Zawgyi
Love create u and me (72)
Bonus chapter(1)
ရုံးပိတ်ရက်ရှည်ရောက်တော့မှပဲ တချိန်လုံးကုမ္ပဏီအလုပ်တွေပိနေခဲ့တဲ့ရှောင်ကျန့်ခမျာ အိမ်ကမိသားစုနဲ့အေးဆေးအနားယူဖို့အတွက် အိမ်ကိုပျော်ရွှင်စွာပြန်လာတယ်။
ဒီရက်ပိုင်းထဲ ရှယ်ယာရှင်အသစ်တွေနဲ့လက်မှတ်ထိုးတဲ့ကိစ္စတွေရော လုပ်ငန်းသစ်တိုးချဲ့တဲ့စီမံကိန်းတွေရော ရှုပ်ယှက်ခတ်နေခဲ့၍ အသက်တောင်ဖြောင့်ဖြောင့်မရှုခဲ့ရပေ။ လူတွေနဲ့ရောရောထွေးထွေးမနေတတ်သော ကျနော့်အတွက်တော့ အဆင်မပြေတာထက်ကိုဆိုးသည်။
အိမ်ကဆည်းလည်းလေးနှစ်ခုနဲ့ အချိန်မဖြုန်းရသည်မှာလည်း တစ်လနီးပါးပင်ကြာရောပေါ့။ အိမ်ထဲကိုဝင်လာတာနဲ့ မျက်လုံးတွေက ထိုအမွှေစိန်လေးနှစ်ယောက်ကို ဝေ့ဝဲရှာနေလျက်။
"ကျန့်ကျန့် ပြန်လာပြီလား ကြည့်ပါဦး ဒီရက်ပိုင်း ငါ့သားကြီးပိန်သွားလိုက်တာ"
ဧည့်ခန်းထဲမှာ သတင်းစာထိုင်ဖတ်နေတဲ့အဖေက အနားကိုလာပြီး ဆံပင်တွေကိုသပ်ပေးကာ လက်ထဲကအိတ်ကိုလဲ အလိုက်တသိယူပေးတယ်။ အစည်းအရုံးကောင်းတဲ့ရီပေါ်ရဲ့ကောင်းမှုကြောင့် အဖေတို့က ရှောင်ကျန့်အပေါ် အရင်ကထက် တယုတယပြုမူလာသည်။
"အလုပ်တွေအကုန်အပြီးသတ်နေလို့ပါ စိတ်မပူပါနဲ့ အဖေ"
ရှောင်ကျန့်အနေနဲ့ ဒီဂရုစိုက်မှုတွေက အချိန်လွန်လာမှရလာခဲ့သော်လည်း ဘယ်လိုမှတန်ဖိုးမဖြတ်နိုင်အောင် အဖိုးတန်လှပါသည်။ လူမှန်းသိတတ်စအရွယ်တည်းက တောင့်တခဲ့ရတဲ့ မေတ္တာတရားတွေမဟုတ်လား။
အခုဆို ရီပေါ်ပြောခဲ့ဖူးသလိုပဲ ရှောင်ကျန့် မိဘတွေနဲ့ပတ်သက်ပြီး အနာဂတ်မှာနောင်တရစရာကိစ္စမျိုးမရှိလာနိုင်တော့ဘူး။
ကျနော့်အတွက် ရီပေါ်ဆိုတဲ့ကလေးလေးက အဖိုးမဖြတ်နိုင်တဲ့ အရာလေး။
ကျနော့်ဘဝထဲကိုသာ ရီပေါ်မရောက်လာခဲ့ရင် အခုချိန်ထိ မိဘတွေနဲ့ပြေလည်မှုရနိုင်ဦးမှာမဟုတ်သလို လူတစ်ယောက်ကိုချစ်ရတာ ဘယ်လောက်စိတ်ချမ်းသာဖို့ကောင်းလဲဆိုတာကိုရော သိခွင့်ရမှာမဟုတ်ဘူး။ သာယာပျော်ရွင်ဖို့ကောင်းတဲ့ မိသားစုဘဝဆိုရင် ဝေလာဝေးပဲ။အခုတော့ ကျနော့်ဘဝက အလင်းရောင်လေးနှစ်ခုကြောင့် အတောက်ပဆုံးဖြစ်နေခဲ့ပြီ။
VOCÊ ESTÁ LENDO
love create u and me
Fanficအမုန်းတွေရဲ့အဆုံးသတ်မှာ လှပတဲ့ ချစ်ခြင်းတရားကိုတွေ့ရှိနိုင်တယ်