Love create u and me(39)

11.4K 1K 32
                                    

Zawgyi

Love create u and me (39)

"ဘာကြီးလဲ...."

တအံ့တသြကြည့်ရင်း မေးလာတဲ့ရှောင်ကျန့်ကြောင့်ရီပေါ်အခန်းထဲမှာတည်းကကျကျန်ခဲ့တဲ့ယုံကြည်မှုတွေ ပျောက်ခြင်းမလှပျောက်သွားတယ်။

တကယ်တော့ ဘာကြီးမှန်းကိုယ့်ကိုကိုယ်တောင်မသိဘူး။ဒီအတိုင်း ကျောင်းကပွဲတုန်းက ဒါကြီးကပြီးဝတ်ရမယ်ဆိုလို့ ဒါကြီးဝတ်ပြီးမကချင်ဘူးဆိုပြီးအပြတ်ငြင်းပြီး ချောင်ထိုးထားခဲ့တာ။

ခုတော့ ဗိုက်ပူနေတာကြီးမသိသာစေချင်လို့ ချောင်ထဲကဟာကြီးကောက်ဝတ်လာခဲ့တာပေါ့။နဂိုတည်းက ဒီဝတ်စုံကြီးနဲ့လူကြားထဲသွားဖို့ မနဲစိတ်ကိုတင်းထားရတာကို သူကပါအထူးအဆန်းတွေလုပ်ပြနေတော့ ရီပေါ်လုံးဝမနေတတ်တော့။

"ခင်များ မျက်နှာပေါ်ကမျက်လုံးကြီးပိတ်ထားတော့ဗျာ..."

တကိုယ်လုံးချွေးထုတ်ခန်းထဲရောက်နေသလို ပူထူလာတာကြောင့် ရီပေါ်ပြောလိုက်တယ်။လက်ကောက်ဝတ်ကသွေးကြောစိမ်းလေးတွေပါနီရဲလာပြီဆိုကတည်းက မျက်နှာဆိုရင်ခရမ်းချဉ်သီးအဖေခေါ်ရလောက်အောင် နီရဲနေပြီဆိုတာ မှန်မကြည့်လဲသိသည်။

အစိမ်းတွေကြားမှာ အနီရောင်လေးဖြစ်နေတာကိုဘာအသီးလို့ခေါ်နိုင်လဲ။အင်း ဖရဲသီး...။
ကျနော့်ရှေ့ကကောင်လေးက အခုဖရဲသီးဖြစ်နေပြီ အစိမ်းရောင်ရုပ်ကြီးထဲမှာ တသီးတခြားပေါ်နေတဲ့မျက်နှာလေးက စိန်ပန်းလေးတွေကျနေရော ရဲတွတ်နေလေရဲ့။

"Hak....."

နှစ်ဆယ့်ငါးနှစ်အတွင်းမှာ တခါမှမဖြစ်ဖူးတဲ့အံ့သြမှုကြီးကိုကြုံရပြီးနောက် ရယ်ချင်စိတ်တွေကအတောမသတ်နိုင်အောင် ထိန်းမရဖြစ်လာတယ်။

"Haha...."

"ခင်များ... ဘာလို့ရယ်နေတာလဲ....မရယ်နဲ့...."

အံတကြိတ်ကြိတ်နဲ့ မကျေမနပ်ပြောလာတဲ့ကောင်လေးကြောင့် မျက်နှာပိုးကိုသတ်ပေမဲ့ ဘယ်လိုမှထိန်းလို့မရ။ကျနော့်အတွက် ပထမဦးဆုံး အရယ်သန်မိတာပဲ။

"အဟမ်း.....မင်းပုံစံကအရမ်းရယ်ရ....ဟားဟား..."

တကယ်တော့ရယ်ရတာမဟုတ်ဘူး။ဆွဲကိုင်လှုပ်ချင်စရာကောင်းလောက်အောင်ချစ်ဖို့ကောင်းနေတာ။ဒါပေမဲ့ သူ့ကိုချစ်တယ်တို့ ချစ်ဖို့ကောင်းတယ်တို့သွားပြောလိုက်ရင် သူကြိုက်မှာမဟုတ်ဘူး။

love create u and meWhere stories live. Discover now