အပိုင်း 10(အပိုင္း 10)

3.4K 360 10
                                    

"လာ ငါ့အိမ်ကိုမင်းတစ်ခါမှမရောက်ဖူးဘူးမလား.. အပြင်ထွက်ကြည့်''

ရှောင်ကျန့်လက်ဆွဲခေါ်သွားတဲ့နောက်ကို ရိပေါ်အသာတကြည်လိုက်ခဲ့သည်။ ထူးတော့ထူးဆန်းတယ်..သူ့အိမ်နားမှာဘယ်အိမ်မှာမရှိ..။အပင်တွေအုပ်ဆိုင်းနေတဲ့တောအုပ်လိုနေရာမျိုးသာရှိသည်။

"မြို့ပြင်မှာဆိုတော့ သိပ်ပြီးတော့နေတဲ့သူမရှိဘူး''

ရိပေါ်ခေါင်းလေးငြိမ့်ပြီးထောက်ခံလိုက်သည်။ တောအုပ်လေးလိုနေရာမျိူးမှာ အပင်ကြီးတွေအများကြီးရှိတယ်။ အုပ်အုပ်ဆိုင်းဆိုင်းနဲ့အရမ်းလှသည်။ ပုံပြင်တွေထဲကနေရာမျိုးကိုရောက်သွားသလိုခံစားရသည်။

"လှလိုက်တာ မင်းနေတဲ့နေရာလေးက..လူတွေနဲ့ဝေးပြီး လွတ်လပ်မှုရှိသလိုခံစားရတယ်''

ရိပေါ်မကြိုက်မှာဆိုးလို့ စိတ်ပူနေပေမဲ့ အခုလိုပြောလာတော့ ရှောင်ကျန့် စိတ်သက်သာရာရသွားသည်။ ရိပေါ်လက်လေးကို မလွှတ်စမ်းဆုပ်ကိုင်ထားရင်း တောအုပ်လေးထဲလမ်းလျှောက်နေကြရင်း စကားစမြည်ပြောကြသည်။ လမ်းပျောက်မှာတော့မပူရ..ဒီတောအုပ်ကို ရှောင်ကျန့် ကိုယ်တိုင်ဖန်ဆင်းထားတာကြောင့် ဖြစ်သည်။

"ဒီနားမှာခဏလောက်ထိုင်ရအောင်.. ''

ရိပေါ်ရဲ့စကားကိုသဘောတူလိုက်ကာ အရိပ်ကောင်းတဲ့သစ်ပင်တစ်ပင်အောက်မှာထိုင်လိုက်သည်။ ရှောင်ကျန့် ပခုံးပေါ်ကို ရိပေါ်ခေါင်းလေးမှီလာသည်။ ဆုပ်ကိုင်ထားတဲ့လက်တွေကို အခုထိမဖြည်ရသေး..ပိုလို့တင်းကြပ်စွာဆုပ်ကိုင်ထားသည်။

"မင်းငါ့ကိုနမ်းတိုင်း ခက်ခဲနေတယ်မလား''

ရှောင်ကျန့် ပြောစရာစကားပျောက်သွားရသည်။ ဟုတ်တယ်လို့လည်းမပြောချင်..တော်ကြာသူ့ကိုတကယ်မချစ်ဘူးလို့ထင်သွားမှာစိုးရိမ်သည်။ ချစ်တယ်..ချစ်လို့လည်း အကြိမ်ကြိမ် သူ့နှုတ်ခမ်းပါးတွေကိုနမ်းရှိုက်ဖို့ကြိုးစားတယ်... ဒါပေမဲ့..ဒါပေမဲ့..

"မင်းဘက်စနမ်းလို့မရရင် ငါ့ဘက်ကစလို့ရောရလား''

ရှောင်ကျန့်အတွေးစတို့ပျက်တောက်သွားရသည်။ စနမ်းမယ်..ရိပေါ်ကသူ့ကိုနမ်းမယ်တဲ့လား..ပြသနာမရှိရင်တော့ ရိပေါ်အနမ်းကိုသူလက်ခံချင်ပါသည်..သူလည်းတကယ်လိုချင်ခဲ့တာမလားလေ..။

Dark Love 's Prince (Completed) (Zhanyi)Où les histoires vivent. Découvrez maintenant