင်။

Dark Love 's Prince (Completed) (Zhanyi)Where stories live. Discover now