အပိုင်း ၁ (အပိုင္း ၁ )

8K 571 11
                                    

သူ့အိမ်ကို နတ်ဘုရားတွေလာလေ့ရှိတာကြောင့် ရှောင်ကျန့်အိမ်ကိုမြို့ပြင်မှာဝယ်ထားသည်။

သူက တစ်နေရာနဲ့တစ်နေရာကို အလွယ်တကူ သွားလို့ရနိုင်တဲ့ ကိုယ်ပျောက်စွမ်းအားရှိတာကြောင့် သွားရလာရတော့သိပ်မခက်.. ။

ပုံမှန်အချိန်တွေမှာ ရှောင်ကျန့်သည် ဆံပင်တိုတိုလေးနဲ့ ကောင်လေးချောချောလေး ပုံစံပြောင်းထားသော်လည်း အိပ်နေချိန်နဲ့သူရဲ့စွမ်းအားတွေပိတ်လိုက်တဲ့အချိန်ဆို နတ်ဘုရားအသွင်ပြောင်းသွားသည်။

ဆံပင်ရှည်ရှည်လေးနဲ့ စိုစွတ်တဲ့နှုတ်ခမ်းရှိသူ ရှောင်ကျန့်ဟာ နတ်ဘုရားလို့ မပြောပဲနဲ့တောင် သိနိုင်တဲ့သူဖြစ်သည်။

ဆံပင်ရှည်ရှည်လေးနဲ့ စိုစွတ်တဲ့နှုတ်ခမ်းရှိသူ ရှောင်ကျန့်ဟာ နတ်ဘုရားလို့ မပြောပဲနဲ့တောင် သိနိုင်တဲ့သူဖြစ်သည်။

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

အိမ်ရှိပြတင်းပေါက်ရဲ့အပြင်မှာ ဆိုးဆိုးရွားရွား ကျီးအာသံကြောင့် ဝမ်နင်ရောက်လာပြီဆိုတာ ရှောင်ကျန့်သိလိုက်ပြီ.။ သိနေတာတောင် ဂရုမစိုက်ပဲ ပြန်အိပ်လိုက်သည်။

သူ့ဘာသာသူ အာနေတာ
မောရင် ပိတ်သွားလိမ့်မယ်. ။
အိပ်ရေးတော့အပျက်မခံနိုင်ဘူး

ဝမ်နင်တစ်ယောက် ဒေါသထွက်လာသည်
သူကိုမြင်တာတောင်ပြန်အိပ်သွားတဲ့ ကောင်ကိုလေးမြားတွေသုံးပြီးပစ်လိုက်ချင်သည်။

"တွေ့မယ် ငါ့ကိုမသိချင်ယောင်ဆောင်တဲ့ကောင် "

အိမ်ရှေ့တံခါးမှာ ကျီးကနေ လူအသွင်ပြောင်းကာ အိမ်ထဲဝင်လိုက်သည်။

နတ်ဘုရားတွေက ဘာလို့ သူ့အိမ်လာရင် မနက်အစောကြီးပဲလာကြလဲလို့ ရှောင်ကျန့် တွေးမိသည်။

သူတို့လာတိုင်း ထပြီး တံခါးဖွင့်ပေးရတာ အိပ်ရေးပျက်လို့ တံခါးကိုဖျက်ပစ်လိုက်ပြီး ဒီတိုင်း ပဲထားထားသည်။

Dark Love 's Prince (Completed) (Zhanyi)Where stories live. Discover now