Zawgyi
ရီပေါ် ထွက်သွားတဲ့ကျောပြင်ကျယ်ကြီးကိုကြည့်ပြီး ဘယ်တော့မှ ပြန်ဆုံခွင့်မရနိုင်တော့မဲ့ ခံစားချက်မျိုးကြီးရင်ဘတ်ထဲဝင်ရောက်လာတယ်။
ပါးပြင်မှာ အဆက်မပြတ်ကျဆင်းနေတဲ့ မျက်ရည်တွေကို သုတ်လိုက်ရင်း ကုတင်ပေါ်ထိုင်ချလိုက်တယ်။မဖြစ်နိုင်ပါဘူး ။ကျနော် သူ့ကိုနှင်ထုတ်ခဲ့တာ အချိန်တိုင်းပဲဟာ ။သူတကယ်ထွက်သွားမှာမဖြစ်နိုင်ဘူး။ အရင်တုန်းကလိုပဲ သူ့သူငယ်ချင်းတွေနဲ့ သွားတွေ့တာနေမှာ...။
ကျနော်ညာခဲ့မိတယ် ရှောင်ကျန့် ။ ကျနော်ခင်များကိုနာကျည်းတယ်လို့ ညာပြောခဲ့မိတယ်။ ကျနော်ခင်များကိုမုန်းတီးတာပဲရှိခဲ့တာ ဘယ်တုန်းကမှမနာကြည်းခဲ့ဖူးဘူး။ကျနော့်ပါးစပ်ကထွက်သမျှစကားတွေကို အတည်မယူဘဲနဲ့ ကျနော့်စိတ်ရင်းအမှန်ကိုခင်များမြင်ပေးပါ။
ခင်များ ကျနော့်နားကမထွက်သွားလောက်ပါဘူးနော်။အရင်လို ညနေရောက်တာနဲ့ပြန်လာပေးမယ်မလား။
တုန်ယင်နေတဲ့လက်အစုံက ဂယောက်ဂယက်ဖြစ်နေတဲ့အတွေးတွေကို ကိုယ်စားပြုနေလျက်။
ကျနော်ဘာတွေတွေးနေမိတာလဲ။ကျနော် သူ့ကိုထွက်သွားစေချင်တာဆိုရင် ခုချိန်သူတကယ်ထွက်သွားဖို့မျှော်လင့်နေရမှာမဟုတ်ဘူးလား။ဘာလို့ ကျနော် သူ့ကိုထွက်မသွားစေချင်ရတာလဲ။
ရီပေါ် ရှုပ်ထွေးလာတဲ့ခံစားချက်အဖုံဖုံနောက် ဝေဖန်နိုင်ခြင်းမရှိတော့၍ ကျောပိုးအိတ်ကိုလွယ်ကာ ကျောင်းကိုထွက်လာလိုက်တော့သည်။
ခင်များကမုန်းဖို့ကောင်းတယ် ရှောင်ကျန့်။
..............................
"လုယွင် "
"အာ ရီပေါ် ရောက်လာပြီလား "
အနားကိုရောက်လာကာ မေးတဲ့လုယွင်ကိုအသာခေါင်းငြိမ့်ပြလိုက်သည်။
"ရီပေါ် မင်းနေမကောင်းဘူးလား မျက်ခွံတွေနဲနဲဖောင်းနေတယ် ငိုထားတာလား..."
"မ မငိုပါဘူး..."
ရီပေါ် ဆို့နင်နေဆဲရင်ဘတ်အစုံကိုလျစ်လျူ ရှုရင်း လုယွင်ကိုဖြေလိုက်မိသည်။
YOU ARE READING
love create u and me
Fanfictionအမုန်းတွေရဲ့အဆုံးသတ်မှာ လှပတဲ့ ချစ်ခြင်းတရားကိုတွေ့ရှိနိုင်တယ်