အပိုင်း 14 (အပိုင္း 14)

2.8K 261 2
                                    

ကြက်သွေးရောင်သန်းနေတဲ့နေလုံးနှင့်အပြိုင် စင်ယော်ငှက်တို့ဟာ အတူယှဥ်၍ပျံသန်းနေကြသည်။ အချိန်အားဖြင့် နေဝင်ချိန်ပင်ကျော်လွန်နေသော်လဲ ကမ်းခြေမှာ ဆော့ကစားနေသူများမှာ ကိုယ့်အခန်းကို ပြန်ဖို့ရာစိတ်ကူးပင်မရှိကြပုံပေါ်သည်။

နေ့ချင်းပြန်ခရီးဖြစ်တာကြောင့် သူငယ်ချင်းများမှာ ပြန်သွားကြပြီဖြစ်သော်လည်း ချစ်ရသူမှာ အခုထိပြန်နိုးမလာသေးတာကြောင်​့ အခန်းအလွတ်ကို တစ်ညငှားလိုက်ပြီး ချစ်ရသူအား အဖျားမတတ်စေရန် ရေစိုအဝတ်လေးကို နဖူးပေါ်အားတင်ထားသည်။

"နိုးလာပါတော့ ရှောင်ကျန့်ရယ် ''ဟုသည့် စကားကို လက်လေးတစ်ဖက်အား ဆုပ်ကိုင်ထားကာ အကြိမ်ကြိမ် ပြော​ဖြစ်သည်။

နေဝင်ဆည်းဆာဟာ တဖြည်းဖြည်းပျောက်ကွယ်လုနီးပါး။ လူတစ်ချို့ကတော့ တီးဝိုင်းများဖြင့် ဖျော်ဖြေနေကြသေးသည်။ အဲ့ဒီလူတွေကို ပြတင်းပေါက်မှကြည့်ကာ ကြံကြံဖန်ဖန်ပျော်တတ်တဲ့ လူတွေဟု ရိပေါ်ထင်ကြေးပေးမိသည်။

"ဧည့်သည်.. ညစာလာပို့ပါတယ်''

တံခါးခေါက်သံနှင့်အညီ အပြင်က ဝိတ်တာလေးရဲ့စကားသံကြောင့် တံခါးနားကိုလျှောက်သွားလိုက်သည်။ တံခါးဖွင့်ပေးလိုက်ပြီး စားစရာအချို့ကိုယူလိုက်သည်။ များများစားစားတော့မဟုတ်..ရှောင်ကျန့်နိုးလာရင်စားဖို့အတွက် ဆန်ပြုတ်ပဲ ဖြစ်သည်။

"ရိပေါ်.....''

တိုးညှင်းလှတဲ့အသံဖြစ်သော်လည်း နားထဲသို့ ဝင်လာပါသည်။ စားပွဲပေါ်လေးမှာ စားစရာတွေပြင်နေတဲ့ ရိပေါ်သည် ကုတင်နားလေးလာထိုင်သည်။

"အဆင်ပြေရဲ့လား...ရှောင်ကျန့်.. မင်းရဲ့နဖူးမှာချွေးတွေအများကြီးပဲ''

နဖူးပေါ်က ချွေးလေးတွေကို အကျီလက်ဖျားလေးနဲ့သုတ်ပေးရင်း နူးညံ့တဲ့အသံလေးနှင့် ပြောလာသည်။

ကုတင်ပေါ်ကို ကိုယ်တစ်ဖက်စောင်းထိုင်နေတဲ့ ရိပေါ်ကို လက်လေးနှစ်ဖက် ဆန့်ကာ လှမ်းခေါ်လိုက်သည်။

ချစ်ရသူသည်.. အလိုက်တသိပင် ကျွန်တော့်ရင်ခွင်ထဲကို တုံ့ဆိုင်းခြင်းမရှ်ိ ပြေးဝင်လာသည်။

Dark Love 's Prince (Completed) (Zhanyi)Where stories live. Discover now